By Kumudra, Shweproperty.com
Updated at 4 February 2019
မန္တလေးခရိုင်အတွင်းမှာ အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းတွေအပေါ် ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်မှုနှုန်းထား (ရာဖြတ်နှုန်းထား) စံနှုန်းချလိုက်တဲ့အတွက် အရင်က အရောင်းအဝယ်မဖြစ်တဲ့မြို့နယ်တွေက အိမ် ခြံမြေတွေမှာ အရောင်းအဝယ်တွေတက်လာတယ်လို့ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးအောင်စိုးနိုင်ဆီက သိရပါတယ်။
အခွန်စည်းကြပ်မှုနှုန်းထားလျှော့ချမှုတွေက ပျမ်းမျှဆိုရင် ၃၀ ရာခိုင်နှုန်းလောက်လျှော့ချတာဖြစ်တယ်လို့ သိရပါတယ်။ ချမ်းအေးသာစံမြို့နယ်မှာဆိုရင် ၅၀ ရာခိုင်နှုန်း၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မှာဆိုရင် ၂ဝရာခိုင်နှုန်းလောက်နဲ့ မဟာအောင်မြေမှာဆိုရင် ၃ဝရာခိုင်နှုန်းလောက်တစ်နေရာနဲ့ တစ်နေရာလျှော့ချမှုနှုန်းချင်း မတူဘူးလို့သိရပါတယ်။
အခွန်ဦးစီးဌာနမှူး ဦးအောင်စိုးနိုင်က 'များသောအားဖြင့်အရောင်းအဝယ်ဖြစ်တာ ပြည်ကြီးထက် ချမ်းမြဘက်က ပိုဖြစ်တယ်၊ အခုစံနှုန်းချလိုက်တော့ မဟာနဲ့ ချမ်းအေးကပါ အရောင်းအဝယ်တွေတက်လာတယ်၊ အရင်တုန်းကချမ်းအေးဘက်က စံနှုန်းကအရမ်းမြင့်တာကိုး၊ အရောင်းအဝယ်လဲ နည်းနည်းပါးတာပေါ့၊ စံနှုန်းအရမ်းများတော့ အခွန်တွေက တအားကျတဲ့အခါကျတော့ နည်းနည်းတော့ထိန်းနေတဲ့သဘောပေါ့၊ အခုနှုန်းတွေ ချပေးလိုက်တော့ မဟာလဲများ၊ ချမ်းအေးလဲများလာတယ်'လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က စတင်ပြီးတော့ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်လျှော့ချခဲ့တာဖြစ်ပြီးတော့ အခွန်နှုန်းထား ပြင်ဆင်ထားခြင်းမရှိသေးဘဲအခွန်နှုန်းပြင်ဆင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေဆီက သိရပါတယ်။
အရင်ထက်စာရင် စာချုပ်တဲ့သူများများလာတဲ့အကြောင်းအရင်းကလည်း အရောင်းအဝယ်က တအားထူးထူးခြားခြားသွက်တာမဟုတ်သလို အိမ်ခြံမြေဈေးတွေက တက်လာခြင်းမရှိဘူးလို့ ထွန်းသစ္စာအိမ်ခြံမြေအကျိုးဆောင်က သိရပါတယ်။
အရောင်းအဝယ်ဖြစ်လာတော့ ခိုင်မာတဲ့စာချုပ်ချုပ်ဆိုသူများလာလို့ နိုင်ငံတော်မှာ အခွန်ပိုရလာသလို ပြည်သူမှာလည်း ခိုင်မာတဲ့စာချုပ်ပိုင်ဆိုင်လာတယ်လို့ ဆိုပါတယ်။
အခုထက်ပိုပြီး အိမ်ခြံမြေ ရောင်းအဝယ်တိုးတက်အောင် ရာဖြတ်တန်ဖိုးလျှော့ချသလို အခုလက်ရှိအခွန်နှုန်းအရ အခွန်က သိန်း ၃ဝဝ ကို ၄၅ သိန်း ဖြစ်နေပြီး တော့ တံဆိပ်ခေါင်းခွန် (လေးရာ ခိုင်နှုန်း) ရာဖြတ်တန်ဖိုးနဲ့ တစ်ပြိုင်တည်း အခွန်နှုန်းထားလျှော့ချပေးလိုက်ရင် ပိုမိုအဆင်ပြေန ိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ ဖြိုးတိုးတက်ရေးအသင်းက ဦးတင်မောင်က ဆိုပါတယ်။
သူက 'အရင်က တစ်သိန်းမှ ၁ဝဝဝ၊ ၁ဝဝဝ ကနေ ၅ဝဝဝ သတ်မှတ်ခဲ့တာဆိုတော့ အခွန်နှုန်းက အခုကျတော့ ၁ဝဝဝ အထက်ဆိုရင် ၃၀ ရာခိုင်နှုန်းဆိုတော့ သိန်း ၃ဝဝ လောက်ကျနေပြီ၊ မြင့်သွားတဲ့အတွက် ရာဖြတ်တန်ဖိုးသတ်မှတ်ချက်လျှော့ချလိုက်တော့ တံဆိပ်ခေါင်းခွန်မှာတော့ သက်သာသွားတာပေါ့'လို့ ပြောပါတယ်။
အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းတွေအပေါ် ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်မှုနှုန်းထား (ရာဖြတ်နှုန်းထား) ပျမ်းမျှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တဲ့အတွက် အိမ်ခြံမြေနဲ့ ပတ်သက်လို့ အခွန်ဆောင်တဲ့သူတွေနှစ်ဆလောက်အထိ ပိုများလာတယ်လို့ သိရပါတယ်။
'အခုဆိုရင် တစ်လကိုတစ် ကြိမ်ဈေးနှုန်းဖြတ်တဲ့အခါမှာ ၁ဝဝ၊ ၁၅၀ အမှုဖြတ်ပေးလိုက်တယ်၊တချို့ကလဲ အမှုတွဲတော့လာဖြတ်တယ်၊ အခွန်မဆောင်ဘူးပေါ့၊ သူတို့စံနှုန်းဘယ်လောက်ရှိလဲသိချင်တဲ့ သဘောမျိုးလောက်ပဲရှိတယ်၊ အခွန်ကျတော့မရဘူးပေါ့၊ ခုကျတော့ မရတော့ဘူး၊ တန်ဖိုးလဲ ဖြတ်တယ်၊ အခွန်လဲ ဆောင်တယ်၊ မဟာအောင်မြေဆိုရင် ၁ဝဝ ဖြတ်ရင် ၁ဝဝလုံး အကုန်ဆောင်ရတယ်၊ လက်ကျန်မရှိ တော့ဘူး ပေါ့' လို့ အခွန်ဦးစီးဌာနမှူး ဦးအောင်စိုးနိုင်က ပြောပါတယ်။
စံနှုန်းလျှော့လိုက်တဲ့အတွက် အိမ်ခြံမြေနဲ့ပတ်သက်လို့ အခွန်ဆောင်တဲ့သူတွေပိုများလာသလို ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ခိုင်ခိုင်မာမာ လုပ်ချင်တဲ့သူတွေပိုများလာတယ်လို့ ဦးအောင်စိုးနိုင်က ဆိုပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties