By Yangon Media Group, Shweproperty.com
Updated at 17 October 2016
အ ရောင်းအဝယ်ကျဆင်းနေသည့် မန္တ လေးအိမ်ခြံမြေဈေးကွက် ဝါကျွတ် ကာလနောက်ပိုင်းအရောင်းအဝယ် ပြန်သွက်လာနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီးအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း မှ သိရသည်။ လက်ရှိ မန္တလေးအိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလို သူနည်းပါးနေခြင်းကြောင့် အရောင်း အဝယ်ကျဆင်းနေခြင်းဖြစ်ပြီး လာမည့်ဝါကျွတ်ကာလနောက်ပိုင်းတွင် အမှန်တကယ်နေထိုင်မည့် သူများမှ ဝယ်ယူလာနိုင်ခြင်းကြောင့် အရောင်း အဝယ်ပြန်သွက်လာနိုင်ခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဋ္ဌဦးတင် မောင်က ''အိမ်ခြံမြေဈေးကွက်ကို ရင်းနှီးမြှုပ်နှံ သူတွေက စိတ်မဝင်စားလို့တော့မဟုတ်ဘူး။ စိတ်ဝင်စား ပေမယ့် ဝယ်ပြီး ရင်ပြန်ရောင်းတဲ့အ ခါမြတ်ဖို့မသေချာတဲ့ အနေအထား တွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျလာတာပါ။ သူတို့ရင်းနှီးမြှုပ်နှံ တာနည်းလာတဲ့အတွက် အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအဝယ်တွေ အေးစက်ခဲ့တယ်။ လာမယ့် ဝါကျွတ်ကာလနောက်ပိုင်းမှာတော့အိမ်၊ ခြံ၊ မြေ အမှန်တကယ်ဝယ်ယူနေထိုင် မယ့်သူတွေကြောင့် အရောင်းအဝယ် ပြန်သွက် လာနိုင်ပါတယ်''ဟု အောက်တိုဘာ ၁၄ ရက်က ဒီမိုကရေစီတူ ဒေးသို့ ပြော သည်။ အဆိုပါ မန္တလေးအိမ်ခြံမြေ ဈေးကွက်အတွင်း အိမ်ခြံမြေ၊ တိုက် ခန်းအရောင်းအဝယ်များ အေးစက် ခြင်းကြောင့် ပေါက်ဈေးထက်ဈေး နှုန်း လျှော့ရောင်းချမှုများလည်းရှိ ကြောင်း သိရသည်။
ဦးတင်မောင်က ''ဝါမကျွတ် သေးပေမယ့်လည်း အခုအချိန်အိမ်၊ ခြံ၊ မြေအရောင်းအဝယ်လုပ်လာ တာတွေရှိပေမယ့် ဈေးနည်းတယ်။ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်တာ မရှိသေးဘူး။ တိုက်ခန်းအရောင်း အဝယ်က နည်းပါတယ်။ လုံးချင်းအိမ် အရောင်းအဝယ်လုပ်တာပိုများတယ်'' ဟု ပြောသည်။ ယင်းမန္တလေးအိမ်ခြံမြေဈေးကွက်တွင် လုံးချင်းအိမ်အရောင်း အဝယ်များသော်လည်း တိုက်ခန်းအ ရောင်းအဝယ်မှာ နည်းပါးလျက် ရှိ ကြောင်း သိရသည်။ မန္တလေးမြို့အခြေစိုက်နှင်းဧကရီ အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာချိုက ''အိမ်၊ ခြံ၊ မြေဈေး ကွက်အရောင်း အဝယ်အေးစက်တာ စီးပွားရေးမကောင်းတာကြောင့် ဝယ် ရောင်းတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ် နိုင်ကြတာလည်းပါတယ်။ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်လာနိုင်အောင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာနိုင် အောင် ခိုင်မာတဲ့ဥပဒေပြဋ္ဌာန်းပြီးရင်တော့ အိမ်ခြံမြေအလားအလာ ကောင်း လာနိုင် မယ်လို့ မျှော်လင့်ရ တာပဲ''ဟုပြောသည်။
Ref & Photo Credit : Yangon Media Group
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties