By Myanmar Builders Guide, Shweproperty.com
Updated at 21 May 2019
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အိမ်ခြံဝင်းများအရှေ့၌ ယာဉ်မရပ်ရဟူသော ဆိုင်ဘုတ်များ ချထားပါက အခွန်ပေးဆောင်ရတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုလိုက်သည်။ “ငါ့အိမ်ရှေ့ယာဉ်မရပ်ရ။ ယာဉ်အဝင်အထွက် ရှိသည်။
နေရာမျိုးတွေမှာ သူတို့ကိုအခွန်ဆောင်ခိုင်းမယ်။ အဲဒီမှာ မျဉ်းဝါနဲ့ ဆွဲခိုင်းမယ်။ ဒါတွေက နိုင်ငံတကာမှာ ရှိတဲ့ စံနှုန်းတွေပါ” ဟု ဒေါက်တာရဲလွင်ကပြောသည်။
ယာဉ်မရပ်ရဟူသော ဆိုင်ဘုတ်များအား မန္တလေးမြို့လမ်းမပေါ်ရှိ အိမ်ပိုင်ရှင်များက အများဆုံးထားရှိပြီး ယင်းလာရောက်ရပ်နားလျှင် ရပ်နားသူအား မချေမငံပြောခြင်း၊ မည့်သည့်အခွန်မျှ ပေးဆောင်ခြင်းမရှိဘဲ မိမိတို့ပိုင်သည့်ပုံစံမျိုး လုပ်ဆောင်နေခြင်းတို့ကြောင့် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လမ်းမတွေပေါ်မှာ ယာဉ်မရပ်ရဆိုပြီး ဆိုင်ဘုတ်အနီတွေနဲ့ ကပ်ထားတဲ့နေရာတွေ တော်တော်များတယ်၊ အဲဒီ နေရာမှာရပ်ရင် ပြဿနာလာရှာတဲ့အထိ ပြုလုပ်ကြတယ်၊ အခုလို လုပ်လိုက်တာကောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ် နေထိုင်သော ယာဉ်မောင်းကိုမျိုးသူ က ပြောသည်။ အခွန်ပေးဆောင်ရန်အတွက် နှုန်ထားများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရှိ သက်ဆိုင်သော ဌာနထံသို့ လာရောက် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင်း လမ်းမပေါ်ရှိ ဆိုင်ခန်းများအတွက်လည်း လမ်းပိတ်ဆို့မှုမရှိစေရန်အတွက် ကျူးကျော်များကို မေ ၂၁ ရက် နောက်ဆုံးထားရှိကာ ရှင်းလင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ လိုအပ်သောနေရာများကို သိရှိလျှင်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ အသိပေး ပြောကြားနိုင်ကြောင်းကို ဆက်လက်ပြောကြားခဲ့သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Witt Yee (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties