By Sint Sint, Shweproperty.com
Updated at 20 January 2021
ပုံမှန်ဆို ရွာလမ်းမတန်း အိမ်မြေတစ်ကွက်ကို မြန်မာငွေကျပ် သိန်း ၃၀ ထိရောင်းချခဲ့ရာမှ ယခုလအတွင်း ကျပ်သိန်း ၆၀ အထိ ပေါက်စျေးမြင့်သွားကြောင်း၊ ပေ ၄၀၊ ၆၀ အကျယ်အဝန်း မြေကွက်များကို ဝယ်ယူသူအများစုသည် ဇီးကုန်းပင်လယ်ကမ်းခြေကို လာလည်ရင်း ကြိုက်နှစ်သက်သွားသူများဖြစ်ကြောင်းကို ဇီးကုန်းရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသွားပါသည်။ အရင်ကဆို ဇီးကုန်းရွာသည် မိုးရေဝိုင်းပြီး လှေနှင့်သွားလာရတာကြောင့် စိတ်ဝင်းစားမှုမရှိကြပါ။ ဒီလအတွင်း နေ့တိုင်းနီးပါး လာရောက်လည်ပတ် အပန်းဖြေသူလည်း များလာတော့ အလုပ်အကိုင်ရှားပါးနေခိုက် စျေးဆိုင်တည်၊ ဆိုင်ခန်းဖွင့်ရန် ရည်ရွယ်ကာ ဝယ်ယူကြသူများ ရှိကြောင်းကိုလည်း ထိုင်းအစားအစာရောင်းချသူ တစ်ဦးမှလည်း ဆိုပါသည်။ သံဖြူဇရပ် စက်စဲကမ်းခြေသွားမည်ဆိုပါက အသွားအပြန် တနေကုန်ကြာမြင့်မည်ဖြစ်ပြီး မွန်ပြည်နယ်၊ ဘီလူးကျွန်း ဇီးကုန်းပင်လယ်ကမ်းခြေမှာတော့ မော်လမြိုင်နဲ့ တစ်နာရီ ခရီးသာရှိ၍ ရုံးပိတ်ရက်များတွင် မကဘဲ နေ့စဉ်အပန်းဖြေသူများ ပေါများလျက်ရှိနေခြင်းဖြစ်သည်။ မော်လမြိုင်မှ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးမှလည်း ခုလိုပြောကြားထားပါသေးသည်။ “ မီဒီယာကနေ ကြားသိပြီး မော်လမြိုင် မုပွန်ရပ်ကလာခြင်းဖြစ်ပါတယ်၊ စက်စဲကမ်းခြေသွားလည်ရင် အသွားအပြန် တစ်နေကုန်ကြာမြင့်ပြီး ဇီးကုန်းကမ်းခြေကတော့ ပိုပြီးနီး၊ ပင်လယ်စာလည်း စျေးသက်သာပြီး ဒေသထွက် ဓနိရည်လည်းရတော့ လည်ပတ်လို့ အဆင်ပြေသည်ဟု ဆိုထားသည်။ ကမ်းခြေတွင် ဇီးကုန်းအမှတ်တရပစ္စည်းနဲ့ ငါးခြောက်ရောင်းချသူတစ်ဦးက “ Stay Home ကာလမှာ လူတွေလည်းမွန်းကျပ်လာကြတော့ ကျွန်မတို့ ဇီးကုန်ရွာကို အပန်းဖြေကြရင်း လူသိများကာ အပန်းဖြေသူပေါလာရခြင်း ဖြစ်ကြောင်းကိုလည်း ပြောကြားထားပါသည်။ ခရီးသွားလာသူ များပြားလာသည့်နှင့်အမျှ စျေးဆိုင်ခန်း၊ ကမ်းနား စားသောက်ဆိုင်တန်း၊ ဆိုင်ကယ်အပ်နားသည့် နေရာများလည်း ဖွင့်လှစ်လာနိုင်တော့ နယ်ခံများအနေနဲ့လည်း အပိုဝင်ငွေရလာကြသည်။ တံငါရွာလေးကနေ အပန်းဖြေစခန်းထိ ဖြစ်လာပြီဆိုတော့ ဒီထက်ပိုပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့တော့ မျှော်လင့်ကြောင်းကိုပါ အဆိုပါစျေးရောင်းချသူမှ ထပ်မံပြောကြားသွားပါသည်။ နောက်ဆုံးရ သတင်းများ မြန်မာလူဦးရေ သိန်းနှင့်ချီ အလုပ်အကိုင်ရရှိမည့် စက်မှုဇုန်စီမံကိန်း(၃)ခု ရန်ကုန်မြို့မှာ စတင် နိုင်ငံခြားဝင်ငွေများစွာရရှိနိုင်မည့် ကွန်ဒိုအခန်းပေါင်း ၆၀၀၀ ခန့်လျာထားကြောင်း မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား Written By: Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties