By Kumudra, Shweproperty.com
Updated at 21 January 2020
အိမ်ခြံမြေ အရောင်းအဝယ်တွေရဲ့ အရွှေ့တွေ က ဘယ်နေရာတွေဖြစ်လာနိုင်သလဲဆိုတာကို မြန်မာနိုင်ငံအိမ်၊ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း( MRPDA ) အသင်းဗဟို ဥက္ကဋ္ဌ ဦးတင်မောင်ကိုတွေ့ ဆုံမေး မြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
မေး ။ ။ ၂၀၂၀ အိမ်ခြံမြေဈေး ကွက် အနေအထားတွေက ဘယ်လိုရှိနိုင်မလဲ။
ဖြေ။ ။အိမ်ခြံမြေဈေးကွက် အနေအထားဟာ ကောင်းလာနိုင်ပါ တယ်။ ဘာ့ကြောင့်လဲဆိုတော့ အခြားသော စီးပွားရေးလုပ်ငန်းတွေက သည်အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်မကောင်းဘူးပေါ့။သူတို့မှာရှိတဲ့ငွေကြေး အ မြတ်အစွန်းတွေကို သည်ဘက်ကိုစတင် ပြီးတော့ ရင်းနှီးမြှုပ်နှံတာလည်းပါတယ်။ မြောက်ပိုင်းနဲ့တောင်ပိုင်း မှာ ငြိမ်းချမ်းမှုက ပျက်ပြားနေတယ်။ အဝယ်တွေဆင်းတယ်။
နောက် တစ် ခါပုံမှန်အားဖြင့် ဝယ်ရောင်းမဟုတ်တဲ့ သည်နှစ်ထဲ မှာ အခွန် ဈေးနှုန်းချပေးလိုက်တော့ စာချုပ်ချုပ်တဲ့သူတွေ ပေါ်လာတယ်။နောက်တစ်ခါ ဝယ်တဲ့အချိန်အခါ မှာလည်း ဈေးနှုန်းကလည်းကျနေတယ်။ အခွန်ကလည်း သက်သာတယ်ဆိုတော့ ဝယ်တာတွေ ရှိတယ်။ အဘက်ဘက်က ခြုံပြီးဆုံတွက်လိုက်တော့ သည်နှစ်ကတော့ ဈေး ကွက်ကောင်း မယ်လို့မျှော်လင့်ရတာပေါ့။
မေး။ ။ဈေးကွက်က ဘယ်လို ကောင်း လာမှာလဲ။ဘယ်မြေအမျိုးအစားတွေက ကောင်းလာမှာလဲ။
ဖြေ။ ။ ဈေးကွက်က ထိုးတက်သွား မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ဈေး ကွက်က သွက်လာမယ်။အ ရောင်းအဝယ်ပိုသွက်လာမယ်။ သည်နှစ်ထဲမှာ ဘာ့ကြောင့်အိမ်ခြံမြေ အ ရောင်း အဝယ်သွက်လာ မယ်လို့ ခန့် မှန်း ရလဲဆိုတော့ အရောင်း ဝယ်သွက်နေတာက ဂရန်မြေ ထက် လယ်ယာမြေဖြစ်နေ တယ်။ ဘာ့ကြောင့်လဲဆိုတော့ လယ်ယာမြေကိုပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ၃၀ဝနဲ့ ဝယ်ထားတဲ့သူက အခု ၃၀ဝ၀ လောက်ဖြစ်သွားတယ်။ အချို့လည်း လေးငါးရာပေါ့။ သေခ ျာတာကတော့မရှုံးတော့ဘူးပေါ့။ တိုင်းဒေသကြီးအစိုးရကနေ လန လျှောက်ထားလို့ရှိရင် လုပ်ငန်းတွေကိုအလွယ်တကူခွင့်ပြုတယ်ပေါ့။ ဒါ့ကြောင့် လယ်ယာမြေ အ ရောင်း အဝယ်ပိုသွက်တယ်။ ဂရန်မြေကျတော့ နေထိုင်မယ့်သူပဲဝယ်တယ်။ ဝယ်ရောင်း သိပ်မဝယ်ဘူး။ ဝယ်ရောင်းတွေက လယ်ယာမြေဘက် လှည့်သွားတယ်။
နောက်တစ်ခုက နေရပ်ကိုစွန့် ခွာတဲ့သူများလာတယ်။ စီးပွားရေး လုပ်ငန်းအဆင်မပြေတဲ့အတွက် ပိုနေတဲ့ငွေကိုဘဏ်မှာထားမလား။ အိမ်ခြံမြေကို မြှုပ်မလားဆိုပြီးဖြစ်လာတဲ့အချိန်မှာ သည်ဘက်ကို ရောက်လာတယ်ပေါ့။၂၀၂၀ မှာ ရွှေ့ပြောင်းတဲ့သူများလာတာရယ်၊ လုပ်ငန်းလေးတွေလုပ်ကိုင်လာ တာတွေများလာတာရယ်။ ဥပမာ ကျောင်းကိစ္စလုပ်တဲ့သူ၊ ဆေးရုံ လုပ်တဲ့သူ၊ဟိုတယ်ကိစ္စလုပ်တဲ့ သူများလာတယ်။ အိမ်ခြံမြေ အ ရောင်းအဝယ် ကောင်းနေတာဟာ စီးပွားရေး ကောင်းနေပါတယ်လို့ သရုပ်မဖော်ဘူး။
မေး။ ။ ၂၀၂၀ မှာ မန္တလေး ဘယ်နေရာတွေမှာ အရောင်းအဝယ်ဖြစ် နိုင်သလဲ။
ဖြေ။ ။၂၀၂၀ ထဲမှာတော့ အဓိက ကတော့ မြိုထဲမြေတွေက နှစ်တွေ ကြာလာတဲ့အခါမှာ ထောင်ကြီး ဂဏန်း၊သောင်းဂဏန်းဖြစ်သွား တဲ့အခါကျတော့ မြေအရောင်း အဝယ်လေးတယ်။ မြို့ပြင်မှာ အကွက်၁၀ဝ ဖြစ်လို့ မြို့ထဲမှာ ဆယ်ကွက်ဖြစ်ဖို့အင်မတန်ခက်တယ်။ မြို့ထဲမှာ မဖြစ်မနေ စီးပွားရေးလုပ်ငန်း ကုမ္ပဏီထောင်မယ်ဆိုတဲ့ သူလောက်ပဲပေါ့။ နေဖို့အတွက် မြို့ထဲမှာ ဝယ်တဲ့သူက ရှားသွာပြီ။ မြို့ ထဲမှာ ၁၀,ဝ၀ဝ ပေးလို့ ၂၀× ၆၀ ရမယ်၊ ၃၀× ၆၀ ရမယ်ဆိုရင် မြို့ပြင်မှာ ၁၀,ဝ၀ဝပေးလို့ရှိရင် ၆၀×၈၀၊ ၈၀×၁၀ဝ ရမယ်ဆိုတာ အများကြီး။ ကျယ်ဝန်းမှုကို ဦးစားပေးလာတယ်။ ဘာကြောင့်လဲဆို တော့ ဆယ်သွယ်ရေး၊လမ်းပန်း ဆက်သွယ်ရေးကောင်းလာတယ်။ ကားတွေ၊ ဆိုင်ကယ်တွေဈေး ချိုချို နဲ့စီးလို့ရလာတယ်။ ဖုန်းတွေဈေးချိုချိုနဲ့ရလာတဲ့အခါမှာ စီးပွားရေးလုပ်တဲ့အခါမှာ မြို့ထဲကိုလုပ်မှဆိုတဲ့ အဖြေမထွက်တော့ဘူး။မြို့ပြင်မှာလည်း ကုမ္ပဏီတွေရှိလာပြီ၊ စား သောက်ဆိုင်တွေရှိလာပြီ။နောက်တစ်ခုက မြို့ထဲနဲ့ မြို့ပြင် ဘာစကားပြောလဲဆိုတော့ လမ်းကျပ်တဲ့ကိစ္စ။ ဒါကမြို့ပြင်မှာမရှိတော့ဘူး။ မြို့ထဲမှာရှိတယ်။ ဒါတွေကြောင့်မို့ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်က တဖြည်းဖြည်း ရွှေ့သွား တယ်။မန္တလေးမြို့ရဲ့ ရွှေ့တဲ့နေရာ သည် အရှေ့တောင်နဲ့ တောင်ဘက်။
မေး။ ။ ဈေးတန်းဘယ်လောက်ရှိတဲ့မြေတွေ အရောင်းအဝယ်ဖြစ်နေသလဲ။
ဖြေ။ ။ ၁၀ဝ၀ အောက်ကပိုပြီး အရောင်းအဝယ် အသွက်ဆုံးပဲ။ ဘာ့ကြောင့်လဲဆိုတော့ငွေ ကြေး နည်းပါးလို့ပေါ့။ နေမယ့်သူတွေပေါ့။ ဝယ်ရောင်းသမားတွေ မဟုတ်ဘူး။ နေဖို့အတွက်ပဲ ဦးစားပေးတဲ့သူတွေပေါ့။ရဲမွန်တောင်ဆို အရင်တုန်းက ကွက်စိပ်တာမရှိ ဘူး။ အခုစိပ်နေကြပြီ။ အဝယ်များ၊ စိပ်ရောင်းနေကြတာကတော့ သင်ပန်းကုန်း၊တတ၊ ထထ ၆၂ လမ်းဝဲယာပေါ့။
မေး။ ။အိမ်ခြံမြေ ဈေးကွက်ပိုကောင်းဖို့ အစိုးရကနေ ဘာတွေ လုပ်ဆောင်ပေးသင့်သလဲ။
ဖြေ။ ။အစိုးရအနေနဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကောင်းအောင် ထက် သူစိတ်ကူးထားတာက နေစရာလို့သူစိတ်ကူးတာကိုး။ အိမ်ခြံမြေအရောင်းအဝယ်ကောင်း ခြင်းမကောင်းခြင်းကို အစိုးရအနေ နဲ့ ကျွန်တော်သိသလောက် သိပ်စိတ်မဝင်စားဘူး။ အိမ်ခြံမြေအရောင်းအ ဝယ်သည် Business လို့ သူမထင်ဘူး။ မသတ်မှတ်ဘူးပေါ့။ ဒါပေမဲ့ တခြားနိုင်ငံတွေ မှာတော့ အိမ်ခြံမြေ အရောင်းအဝယ် ကောင်းအောင် အိမ်ခြံမြေဈေးကို အောက်ကို အကျဆင်းမခံဘူး။ တရုတ်မှာလည်းရှိတယ်။ အမေရိ ကန်မှာလည်းရှိတယ်။ ဘယ်နိုင်ငံဖြစ် ဖြစ် အိမ်ခြံမြေဈေးကို တအားကြီးကျအောင်မလုပ်ဘူး။ အိမ်ခြံမြေ ဈေးကွက်ရဲ့အခြေခံသည် အားလုံး ကိုအခြေခံထားတယ်။ဘဏ်ဆိုလည်း အိမ်ခြံမြေဈေးကွက်ကို အခြေ ခံထားတယ်။ စီးပွားရေးလုပ် ငန်း တွေသည် အိမ်ခြံမြေဈေး ကွက် ကိုအခြေခံထားတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်ဖြစ်ခြင်းမဖြစ်ခြင်းသည် နိုင်ငံစီးပွားရေးနဲ့မပတ်သက်ဘူး။ အကျိုးဆောင်တွေနဲ့ ဝယ် ရောင်းတွေနဲ့ပဲပတ်သက်တယ်လို့ ထင်နေတယ်ပေါ့။အမှန်တကယ်က မဟုတ်ပါဘူး။အိမ်ခြံမြေ အရောင်း အဝယ် နှေးကွေးသွားတဲ့ အချိန်မှာ စီးပွားရေးလည်း ကျလာတာ ပဲ။ဘာကြောင့်လဲဆိုတော့ Dead Money များသွားလို့။ ငွေကြေး လည်ပတ်ဖို့ဆိုတာလည်း Dead Money များရင် မလည်တော့ဘူး။ အိမ်ခြံမြေဈေးကွက်မဖွံ့ဖြိုးလို့ရှိရင် အိမ်ခြံမြေထဲကိုမလာဘဲနဲ့ အခြား ရွှေတို့၊ ဒေါ်လာတို့ဘက်ကိုသွားကြတယ်။ အခုဝယ်နေကြတာက နေမယ့်သူလေးတွေက စီးပွားရေး ကျပ်တည်းတဲ့အတွက် မြို့ထဲမြေကွက်တွေကို ရောင်းကြတယ်။ မြို့ ပြင်ကို ငွေနုတ်တယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ငွေရင်းကြတယ်။ ဒါ့ကြောင့်အရောင်းအဝယ်ဖြစ်နေတာ။
မေး။ ။ မန္တလေးမှာ လက်ရှိသတ် မှတ်ထားတဲ့ အိမ်ခြံမြေအခွန် ရာဖြတ်နှုန်း အနေအထားတွေက ဘယ်လိုရှိသလဲ။
ဖြေ။ ။အဆင်ပြေပါတယ်။ဒါ ပေမဲ့ ရာဖြတ်တန်ဖိုးကတော့ အချို့နေရာတွေမှာ တအားမြင့်တယ်။ တချို့နေရာတွေမှာ ဝယ်ဈေးရောင်းဈေးထက်မြင့်နေတယ်။ အချို့နေ ရာ တွေမှာ ဝယ်ဈေးရောင်းဈေး ထက်နိမ့်နေတယ်။ နိမ့်တာကလည်း သဘာဝကျပါတယ်။ နိမ့်မှ လည်း သူအခွန်ဆောင်နိုင်မှာပေါ့။ အချို့နေရာတွေမှာ ၈၀ဝ၀ ပေါက်တာ ၁၀,ဝ၀ဝ ဖြစ်နေတယ်။ အဲသည်အချိန်မှာ သူတို့က ဥပမာ ၁၀,ဝ၀ဝ၊ ၁၂,ဝ၀ဝ ဆိုပြီး သတ် မှတ်ထားပေမဲ့ ကျွန်တော်တို့ တကယ်အရောင်းအဝယ်ဖြစ်တာက ၇၀ဝ၀ ၊ ၈၀ဝ၀ ပဲ ဖြစ်တယ်။
မေး ။ ။မန္တလေးမှာ လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းချနေ တာတွေရှိတယ်။သည်အပေါ် အန်ကယ့်အမြင်ကို ပြောပါဦး။
ဖြေ။ ။ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ပဲလေ။ မရိုက် စေချင်ရင်ကျေးရွာကနေချက်ချင်း တားလို့ရတာပဲလေ။ ဘာလို့မတား သလဲ။ တကယ်တမ်းတော့ အဝေး ကြီးရှာနေစရာမလိုပါဘူး။မြေတိုင် စာရေးတွေရှိတယ်။အောက်က နေ ပြီးတော့ အပေါ်ကို တင်ပြတယ်ဆိုရင်လည်း အပေါ်ကဘာလို့ ချက်ချင်း မလုပ်တာလဲ။
မေး။ ။အခြားဘာတွေများ ဖြည့် စွက် ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ အတွေ့အကြုံတွေအရ အစိုးရအနေနဲ့ ပြည်သူတွေကို တာ ဝန်ခံနိုင်တဲ့ တိုးတက်မှုကို မပြနိုင် ဘူး။ စာရွက်ပေါ်မှာ GDP တက်ရုံနဲ့ ပြည်သူလူထုရဲ့ လက်ရှိဘဝသည် မြန်မာနိုင်ငံသည် စိုက်ပျိုး ရေးကိုအခြေခံတဲ့အတွက် စိုက်ပျိုး ရေးကိုလုပ်ဆောင်တဲ့ကျေး ရွာတွေ မှာ နိုင်ငံရပ်ခြားကို ထွက်တဲ့သူတွေ များပြားလာခြင်းသည် စိုက်ပျိုးရေးလုပ်ငန်းရဲ့ စီးပွားရေး နိမ့်ကျသွားတာကို ပြတယ်။
Ref & Photo Crdit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties