By Messenger, Shweproperty.com
Updated at 7 January 2016
မန္တလေးမှ ပြင်ဦးလွင်သို့ ဖောက်လုပ်မည့် လမ်းသစ်အနီးရှိ မြေယာများသည် လုပ်ငန်းရှင်များထံ ရောင်းချထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်း လမ်းဖောက်လုပ်ရန် အတွက် တင်ပြထားသည်မှာ နှစ်နှစ်ကျော် ရှိသွားပြီ ဖြစ်ပြီး၊ ဖောက်လုပ်ခွင့်အား ယခုနှစ်တွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ တောင်သူဟောင်းများတွင် ပိုင်ဆိုင်မှု မရှိတော့ဘဲ လုပ်ငန်းရှင်များမှ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။
''ဒီလမ်းဖောက်တဲ့ နေရာမှာ တချို့နေရာတွေက သစ်တောမြေတွေ ပါဝင်နေတဲ့ အတွက် ညှိနှိုင်းနေဆဲ ဖြစ်တယ်။ ဒါကို BOT စနစ်နဲ့ ဖောက်လုပ်မှာဖြစ်ပြီး၊ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးဘူး'' ဟု မန္တလေးတိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
ဖောက်မည့် လမ်းသစ်သည် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ရန်ကင်းတောင် အရှေ့ဘက်ခြမ်းမှ တစ်ဆင့် တောင်တန်းများကြားမှ ဖောက်လုပ်မည် ဖြစ်ပြီး၊ ယခင်လမ်းဟောင်းနှင့် အနီးစခန်းတွင် ဆုံမည်ဖြစ်သည်။ အသစ်ဖောက်လုပ်မည့် လမ်းမကြီးအနီးတွင် ရှိသော မြေယာများသည် ရှင်တော်ကုန်း ကျေးရွာမှ တောင်သူ လယ်သမားများထံမှ သိမ်းဆည်း၍ ပိုလံျှသောမြေများ ဖြစ်ပြီး၊ လုပ်ငန်းရှင်များထံ ရောင်းချ ပေးနေကြောင်း ဒေသခံ တောင်သူများက ပြောသည်။
၁၉၈၉ ခုနှစ်က နည်းပညာ တက္ကသိုလ် ဆောက်လုပ်ရန် အတွက် တောင်သူများထံမှ စိုက်ပျိုးမြေဧက စုစုပေါင်း (၇၀၄) ဧကအား သိမ်းဆည်းခဲ့ပြီး၊ စီမံကိန်း အကောင်အထည်ဖော် မြေဧက(၃၀၀) ခန့်သာ ရှိသည်။
''အဲဒီမြေတွေက လယ်သမားတွေဆီက သိမ်းထားတဲ့ မြေတွေထဲက ပိုလံျှတဲ့မြေတွေ ဖြစ်တယ်။ ဒါတွေဟာ တကယ့် လယ်သမားတွေဆီကို မရောက်ဘဲ အခုလုပ်ငန်းရှင်ကြီးတွေဆီ ရောက်နေတယ်။ ဒီနေရာက နောက်ဖောက်မယ့် မန္တလေး ပြင်ဦးလွင် ကားလမ်းအနီးမှာရှိတဲ့ အကွက် အကွင်းကျတဲ့ မြေတွေဖြစ်တယ်'' ဟု အိမ်ခြံမြေ ပွဲစား ဦးရန်နိုင်က ပြောသည်။
ယင်းမြေများနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် မြေစာရင်းရုံးသို့ လူကိုယ်တိုင် သွားရောက် မေးမြန်းရာ တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''မူရင်းပိုင်ရှင်တွေက ကျွန်တော်တို့ပါ။ ပိုလံျှတဲ့မြေကို ကျွန်တော်တို့ကို မပေးဘဲ ရောင်းစားနေကြတယ်။ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေထားဖို့ အတွက် မြေတွေ ညှိနေကြပြီ။ နောက်ပြီး အကွက်တွေလည်း ရိုက်ထားတယ်။ ဒါတွေကို အစိုးရကပဲ ရောင်းစားနေတာလား မပြောတတ်ဘူး'' ဟု ဒေသခံ တောင်သူ ဦးချစ်ဝင်းက ပြောသည်။
သိမ်းဆည်းစဉ်က ထိုက်သင့်သည့် မြေယာ လျော်ကြေးမပေးဘဲ သီးနံှလျော်ကြေး အဖြစ် (၄၁၅) ကျပ်သာပေးပြီး သိမ်းဆည်းခဲ့သည်။ ထို့အပြင် သိမ်းဆည်းစဉ်က မြေယာပေါ် မကျူးကျော်ရန်နှင့် ကျူးကျော်သည့်သူများ၊ ထင်းခွေ၊ မှိုရှာ၊ မျှစ်ချိုးသူများအား တရားစွဲမည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ အနေဖြင့် ယင်းပိုလံျှမြေဧက (၄၀၀)ကျော်အား ပြန်လည် စွန့်လွှတ်ရန် အတွက် အသနားခံစာ၊ တိုင်စာစသည် တို့ကို အကြိမ်ကြိမ် တင်ပြ တောင်းခံသော်လည်း ဖြေရှင်းပေးခြင်း မရှိခဲ့ပေ။
''ကျွန်တော်တို့ မိဘဘိုးဘွားတွေ လက်ထက် ကတည်းက လုပ်ကိုင် စားသောက်လာတာ ကြာနေပြီ။ သူတို့က သိမ်းသွားတော့ ကျွန်တော်တို့ မိသားစုမှာ ဒုက္ခရောက်တယ်။ ဒါကလည်း အသိမ်းခံရတဲ့သူ အကုန်လုံးပါပဲ။ တချို့ အဘိုးအဘွားတွေဆို အဲဒီစိတ်နဲ့ သေတဲ့သူက သေကုန်ကြတယ်။ ကျောင်းဆောက်ဖို့ မြေပေးလိုက်ရပေမယ့် သားသမီးတွေကို ကျောင်းမှာ မထားနိုင်ခဲ့ဘူး။ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရတယ်'' ဟု တောင်သူ ဦးတင်ဝင်းက ပြောသည်။
နိုင်ငံတော် သမ္မတကြီးက ၂၀၁၂ ခုနှစ်က သိမ်းဆည်းထားသည့် စီမံကိန်း ပိုလံျှမြေများအား တောင်သူများထံ ပြန်လည် ပေးအပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။
Ref : Messenger
Photo Credit : place & see
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties