By myanmar property, Shweproperty.com
Updated at 5 June 2013
၂၀၁၃ ခုနှစ်တွင် မန်း အိမ်၊ ခြံ၊ မြေ အဌားဈေးကွက်သည် စံချိန်တင်ဖြစ်ကြောင်း မန်း အိမ်၊ ခြံ ၊ မြေ အကျိုးဆောင်များက ပြောသည်။
“ဒီနှစ်တော့ အများဆုံးပဲ၊ အဌားစံချိန်တင်တယ်၊ မြို့ထဲက တကယ့်နေရာကောင်းတွေမှာ နှစ်ရှည် ၁၀ နှစ်စာတို့၊ ၁၅ နှစ်စာတို့ အဌားစာချုပ် ချုပ်ကြတယ်”ဟု ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မှ ဦးတင်မောင်က ပြောသည်။
လက်ရှိမန္တလေးမြို့တွင်း Downtown ကျသော နေရာများရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ သိန်း ပေါင်း သောင်းချီ ရှိသောကြောင့် အဆိုပါ နေရာများတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် နှစ်ရှည် အဌားစာချုပ်များ ချုပ်ကာ မြေဌားရမ်းပြီးလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
“မြေဈေးကတော့ အဌားဈေးတက်လာတယ်၊ ဒါပေမဲ့ တကယ့်နေရာကောင်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကျတော့ ၁၀ နှစ်စာ၊ ၁၅ နှစ်စာ အဌားချုပ် ချုပ်ကြတယ်”ဟု မန်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
ထိုသို့ ဌားရမ်းသူအများစုမှာ ဟိုတယ် ဖွင့်လှစ်ရန်၊ ကိုယ်ပိုင် ပညာရေးကျောင်းများ ဖွင့်လှစ်ရန်၊ ဆေးရုံတည်ဆောက်ရန်နှင့် Car Showroom များဖွင့်လှစ်ရန် အတွက်ဖြစ်ပြီး မန္တလေး အိမ်၊ ခြံ၊ မြေအဌားဈေးကွက် အမြင့်ဆုံးမှာ တစ်လလျှင် ကျပ်သိန်း ရှစ်ဆယ်မှ သိန်းကိုးဆယ်အထိ ဈေးပေါက်ကြောင်း သိရသည်။
“တကယ်ရင်းနှီးမယ့်သူက သိန်း သုံးလေးသောင်းပေးပြီး မြှုပ်မယ့်နေရာမှာ သိန်းတစ်သောင်းလောက်ပဲ သူမြှုပ်နှံမယ်၊ ကျန်တာက လုပ်ငန်းထဲကို ထည့်လို့ရရင် သူတို့ ဒီလိုပဲ ၁၀ နှစ်စာ အဌားစာချုပ်ချုပ်ပြီး လုပ်တော့မှာပေါ့၊ ဒါက အမှန်အကန် စီးပွားရေးလေ၊ အဲဒါကြောင့်မို့ ဌားကြတာပါ၊ ဒီလို ဈေးကွက်ဖြစ်ပေါ်လာတဲ့အတွက် ကြိုဆိုရမှာပါ”ဟု ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။
Ref: myanmar property
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties