By Democracy, Shweproperty.com
Updated at 26 May 2015
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာကာ အရောင်းအဝယ် အေးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
အဆိုပါဒေသတွင် (၂၀၁၄) ခုနှစ်က ပေ (၄၀×၆၀) မြေတစ်ကွက်လျှင် ကျပ်သိန်း (၂၅၀) ဝန်းကျင်ခန့်ရှိရာ လက်ရှိတွင် ကျပ်သိန်း (၅၀၀) ခန့်အထိ မြင့်တက်နေခြင်းဖြစ်သည်။
“ဈေးတွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကမှ တက်လာတာ၊ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ဒီရပ်ကွက်ထဲမှာရှိတဲ့ ပေ (၄၀×၆၀) တစ်ကွက်ကို အိမ်အပါအဝင် ကျပ်သိန်း (၃၀၀) ဝန်းကျင်လောက်ရှိတာ။ အခုမြေသီးသန့်ကို သိန်း (၅၀၀) ပေါက်နေပြီ”ဟု အောင်မင်္ဂလာ (၁) ရပ်ကွက်မှ ဦးမောင်စိန်က ပြောသည်။
အဆိုပါမြေကွက်များမှာ (၂၀၁၄) ခုနှစ် ဒီဇင်ဘာလမှစပြီး အရောင်းအဝယ်များအေးနေပြီး လက်ရှိတွင် ဝယ်ယူလိုသူ အနည်းငယ်ရှိသော်လည်း ရောင်းချလိုသူမရှိသလောက် နည်းပါးသေးကြောင်း သိရသည်။
“မြေကွက်အရောင်းအဝယ်တွေကတော့ အလုပ်မဖြစ်တာကြာပြီ။ အရင်နှစ်တွေက အလုပ်မဖြစ်တဲ့ အချိန်တွေတောင် အနည်းအပါးလုပ်ဖြစ်သေးတယ်။ ဒီနှစ်ကတော့ လုံးဝမရှိသလောက်ဘဲ တချို့ပွဲစားတွေဆိုရင် အခြားလုပ်ငန်းတွေ ပြောင်းလုပ်နေရတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမိုးကပြောပါသည်။
မန္တလေး-ပုသိမ်ကြီးလမ်းမကြီးဘေးရှိ ပေ (၄၀×၆၀) မြေတစ်ကွက်လျှင် (၂၀၁၄) ခုနှစ်က ကျပ်သိန်း (၃၀၀) ဝန်းကျင်ရှိခဲ့ရာ လက်ရှိမှာ ကျပ်သိန်း (၃၀၀၀) ဝန်းကျင်နှင့် ပေ (၃၀×၈၀) မြေတစ်ကွက်လျှင် ကျပ်သိန်း (၁၆၀၀) ဝန်းကျင်အထိရှိကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှ သိရသည်။
Ref : Democracy
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties