By 7daydaily, Shweproperty.com
Updated at 8 January 2016
မန္တလေးမြို့ ဧရာဝတီ မြစ် ကမ်းနားလမ်းတွင် တည် ဆောက်နေသော အငှားအိမ်ရာ တိုက်ခန်းငှားခနှုန်းထားများကို ဈေနှုန်းတစ်ပြေးညီ သတ်မှတ်ကာ ငှားရမ်းပေးမည်ဖြစ်ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။
ယခင်က တိုက်ခန်းငှားခဈေး နှုန်းများသည် တစ်လလျှင် မြေညီ ထပ်ကို ကျပ်သုံးသောင်းခွဲ၊ ပထမ ထပ်နှင့် ဒုတိယထပ်ကို ကျပ်သုံး သောင်း၊ တတိယထပ်နှင့် စတုတ္ထ ထပ်ကို ကျပ်နှစ်သောင်းခွဲနှင့် ပဉ္စမထပ်ကို ကျပ်တစ်သောင်းခွဲသတ် မှတ်ခဲ့သည်။ ယခုအခါ အလွှာအ လိုက် တိုက်ခန်းငှားခဈေးနှုန်းများ ကို ခွဲခြားသတ်မှတ်ခြင်းမပြုတော့ ဘဲ ဈေးနှုန်းတစ်ပြေးညီသတ်မှတ် ကာ ငှားရမ်းပေးမည်ဖြစ်ပြီး ငှား ရမ်းမည့် ဈေးနှုန်းကိုမူ မပြောနိုင် သေးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်အချို့က ပြော သည်။
‘‘အစိုးရအဖွဲ့ကို တင်ထားပါ တယ်။ တစ်ပြေးညီသတ်မှတ်ဖြစ် ဖို့များပါတယ်’’ဟု ကော်မတီဝင် (၇) ဦးခင်မောင်တင့်က ပြောကြားသည်။
အငှားအိမ်ရာများ ငှားရမ်းပေးရန် စာရင်းကောက်ယူမှုများရှိ နေပြီး သက်သာသောနှုန်းထားဖြစ် မှသာ ငှားရမ်းနေထိုင်နိုင်မည်ဖြစ် ကြောင်း ကမ်းနားလမ်းရှိ ကျူး ကျော်နေထိုင်သူများက ပြောကြားသည်။ အငှားအိမ်ရာများကို ၂၀၁၆ နှစ်ဆန်းပိုင်းတွင် စတင်ငှားရမ်းပေးမည်ဟု စည်ပင်တာဝန်ရှိ သူများက ပြောကြားထားသည်။ အငှားအိမ်ရာလျှောက်လွှာတင် သွင်းရာတွင် ကမ်းနားလမ်းတစ် လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရ မြေ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေများ၌ ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ်အားဖြင့် အသက်မွေးသူ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်ဧည့်စာရင်းတိုင်ကြားနေထိုင် သည့် မိသားစုများဖြစ်ရမည်ဖြစ် ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများ တင်ပြနိုင်ရမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် အဆိုပါမိသားစု များသည် ပြစ်မှုမှတ်တမ်းကင်း ရှင်းရမည်ဖြစ်ပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် အရေးယူရန် အမှု အခင်းရင်ဆိုင်နေရသူများမဖြစ် စေရဟုလည်း သတ်မှတ်ချက်ရှိ ထားသည်။ ဆိပ်ကမ်းနယ်မြေ တွင် အမြဲနေထိုင်လုပ်ကိုင်စား သောက်နေသူဖြစ်ကြောင်း သက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်တင်ပြရ မည်ဖြစ်သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကိုယ်ပိုင်မြေ၊ အိမ်အဆောက်အအုံ၊ တိုက်ခန်းပိုင်ဆိုင်သူမဖြစ်ရဘဲ ငှားရမ်းခွင့်ရ ပါက အငှားအိမ်ရာစာချုပ်မှ စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ရမည်ဖြစ်ပြီး မိသားစုတစ်စုလျှင် တိုက်ခန်းတစ်ခန်းသာ လျှောက် ထားခွင့်ပြုမည်ဖြစ်ကြောင်း မန္တ လေးစည်ပင်မှ သိရသည်။
အဆိုပါ အငှားအိမ်ရာ တိုက် ခန်းများမှာ ပေ ၁၀×၂၀ တိုက်ခန်းများဖြစ်ပြီး ၁၂ ခန်းတွဲခြောက်ထပ် ပါ တိုက်အလုံးပေါင်း ၂၂ လုံး တည်ဆောက်ထားသည်။ တိုက်ခန်း စုစုပေါင်း ၁,၅၈၄ ခန်းရှိပြီး ရေချိုးခန်း၊ ရေလောင်းအိမ်သာ နှင့် အမှိုက်စွန့်ပစ်မှုစနစ်များ ပါဝင်သည်။
၂၀၁၄ ဒီဇင်ဘာ ၅ ရက်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နော်ဝေးဘုရင်လာရောက်စဉ် ဂေါဝိန်ဆိပ်ကမ်းမှ ကျူးကျော်နေထိုင် သူများကို မန္တလေးမြို့တော်စည် ပင်က ဖယ်ရှားခဲ့၍ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရပြီး မကြာမီ ယခုအ ငှားအိမ်ရာစီမံကိန်းကို စတင်ခဲ့ ခြင်းဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties