By သီဟကိုကို, Shweproperty.com
Updated at 24 September 2013
ရန်ကုန်းတိုင်းဒေသကြီး အတွင်း တစ်ပေ ပတ်လည် မြေဈေးနှုန်းများ တရားဝင်သတ် မှတ်ခဲ့သော်လည်း မြေဈေးနှုန်း အဆမတန် မြင့်တက် နေခြင်းကို ထိန်းချုပ်နိုင်မည် မဟုတ် ကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများက ပြောသည်။
အခွန်ဆောင်ရန်အတွက်သာ အဓိက ကျပြီး မြေဈေးကြီးမြင့်ခြင်းအ ပေါ် သကေ် ရာက် မှုရှိမည် မဟုတ် ကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်း အဝိုင်းက ဆိုသည်။
တစ်ပတ်ပေလည် မြေဈေးနှုန်းသတ် မှတ်ချက်များအရ ကာလ ပေါက်ဈေးထက် နည်းသည့် နှုန်းထား များ ဖြစ်နေခြင်းကြောင့် အခွန်ဆောင် ရန်အတွက်သာ ဖြစ်နိုင်ပြီး မြေဈေး ကြီးမြင့်နေမှုအား ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ယင်းတို့က သုံးသပ် ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင် မှု အသင်း၊ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ''ဒီသတ်မှတ်နှုန်းထားတွေနဲ့ ရောင်းရမယ်လို့ သတ်မှတ် တာ မဟုတ်ဘူး၊ သတ်မှတ်တာက အခွန်အတွက် အဓိကပါပဲ၊ မြေရောင်း တာ ဝယ်တာက ရောင်းတဲ့သူက သူေ ရာင်းချင်တဲ့ ဈေးနဲ့ ရောင်းမှာပဲ၊ လိုက်သတ်မှတ်လို့လဲ မရဘူး''ဟု ပြောသည်။
တစ်ပတ်ပေလည် မြေဈေးနှုန်းသတ်မှတ်ချက်များသည် အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ သက်မှတ်ပေး ခြင်း ဖြစ်ပြီး အောက် တိုဘာ ၁ ရက်တွင် စတင် အသက် ဝင်မည် ဖြစ်သည်။
ယင်းကို မြို့နယ်အလိုက်၊ လမ်း အလိုက် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါသတ်မှတ် နှုန်းထား များသည် လက်ရှိပြင်ပ ပေါက်ဈေး၏ လေးပုံ တစ်ပုံနှင့် သုံးပုံတစ်ပုံ ဝန်းကျင်ရှိ ကြောင်း လုပ်ငန်းရှင်များက ဆို သည်။
စိုင်းခွန်နောင် အိမ်ခြံမြေ ဝန် ဆောင်မှု ကုမ္ပဏီ၏ အထွေထွေမန် နေဂျာ ဦးရန်အောင်က''မြေဈေးကြီး တာကိုတော့ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး၊ မြေဈေးက ကြိုက်ရောင်း ကြိုက်ဝယ်ပဲ၊ သတ်မှတ်တာက ဒီ လမ်းမမှာ ဝယ်ရောင်းလုပ်တယ်ဆို ရင်တော့ ဒီလမ်းမရဲ့ သတ်မှတ်နှုန်း အတိုင်း အခွန်ဆောင်ရမယ် ဆိုတဲ့ သဘောပါပဲ''ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိ မြေတစ်ပေပတ်လည် နှုန်းထား သတ်မှတ်နှုန်းတွင် မရမ်းကုန်းမြို့ နယ်၊ ဗဟန်းမြို့နယ်နှင့် ကမာရွက် မြို့နယ် မြေဈေးသတ်မှတ်နှုန်း ထားမှုများသည် အမြင့်ဆုံး ဖြစ်နေသည်။
ဈေးနူန်းများမှာ ယေဘုယျအား ဖြင့် အမြင့်ဆုံး တစ်ပေပတ်လည်ကို နှစ်သိန်း ခုနစ်သောင်း ဝန်းကျင်နှင့် အနိမ့်ဆုံး နှုန်းထားသည် သုံး သောင်း ဝန်းကျင်ခန့်ထိရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိ မြို့နယ်များအားလုံး မြေဈေးနှုန်း များ သတ်မှတ်ထားပြီး အချို့မြို့နယ် များတွင် တစ်ပေပတ်လည် နှုန်းထား ဖြင့် သတ်မှတ်ခြင်း မဟုတ်ဘဲ ပေ ၄ဝx၆ဝ မြေကွက်များ သတ်မှတ် ထားကြောင်း သိရသည်။
အခွန်များမှာ ပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ် ပြုရာတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်သာယာရေး နယ်နိမိတ်အ တွင်းတွင် တံဆိပ်ခေါင်းခွန် ခုနစ်ရာ ခိုင်နှုန်း ဆောင်ရမည်ဖြစ်ကာ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ငါးရာခိုင်နှုန်း ဆောင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ အိမ်ခြံမြေ ဈေးနှုန်းများသည် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် အဆမတန် မြေဈေး ကြီးမြင့်မှုများ ဖြစ်လာပြီး၊ ရန်ကုန်မြို့ရှိ မြေဈေးနှုန်းများမှာ အရှေ့တောင်အာရှတွင် မြေဈေးအမြင့်ဆုံး နှုန်း များဖြစ်လာသည်။
မြေဈေးနှုန်း အဆမတန် ကြီးမြင့်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်ပေပတ်လည် မြေဈေးနှုန်းများ သတ်မှတ်ကာ ထိန်းချုပ် မည် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒု-ဝန် ကြီး ဦးမောင်မောင်သိမ်းက သြဂုတ် လအတွင်းက ဆိုထားခဲ့သည်။
အဆိုပါ ကာလကတည်းက တစ်ပေပတ်လည် မြေဈေးနှုန်း သတ် မှတ်ခြင်းသည် မြေဈေးကြီး မြင့်နေမှု အား ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်း ရှင်များကလည်း ဆိုထားသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties