By Kumudra, Shweproperty.com
Updated at 14 January 2019
မန္တလေးမြို့မှာ အိမ်ငှားလုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေး နှစ်ကစပြီး အိမ်ငှားပိုင်ခွင့်လုပ်ငန်း လိုင်စင်လျှောက်ထားရမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက သိရပါတယ်။
မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ စီမံရေးရာဌာန မှူးဦးမောင်မောင်မြင့်က “လုပ် ငန်းအနေနဲ့လိုင်စင်ကရှိသင့်တယ်၊ ငှားရမ်းတဲ့စည်ပင်သာယာဥပဒေ ပုဒ်မ ၇၆ အရ အဆောက်အအုံ တွေငှားရမ်းတဲ့ ဘော်ဒါဆောင်တို့ တည်းခိုခန်းတို့ ငှားရင် လိုင်စင်ရှိ သင့်တယ်ဆိုတဲ့အရ အငှားအိမ်ငှားပိုင်ခွင့်ဆိုတဲ့ လုပ်ငန်းလိုင်စင်ဆိုတာထားရှိရမယ်ဆိုပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်” လို့ ပြော ပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာဥပဒေပုဒ်မ ၇၆ အရ တည်းခိုခန်း၊ ဘော်ဒါဆောင်နဲ့အခန်းလိုက် ငှားရမ်းတဲ့ အဆောက်အအုံများဆိုင်ရာ ၃ အရလည်းကောင်း အငှားအိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းကမြေတွေကိုအုပ်စု A , B, C သတ်မှတ်ထားပြီး အဆိုပါအုပ်စု အတွင်းရှိမြေတွေကို မြေအတန်းအစားထပ်မံခွဲခြားထားပါတယ်။အုပ်စု A မြေကလမ်းမကြီးပေါ်ရှိပါက A1၊လမ်းအကျယ်ပေါ်တွင်ရှိပါက A2၊ လမ်းအကျဉ်းတွင်ရှိပါက A3 ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရတယ်။
အငှားအိမ်ငှားရမ်းလုပ်ကိုင်သူတွေအနေနဲ့လိုင်စင်ခနှုန်းထားတွေ သင့်တင့်မျှတစေဖို့ မြေအတန်းအစားပေါ်မူတည်ပြီးလည်းကောင်း၊ အဆောက်အအုံအမျိုးအစားအလိုက် စတုရန်းပေအကျယ်အဝန်းပေါ်မူတည်ပြီးလည်းကောင်း လိုင်စင်ခနှုန်းထားများကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်။
ပျဉ်ထောင်၊ နံကပ်၊ အာရ်စီစတဲ့ အဆောက်အအုံနဲ့မြေအတန်းအစားပေါ်မူတည်ပြီး အငှားအိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်နှုန်းထားတွေက အနည်းဆုံးကျပ် ၁၀,ဝဝဝ ကနေ အများဆုံး ကျပ် ၃၅၀,ဝဝဝ အထိ ရှိတယ်လို့ သိရပါ တယ်။
“ဒီနှစ်မှစမယ်ဆိုတော့ မြို့နယ်အလိုက်၊သက်ဆိုင်ရာရပ်ကွက်အလိုက်ကို အခုလလဝက်လောက်မှာ ကွင်းဆင်းမယ်၊ အခုကသိအောင် အရင်ကြေညာမယ်၊ နောက်ပိုင်းကျမှ ဘယ်လပိုင်းအထိ လုပ်ဆောင်ရမယ်၊ မလိုက်နာရင် ပြစ်ဒဏ်သော်လည်းကောင်း၊ လုပ်ငန်းရပ်ဆိုင်းခွင့်သော်လည်းကောင်းသတ်မှတ်သွားမှာပေါ့” လို့ ဦးမောင်မောင်မြင့်က ရှင်းပြပါတယ်။
“အရင်နှစ်တွေကတော့ စီမံချက်တွေရေးဆွဲပြီးတင်ပြရတာပေါ့၊ ဒီလိုလုပ်မယ်ဆိုရင် ပြည်သူလူထုအနေနဲ့လဲ ပေးနိုင်ပါ့မလား၊ ဒီဇယားကြီးဖြစ်လာဖို့အတွက်အရင်နှစ်တွေကတည်းက လုပ်ထားတာ၊ အဲဒါကြောင့်မို့ ဒီနှစ်မှစနိုင်တာ၊ လုပ်ငန်းလုပ်တာကိုလဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ချိတ်ဆက်ပြီး ဆက်သွယ်ဆောင်ရွက်လို့ရအောင်လို့လျင်လျင်မြန်မြန်ဆောင်ရွက် နေပါတယ်” လို့သူက ဆက်ပြောပါတယ်။
အသိပညာပေးကာလကို ၂၀၁၈ ခုနှစ်အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိတစ်နှစ်ကြာအသိပညာပေး ဆောင်ရွက်မှာဖြစ်ပါတယ်။
Ref : Kumudra
Photo Credit : Mymagicalmyanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties