By 7daydaily, Shweproperty.com
Updated at 7 March 2016
ကိုယ်ပိုင်အိမ်နှင့် အ ဆောက်အအုံရှေ့တွင် သင်္ကြန် မဏ္ဍပ်ဆောက်လုပ်မှုများအတွက် သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံး များတွင် စတင်လျှောက်ထားနိုင် ပြီး စိစစ်၍ ခွင့်ပြုချက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ လာမည့် သင်္ကြန်ပွဲတော်အ တွက် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းကဲ့သို့ သော အများပိုင်ဧရိယာအတွင်း ဆောက်လုပ်မည့် မဏ္ဍပ်များကို ခွင့်ပြုချက်ပေးခြင်းအား ယခုအစိုးရလက်ထက်၌ ပြုလုပ်ပေး သွားမည် မဟုတ်သော်လည်း ကိုယ်ပိုင်နေအိမ်အဆောက်အအုံရှေ့ မဏ္ဍပ်များကိုမူ လျှောက်ထားမှုအ ပေါ်မူတည်၍ ခွင့်ပြုပေးသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦး ကျော်စိုးက ပြောသည်။
‘‘ကိုယ့်အိမ်ခြံဝင်းရှေ့၊ ရုံး ရှေ့မှာ သင်္ကြန်မဏ္ဍပ်ဆောက် မယ့်သူတွေက အဲဒီမြို့နယ်၊ ခရိုင် ထွေအုပ်ရုံးကို တင်ပြီးသူတို့က တစ်ဆင့် လျှောက်ထားချက်ကို တိုင်းဒေသကြီးအဆင့်တင်ပြီး စိ စစ်မယ်။ သတ်မှတ်ချက်နဲ့ ကိုက် ညီရင် ခွင့်ပြုသွားမယ်။ ဒါက ဒီ အစိုးရလက်ထက် လုပ်မယ့်အ ပိုင်းပေါ့။ အများပိုင်နေရာမှာ လုပ်ချင်တဲ့ သူတွေလည်း လျှောက်လွှာတင်ထားလို့ရတယ်။ အဲဒါကိုကျ တော့ ကျွန်တော်တို့က စာရင်းပြု စုရုံပဲ ပြုစုထားမှာပါ။ အစိုးရသစ် တက်လာရင် ဘယ်နေရာမှာ ဘယ်နှယောက်လျှောက်ထား တယ်ဆိုတာလွှဲပေးလိုက်မှာ။ နေရာချထားတာ၊ မဲနှိုက်ရွေးတာကို သူ တို့ပဲ ဆက်လုပ်လိမ့်မယ်’’ဟု ဦး ကျော်စိုးက ပြောသည်။
သင်္ကြန်မဏ္ဍပ်လျှောက်လွှာ များကို စတင်လက်ခံပေးနေပြီဆို သော်လည်း အစိုးရအပြောင်းအ လဲကာလဖြစ်နေခြင်းကြောင့် နောက်ဆုံး လက်ခံပေးသွားမည့် ကာလကို ကန့်သတ်ထားခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။
သင်္ကြန်ပွဲတော်အတွက် ကြို တင်ပြင်ဆင်မှုကို နောက်အစိုးရ တက်လာမှ လုပ်ဆောင်မည်ဆိုပါ က အချိန်အခက်အခဲကြောင့် မ လွယ်ကူနိုင်သဖြင့် ယခုအစိုးရ လက်ထက်တွင် လုပ်ဆောင်နိုင် သမျှ ဆောင်ရွက်ပေးထားခဲ့ခြင်း ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၉ ရက်က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပရေး၊ ပထမ အကြိမ်လုပ်ငန်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့််ဆွေက ပြောကြားခဲ့သည်။
လက်ရှိတွင် သင်္ကြန်ပွဲတော်အတွက် ဦးစီးကော်မတီတစ်ခုနှင့် လုပ်ငန်းကော်မတီ ၁၁ ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၅ တွင် ရန်ကုန် သင်္ကြန်၌ မဏ္ဍပ်အကြီး ၃၉ ခု၊ မဏ္ဍပ်အ လတ် ၁၃ ခုနှင့် မဏ္ဍပ်အသေး ၇၈ ခုတို့ ဆောက်လုပ်ခွင့်ပေးခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties