By Myanmar Builders Guide, Shweproperty.com
Updated at 4 November 2019
#Unicode
မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံသုံးစွဲ၍ မြို့နယ် ရှစ်မြို့နယ်တွင်ဝန်ထမ်းအိမ်ရာ ၁၉၂ ခန်းကိုတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးဦးသက်နိုင်က ပြောကြားသည်။
“ယခုလအတွင်းမှာပဲ တည်ဆောက်ဖို့တင်ဒါခေါ်နေပါပြီ။ လာမည့်နိုဝင်ဘာလမှာအပြီးတည်ဆောက်သွားမှာပါ။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့်မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆောက်လုပ်ခဲ့တဲ့ ဝန်ထမ်းအိမ်ရာတွေနဲ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအရေအတွက်ကိုနှိုင်းယှဉ်ရင် ၂၅ ဒသမ ၃၆ ရာခိုင်နှုန်း အိမ်ရာတွေတည်ဆောက်ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဌာနကဝန်ထမ်းတေါနေထိုင်ရေးနှင့် မြို့ပြစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးနေပါတယ်။ဆက်လက်ပြီးလည်းအရောင်းအိမ်ရာတွေတည်ဆောက်ပေးပြီး ဘဏ်ချေးငွေစနစ်နဲ့ဝယ်ယူနိုင်အောင်ဆက်စပ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု၎င်းကပြောသည်။
ယခုဘဏ္ဍာနှစ်တွင်တည်ဆောက်မည့်ဝန်ထမ်းအိမ်ရာတိုက်ခန်းများမှာတစ်ခန်းလျှင် ၆၅၀ စတုရန်းပေအကျယ်အဝန်းရှိလေးခန်းတွဲလေးထပ်ပါတိုက် ၁၂ လုံးအခန်းပေါင်း ၁၉၂ ခန်းကိုတည်ဆောက်ပေးသွားမည်ဖြစ်ပြီးအဆိုပါတိုက်ခန်းများအနက်ချမ်းမြသာစည်မြို့နယ်တွင်နှစ်လုံး၊ မလှိုင်မြို့နယ်တွင်တစ်လုံး၊ ရမည်းသင်းမြို့နယ်တွင်တစ်လုံး၊ စဉ့်ကူးမြို့နယ်တွင်နှစ်လုံး၊ မတ္တရာမြို့နယ်တွင်တစ်လုံး၊ ညောင်ဦးမြို့နယ်တွင်တစ်လုံး စုစုပေါင်းတိုက် ၁၂ လုံးကိုတည်ဆောက်ပေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၈ ဒသမ ၈ ဘီလီယံသုံးစွဲ၍ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၉၀ ကိုတည်ဆောက်ပေးခဲ့သည့်အပြင်ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့်လည်း ၄ ဒသမ ၈ ဘီလီယံသုံးစွဲကာ ဝန်ထမ်းအိမ်ရာတိုက်ခန်းပေါင်း ၂၄၀ ကိုတည်ဆောက်ပေးခဲ့ပြီဖြစ်ကြောင်းနှင့်ဆက်လက်၍အရောင်းအိမ်ရာများတည်ဆောက်ပေးနိုင်ရန် ဆောက်ရွက်ပေးလျှက်ရှိပြီး လက်ရှိတွင် ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) တွင်အိမ်ရာဝယ်ယူရန်ငွေစုဆောင်းထားကြသူ ၂၁၉၉ ဦးရှိကြောင်းသိရသည်။
#Zawgyi
မႏၱေလးတုိင္းေဒသၾကီးၿမိဳ႕ၿပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ တုိင္းေဒသၾကီးအစိုးရအဖြဲ႕၏ ေငြလုံးေငြရင္းခြင့္ျပဳရန္ပုံေငြ ေငြက်ပ္ ၃ ဒသမ ၇ ဘီလီယံသုံးစြဲ၍ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္တြင္ဝန္ထမ္းအိမ္ရာ ၁၉၂ ခန္းကိုတည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း ညႊန္ၾကားေရးမွဴးဦးသက္ႏုိင္က ေျပာၾကားသည္။
“ယခုလအတြင္းမွာပဲ တည္ေဆာက္ဖုိ႕တင္ဒါေခၚေနပါၿပီ။ လာမည့္ႏုိဝင္ဘာလမွာအၿပီးတည္ေဆာက္သြားမွာပါ။ ၂၀၁၉-၂၀၂၀ ဘတ္ဂ်က္ျဖင့္မႏၱေလးတုိင္းေဒသၾကီးအတြင္းမွာေဆာက္လုပ္ခဲ့တဲ့ ဝန္ထမ္းအိမ္ရာေတြနဲ႕တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းအေရအတြက္ကိုႏိႈင္းယွဥ္ရင္ ၂၅ ဒသမ ၃၆ ရာခုိင္ႏႈန္း အိမ္ရာေတြတည္ေဆာက္ေပးနုိင္ခဲ့ပါၿပီ။ ကၽြန္ေတာ္တုိ႕ဌာနကဝန္ထမ္းေတါေနထုိင္ေရးႏွင့္ ၿမိဳ႕ျပစနစ္တက်ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္အတတ္ႏုိင္ဆုံးၾကိဳးစားေဆာင္ရြက္ေပးေနပါတယ္။ဆက္လက္ၿပီးလည္းအေရာင္းအိမ္ရာေတြတည္ေဆာက္ေပးၿပီး ဘဏ္ေခ်းေငြစနစ္နဲ႕ဝယ္ယူႏုိင္ေအာင္ဆက္စပ္ေဆာင္ရြက္လ်က္ရွိပါတယ္”ဟု၎ကေျပာသည္။
ယခုဘ႑ာႏွစ္တြင္တည္ေဆာက္မည့္ဝန္ထမ္းအိမ္ရာတုိက္ခန္းမ်ားမွာတစ္ခန္းလွ်င္ ၆၅၀ စတုရန္းေပအက်ယ္အဝန္းရွိေလးခန္းတြဲေလးထပ္ပါတုိက္ ၁၂ လုံးအခန္းေပါင္း ၁၉၂ ခန္းကိုတည္ေဆာက္ေပးသြားမည္ျဖစ္ၿပီးအဆုိပါတုိက္ခန္းမ်ားအနက္ခ်မ္္းျမသာစည္ၿမိဳ႕နယ္တြင္ႏွစ္လုံး၊ မလိႈင္ၿမိဳ႕နယ္တြင္တစ္လုံး၊ ရမည္းသင္းၿမိဳ႕နယ္တြင္တစ္လုံး၊ စဥ့္ကူးၿမိဳ႕နယ္တြင္ႏွစ္လုံး၊ မတၱရာၿမိဳ႕နယ္တြင္တစ္လုံး၊ ေညာင္ဦးၿမိဳ႕နယ္တြင္တစ္လုံး စုစုေပါင္းတုိက္ ၁၂ လုံးကိုတည္ေဆာက္ေပးသြားမည္ျဖစ္သည္။
မႏၱေလးတုိင္းေဒသၾကီးၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ တုိင္းေဒသၾကီးအစုိးရအဖြဲ႕ရန္ပုံေငြက်ပ္ ၈ ဒသမ ၈ ဘီလီယံသုံးစြဲ၍ဝန္ထမ္းအိမ္ရာအခန္းေပါင္း ၅၉၀ ကုိတည္ေဆာက္ေပးခဲ့သည့္အျပင္ျပည္ေထာင္စုအစုိးရဘတ္ဂ်က္ျဖင့္လည္း ၄ ဒသမ ၈ ဘီလီယံသုံးစြဲကာ ဝန္ထမ္းအိမ္ရာတိုက္ခန္းေပါင္း ၂၄၀ ကုိတည္ေဆာက္ေပးခဲ့ၿပီျဖစ္ေၾကာင္းႏွင့္ဆက္လက္၍အေရာင္းအိမ္ရာမ်ားတည္ေဆာက္ေပးႏုိင္ရန္ ေဆာက္ရြက္ေပးလွ်က္ရွိၿပီး လက္ရွိတြင္ ေဆာက္လုပ္ေရးႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ (CHID) တြင္အိမ္ရာဝယ္ယူရန္ေငြစုေဆာင္းထားၾကသူ ၂၁၉၉ ဦးရွိေၾကာင္းသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties