By ဖြိုးဝေကျော်, Shweproperty.com
Updated at 4 January 2013
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာလက်ရှိအနေအထားမှာ မြို့တွင်းရောမြို့ကွက်သစ်အပိုင်းမှာပါ အရောင်းအဝယ်ငြိမ်နေပြီး အထူးသဖြင့် လူနေကျဲပါးသေးတဲ့ အကွက်အကွင်းတွေမှာရောင်းလိုသူတွေ ဘေးကြပ်နံကြပ်ကြုံတွေ့နေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။
ဒီလိုအနေအထားရှိနေတဲ အိမ်ခြံမြေဈေးကွက်မှာ ဝယ်လိုသူတွေအတွက်တော့ အားသာချက်တချို့ရှာတွေ့နိုင်တယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တချို့ကသုံး သပ်ပါတယ်။ အားသာချက်တချို့လို့ဆိုရာမှာ အဓိကအားဖြင့်တော့ရှေ့အလားအလာကောင်းတွေ ရှိနေတဲ့မြို့သစ်အိမ်ခြံမြေအပိုင်းတွေမှာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက် ဟာ မန္တလေးမြို့သာမက ရင်းနှီးမြှုပ်နှံဖို့၊ ငွေကြေးကစားဖို့ကောင်းတဲ့ တခြားမြို့ကြီးတွေမှာလည်း ငြိမ်သက်နေပါတယ်။ ဒါပေမယ့်မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ကိုပြန်ကြည့်လိုက်တဲ့အခါ တစ်ဖက်မှာမြို့ကွက်သစ်အပိုင်းတွေမှာ အကွက်အကွင်းတချို့ရဲ့ ရှေ့အလားအလာတွေဟာ ကြိုတင်ရင်းနှီးမြှုပ်နှံထားချင်ရလောက်အောင် ကောင်းမွန်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အခြေကျပြီးဖြစ်တဲ့မြို့သစ်အပိုင်းထဲမှာဆိုရင် ရှေ့နောက် သွယ်တန်းတည်ရှိနေတဲ့ ခိုင်ရွှေဝါလမ်းဟာ ရှေ့အလားအလာအရ အထက်ကို တက်ဖို့သာရှိနေပြီး အကွက်အကွင်း တော်တော်လှပါတယ်။ ဒီလမ်းပေါ်ကို အဓိက မျက်စိကျကြတဲ့ အပိုင်းကတော့ အနောက်ဘက်မှာ ၇၃ လမ်းကနေ အရှေ့ဘက်မှာ ၆၂ လမ်းအထိဖြစ်ပါ တယ်။
ဒီခိုင်ရွှေဝါလမ်းဟာ လမ်းကောင်းလမ်းကျယ်ဖြစ်ပြီး အခုဆိုရင် အဆောက်အအုံကောင်းတွေ အတော်များများ လည်း နေရာယူပြီး နေပါပြီ။ အဲဒီ လမ်းရဲ့၆၂ လမ်းနဲ့ နီးတဲ့အပိုင်းဟာ ဈေးနှုန်းပိုမြောက်ပြီး ၆၈ လမ်းတစ်ဝိုက်ကတော့ဈေးနှုန်းပိုလျော့ပါတယ်။ ဒီခိုင်ရွှေဝါလမ်းပိုင်းဟာ တခြား မြို့သစ်ကြားကွက်တွေနဲ့စာရင် ဈေးပိုပေးရပေမယ့် ငွေကြေးတတ်နိုင်တဲ့သူ တွေအတွက်တော့ စဉ်းစားသင့်တဲ့အပိုင်းပဲဖြစ်ပါတယ်။ အထူးသဖြင့်ဈေးနှုန်းငြိမ်နေတဲ့ အခုလိုကာလပဲဖြစ်ပါ တယ်။
ခိုင်ရွှေဝါလမ်း ပေါ်၊ ၆၂ လမ်း နဲ့ ၆၅လမ်းကြားမှာ ဒီလပိုင်းအတွင်း ပေ ၄ဝxပေ ၆ဝ အိမ်မြေတစ်ကွက်ကို ကျပ်သိန်း၄,ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်သွားတာ ရှိပြီး အရင်ကာလမျိုးဆိုရင် ဒီဈေးရဖို့မလွယ်ကြောင်း အကျိုးဆောင်တချို့ကပြောပါတယ်။
မျက်စိကျစရာကောင်းတဲ့ နောက်တစ်လမ်းကတော့ ခိုင်ရွှေဝါလမ်းနဲ့အပြိုင်တည်ရှိနေပြီး အိမ်မြေအကွက် ဖရိန်ကြီးတစ်ခုခြားထားတဲ့ ငုရွှေဝါလမ်းပဲ ဖြစ်ပါတယ်။ လက်ရှိတွေ့နေရတဲ့အိမ်မြေအကွက်အကွင်းအရ ငုရွှေဝါလမ်းရဲ့ ရှေ့အလားအလာကောင်းကိုကြိုတင်တွေ့မြင်နိုင်မှာ အမှန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းဟာလည်း ခိုင်ရွှေဝါလမ်းရဲ့ ဈေးနှုန်းတန်းနောက်ကနေ သိပ်မကွာခြားဘဲ လိုက်နေတယ်လို့ ဆိုနိုင် ပါတယ်။
နောက်ထပ် ညွှန်းချင်တာကတော့နောက်ပိုင်းမှာ အိမ်ခြံမြေအကွက်အကွင်း သိသိသာသာဖွံ့ဖြိုးလာခဲ့တဲ့မြို့သစ်အရှေ့ဘက်က ၅၈ လမ်းနဲ့ ၅၆လမ်း တို့ပဲ ဖြစ်ပါတယ်။ ၅၈ လမ်း ပိုင်းရဲ့အိမ်ခြံမြေအကွက်အကွင်းမှာ မနော်ဟရီလမ်းမြောက်ဘက်ပိုင်းနဲ့ ပြည်ကြီးတံခွန် မြို့နယ်ထဲက မင်းကြီးရန်နောင်လမ်းရဲ့ တောင်ဘက်ပိုင်း တစ်လျှောက်ကိုအလားအလာကောင်းတဲ့ အကွက် အကွင်းတွေအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ ၅၆ လမ်းကိုတော့ မနော်ဟရီလမ်းရဲ့ မြောက်ဘက်ပိုင်းတစ်လျှောက်ကို သဘော တွေ့မိကြမှာပါ။
လက်ရှိ ဈေးနှုန်းပေါက်ဈေးတွေအရ ၅၈လမ်းပေါ်မှာ ပေ ၄ဝx ပေ ၆ဝ အကျယ် မြေကွက်ကို ပျမ်းမျှ ကျပ်သိန်း ၂, ဝဝဝ၊၅၆ လမ်းပေါ်မှာ ပျမ်းမျှ ကျပ် သိန်း၂,ဝဝဝ နဲ့ ၃,ဝဝဝ ကြား ဈေးခေါ်ကြ ပါတယ်။
ရှေ့အလားအလာကောင်းတဲ့အကွက်အကွင်းတွေပါ။ လက်ရှိဈေးကွက်ကတော့ အေးတယ်''လို့ မြို့သစ်က အိမ်မြေအကျိုးဆောင်တွေက ပြောပါတယ်။
Source : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties