By Myanmar Builders Guide, Shweproperty.com
Updated at 21 February 2019
မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းပြီးစီးဖြစ်တာကြောင့် အမှန်တကယ်မြေယာအဆောက်အအုံပိုင်ဆိုင်တဲ့သူတွေကို ဂရန်ထုတ်ပေးခြင်းလုပ်ငန်းတွေနဲ့ ခရီးသွားပြည်သူများသွားလိုတဲ့နေရာတွေကို ဂျီပီအက်စ်စနစ်တပ်ဆင်ပေးထားတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။
Geographic Information System (GIS) အတွက် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို လေးလခန့်အချိန်ယူပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ရိုက်ကူးပြီးစီးခဲ့ပြီလို့ဆိုပါတယ်။
GIS စနစ်ဟာမန္တလေးမြို့ရဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်လမ်းကြောင်းအပါအဝင်လမ်းတွေ၊ ရေမြောင်းတွေအတွက် အနိမ့်အမြင့်အချက်အလက်တွေ၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းတွေ၊ ဖိုက်ဘာဆက်ကြောင်းတွေ၊ အမှိုက်သိမ်းဆည်းဖို့နေရာတွေနဲ့ အဆောက်အအုံဆိုင်ရာအချက်အလက်တွေကို ထည့်သွင်းသွားမှာဖြစ်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံကာမြို့ပြစီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်တာ၊ အခွန်အခကောက်ခံတာတွေဆောင်ရွက်သွားမယ်လို့သိရတယ်။
ကောင်းကင်ဓာတ်ပုံရိုက်ပြီးမြေပြင်မှာ စာရင်းကောက်တာတွေလုပ်တော့ နေထိုင်တဲ့ အဆောက်အအုံတွေကအစ စာရင်းမဝင် အင်းမဝင်တွေတွေ့ရတယ်၊ ဒါကြောင့် နောက်ပိုင်းမှာ စနစ်တကျနဲ့ ဂရန်ထုတ်ပေးရတာတွေ ဆက်လုပ်သွားမယ်၊ သူတို့ပိုင်ဆိုင်တဲ့ဂရန်တွေ ထုတ်ပေးမယ်၊ မှတ်တမ်းမှတ်ရာတွေပေးမယ်၊ နောက်တစ်ခုက မြို့ကို ကောင်းကင်က ရိုက်ထားတဲ့ မှတ်တမ်းနဲ့ သွင်းပြီးတော့ ခရီးသွားတွေ သူရှာချင်တဲံနေရာကို အလွယ်တကူရှာနိုင်အောင် အင်တာနက်နဲ့ရှာလို့ရတဲ့ စတစ်ဘက်ကိုပြင်ဆင်နေပါတယ်”လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဦးကျော်ဆန်းမြင့်ကပြောပါတယ်။
ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲံလေယာဉ်သုတေသနဌာနက ရိုက်ကူးပေးတာဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ ပျံတက်တဲံ မောင်းသူမဲ့ လေယာဉ်နှစ်စင်း၊ ထောင်လိုက်အတက်အဆင်းပြုနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်း၊ multicopter drone နှစ်စင်း၊ စုစုပေါင်းငါးစင်းနဲ့ နေရာအနေအထားပေါ်မူတည်ကာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရတယ်။
ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းကနေ ရရှိလာတဲံအချက်အလက်တွေနဲ့ မန္တလေးမြို့ရဲ့ မြေပုံထုတ်လုပ်တာ၊ အချက်အလက်တွေထည့်သွင်းတဲ့လုပ်ငန်းတွေကို Asia Air Survey ကုမ္ပဏီက ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties