By စိုင်းသာအောင်, Shweproperty.com
Updated at 28 June 2012
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် နိုင်ငံတကာအဆင့်မီ ဘောလုံး ကွင်းတည်ဆောက်မှု စီမံကိန်းနယ်မြေဝန်းကျင် ၇၃ လမ်း၊ သဇင်လမ်း နှင့် ငုရွှေဝါလမ်းကြားရှိ မြေဧက ၄ဝ ခန့်တွင် စိတ်ကြိုက်ဒီဇိုင်းရေး ဆွဲ၍ မြို့ပြဖွဲ့စည်းပုံဒီဇိုင်းများ ရေးဆွဲတင်ပြရန် မြို့တော် စည်ပင်သာယာရေးကော်မတီက လိုင်စင်ရဆောက်လုပ်ရေး ကန် ထရိုက်တာများကို ဇွန်လပထမပတ်အတွင်းက ဖိတ်ကြား၍ ဆွေးနွေးခဲ့သည်။
လုပ်ငန်းရှင် အင်ဂျာနီယာ ၃၄ ယင်းမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ အ စည်းအဝေးသို့ ကိုယ်တိုင်တက် ရောက်ခဲ့သူ ဗိသုကာ ပညာရှင် တစ်ဦး 7 Day News က ဆက်သွယ်မေးမြန်းရာ "ဇွန် ၅ ရက်က မန္တလေးမြို့မှာရှိတဲ့ ဆောက်လုပ် ရေး ဦးကို ဖိတ်ကြားတာ ၁၈ ဦးတက် ပါတယ်။ အစည်အဝေးတက်ရောက် တဲ့ ၁၈ ဦးထဲမှာ ၁၄ ဦးက စိတ် ဝင်စားပြီး ပါဝင်ဆောင်ရွက်ကြ ပါမယ်။ အဲဒီမြို့ပြဖွံ့ဖြိုးရေးဇုန်မှာ ကားပါကင် အဆင့်မြင့်ဟိုတယ် စူပါမားကက်၊ အဆင့်မြင့်လူနေ တိုက်ခန်း၊ ဈေး၊ ဆိုင်ခန်း၊ ရေကူးကန်၊ ပန်းခြံ၊ အပန်းဖြေနေရာများ ပါဝင်ပြီး မိမိစိတ်ကြိုက်လုပ်ချင်တဲ့ ဒီဇိုင်း တွေကို ဒီလ ၂၅ ရက်မှာ တင်ရမှာပါ'' ဟု ၎င်းက ဖြေကြား သည်။
အဆိုပါ စီမံကိန်းကို ၂ဝ၁၃ ဆီးဂိမ်း အားကစားပြိုင်ပွဲအမီ တည်ဆောက်ရမည်ဟု ညွန်ကြား ထားပြီး ဇွန်လ ၂၃ ရက်တွင် အစည်းအဝေးထပ်မံဖိတ်ကြားထား ကြောင်းသိရသည်။ မန္တလေးမြို့ ဆောက် လုပ်ငန်းရှင် အင်ဂျင်နီယာတစ်ဦးက ''ဒီနေရာမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာအဆင့်မီ ဘောလုံး ကွင်းကြီးလည်း တည်ဆောက်နေတယ်။ မန္တလေးမြို့သစ်နဲ့ မန္တလေး မြို့ဟောင်းတို့ရဲ့အကြား အလယ် ဗဟိုမှာရှိတော့ နေရာကတော့ တကယ့် ကောင်း တဲ့ နေရာပါ။ မန္တလေး မြို့ သိပ္ပံလမ်းမကြီးနဲ့ မနော်ဟရီ လမ်း မကြီး ကြား၊ မန္တလေး-ရန်ကုန် လမ်းမကြီးနဲ့လည်းနီးတော့ ဒီနေ ရာဟာ မန္တလေးမြို့ဖွံ့ဖြိုးမှုဇုန်အ ဖြစ် အဆောက်အအုံတွေ တည် ဆောက်ပြီးတာနဲ့ စည်ကား လာမှာပါ။ အဲဒီနားက မြေကွက်တွေကလည်း နိုင်ငံတကာအဆင့်မီဘောလုံးကွင်းကြီး တည်ဆောက်တာကို အကြောင်းပြုပြီး အရင်က ပေ ၄ဝx ပေ ၆ဝ မြေတစ်ကွက် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၄ဝဝ ခန့်ရှိရာ က အခုမြေတစ်ကွက်အနည်းဆုံး ကျပ်သိန်း ၅ဝဝ မှ ကျပ်သိန်း ၃,ဝဝဝ အထိ ရှိလာပါတယ်''ဟု ပြောသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties