By Popular News Journal, Shweproperty.com
Updated at 22 May 2019
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်၊အသုံးပြုခွင့်လျှောက်ထားလာမှုများတွင်သစ်တောဖုံးလွှမ်းမှုရှိသောမြေနေရာများပါဝင်ခြင်းရှိ၊မရှိစိစစ်ပြီးခွင့်ပြုလျှက်ရှိကြောင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလှကျော်က ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။
ဦးလှကျော်က”မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်၊အသုံးပြုခွင့်လျှောက်ထားလာမှုတွေကိုသစ်တောဖုံးလွှမ်းမှုရှိတဲ့မြေနေရာများပါဝင်ခြင်းရှိ၊မရှိမြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ၆(ဂ)အရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပြီးစိစစ်ခွင့်ပြုလျှက်ရှိပါကြောင်း”ပြောကြားခဲ့သည်။
ဖောင်းပြင်မဲဆန္ဒနယ်မှဦးထွန်းဝေမေးမြန်းသော အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေလွတ်၊မြေလပ်၊မြေရိုင်းများနှင့်စပ်လျဉ်း၍တိကျစွာစိစစ်ပြီးမှသာ လုပ်ပိုင်ခွင့်ချထားပေးရန်၊ယခင်ကစိစစ်၍လုပ်ပိုင်ခွင့်ပေးထားသောမြေများသည် လက်တွေ့အားဖြင့်မြေမြင်တွင်စိစစ်ချက်နှင့်ကိုက်ညီခြင်းမရှိကြောင်းတင်ပြလာပါက ပြန်လည်ရုပ်သိမ်းပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကိုအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ယခင်လုပ်ပိုင်ခွင့်ပြုထားသောမြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကိုလည်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဖော်ထုတ်ပြီးစိုက်ပျိုးမှုမရှိသောမြေများကို နိုင်ငံတော်မှပြန်လည်သိမ်းယူခြင်းအလုပ်များကိုဆောင်ရွက်လျှက်ရှိကြောင်း ဦးလှကျော်ကပြောကြားခဲ့သည်။
သတ်မှတ်ကာလ(၄)နှစ်ကျော်ပြီးဖော်ထုတ်စိုက်ပျိုးခြင်းမရှိသောမြေများကို နိုင်ငံတော်မှပြန်လည်သိမ်းယူခြင်းလုပ်ငန်းများကိုဆောင်ရွက်နေပြီး ယခင်နှစ်နိုဝင်ဘာလအတွင်းကကျင်းပပြုလုပ်ခဲ့သောမြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏(၁၆)ကြိမ်မြောက်အစည်းအဝေးအထိ ဧကပေါင်း(၁၃၆၇၀၆၅)ဧကကိုပြန်လည်သိမ်းယူခဲ့ပြီးဖြစ်ကြောင်းလည်းသူကတင်ပြခဲ့သည်။
Ref :ဖူးဖူးအောင်
Photo Credit : Opendevelopmentcambodia
Posted By : Witt Yee(ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties