By the voice, Shweproperty.com
Updated at 9 March 2013
အာဆီယံနိုင်ငံများထက် အိမ်၊ ခြံ၊ မြေဈေးမြင့်သော မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေများကို ပြည်တွင်းနေတိုင်းရင်းသားများ ဝယ်ယူမှုများပြားလာကြောင်း မန္တလေးမြို့တော်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင်များက ပြောကြားသည်။
အဆိုပါဝယ်လက်တိုင်းရင်းသားများမှာ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး အိမ်၊ ခြံ၊ မြေတန်ဖိုး ကျပ်သိန်းထောင်ဂဏန်းမှ ကျပ်သောင်းဂဏန်းအထိဝယ်ယူမှုရှိသည်ဟု မိုးသစ္စာအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မိုးနီနီမာကဆိုသည်။
လက်ရှိမတ်လဆန်းအတွင်း ဝယ်လက်အများဆုံးမြို့တွင်းနေရာများမှာ ချမ်းအေးသာစံမြို့နယ် မဟာမြိုင်(၁)၊ (၂) အကွက်များ၊ ရတနာပုံဈေးအနီးနှင့် မင်္ဂလာဈေးအနီးမြေကွက်များဖြစ်ကြောင်း မန္တလေးမြို့တော်အခြေစိုက် လုပ်သက် ၁ဝ နှစ်ခန့်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ဒေါ်လဲ့က ပြောကြားသည်။
''ရှမ်းတိုင်းရင်းသားထဲကဆို ကျောက်လုပ်ငန်းလုပ်တဲ့သူတွေ အဝယ်များကြတယ်''ဟု ဒေါ်လဲ့က ထပ်မံဆိုသည်။ မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ပေ၂ဝ-၆ဝ အကွက်ကို ကျပ်သိန်းတစ်သောင်းကျော်၊ မဟာမြိုင်အကွက်(၂) ၆၄ လမ်းပေါ်ရှိ ပေ (၄ဝ-၆ဝ)အကွက်ကိုကျပ်သိန်း၄၅ဝဝ၊ ၆၉ လမ်း၊ ၃၅ လမ်းနှင့် သိပ္ပံလမ်းကြားရှိ ပေ (၂ဝ-၆ဝ) လမ်းပေါ်အကွက်ကို ကျပ်သိန်း ၃ဝဝဝ ခေါ်ဈေးရှိကြောင်း ¤င်းကထပ်မံပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မန္တလေးမြို့တွင်း ကျပ်သိန်းသောင်းဂဏန်းမြေကွက်လေးကွက်နှင့် ကျပ် သိန်းထောင်ဂဏန်းမြေကွက် လေးကွက်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အများစု အဝယ် များခဲ့ကြောင်း မန်းမြေရာဇာအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင်ဦးကျော်ဝင်းက ထပ်လောင်းပြောကြားသည်။
Source : The Voice
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties