By 7daydaily, Shweproperty.com
Updated at 16 March 2015
မန္တလေးမြို့တွင် စည် ပင်သာယာရေးကော်မတီ ခွင့်ပြု ချက်နှင့် ကိုက်ညီမှုမရှိဘဲ တည် ဆောက်ထားသော အဆောက် အအုံ ၅၀ ကျော်ကို အရေးယူ ဖျက်သိမ်းရန် သက်ဆိုင်သူများထံ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ မန္တလေးမြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်း ကော် မတီ၏ ခွင့်ပြုချက်များနှင့် ကိုက် ညီမှုမရှိသော အထပ်မြင့် ပိုမို ဆောက်လုပ်ခြင်း၊ ခွင့်ပြုပုံစံနှင့် ကွဲလွဲနေခြင်း၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဆောက်လုပ်ခြင်း စသည့် အဆောက်အအုံများကို စိစစ်အရေးယူခြင်း၊ ဖျက်သိမ်း ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူက ပြောသည်။ ‘‘ခွင့်ပြုချက်တင်တုန်းက တော့ သုံးထပ်၊ လေးထပ်စသဖြင့် တင်ကြတာပေါ့။ တကယ်ဆောက် တဲ့အချိန်မှာ ပိုဆောက်ကြတယ်။ ဒါတွေက ကာယကံရှင်တွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ သက်ဆိုင် ပါတယ်။ ကျွန်တော်တို့ကတော့ လိုက်လံစိစစ်ပြီး ခွင့်ပြုချက်နဲ့ မညီတာတွေကို အရေးယူတာ၊ ပြန်ပြီးဖျက်သိမ်းခိုင်းတာတွေ လုပ်နေပါတယ်’’ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီအတွင်းရေးမှူးဦးခင်မောင် တင်က ပြောသည်။ စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်နှင့် ကိုက်ညီမှုမရှိ ဆောက်လုပ်ထား၍ ပြန်လည် ဖျက်သိမ်းရန် အသိပေးအကြောင်း ကြားထားသည့် အဆောက်အအုံ ၅၀ ကျော်ထိရှိနေပြီး အများစုမှာ ချမ်းအေးသာစံမြို့နယ်အတွင်း ဖြစ်ကာ အချို့ကို စတင်ဖျက်သိမ်း နေပြီဟု ၎င်းကဆိုသည်။ စည်ပင်သာယာရေးကော် မတီက ခွင့်ပြုချက်နှင့် ကိုက်ညီမှု မရှိသော အဆောက်အအုံ ၅၀ ကျော်ရှိနေကြောင်း ပြောကြားထား သော်လည်း ယင်းထက်အရေအ တွက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးဒေသခံများက သုံးသပ် ကြသည်။ ‘‘အရင်က စည်ပင်ကဘာမှ သိပ်မစစ်ဘူးဗျ။ အဆောက်အအုံ ဆောက်တဲ့သူနဲ့ လာစစ်တဲ့စည် ပင်ဝန်ထမ်း အဆင်ပြေရင် ပြီး တာပဲ။ ထင်သလို လုပ်နေကြ တာ။ အခုဒီဘက်နှစ်ပိုင်းမှ စည် ပင်က နည်းနည်း တင်းကျပ်လာ တာ’’ဟု မန္တလေးမြို့ခံရှေ့နေ တစ်ဦးက ပြောသည်။ မန္တလေးစည်ပင်သည် လေး ထပ်အမြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုပြီး ယင်းအ ထက်မှ ၁၂ ထပ်အမြင့်ထိ အ ဆောက်အအုံများကို တိုင်းဒေသ ကြီး အထပ်မြင့်ကြီးကြပ်ရေးကော် မတီက ခွင့်ပြုကာ ယင်းထက်ပိုမို မြင့်မားသော အဆောက်အအုံကို ပြည်ထောင်စုအဆင့်က ခွင့်ပြု ခြင်းဖြစ်သည်ဟု ဆိုသည်။ မန္တလေးမြို့ နန်းတော်ကျုံး ဘေးပတ်လည်တွင် ငါးထပ်မြင့် နှင့်အထက် အဆောက်အအုံများ တည်ဆောက်ခြင်းမပြုရန် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ကန့်သတ်ထား သည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties