By The Voice Weekly, Shweproperty.com
Updated at 31 March 2013
မန္တလေးမြို့တော် မြရည်နန္ဒာနှင့် အောင်သာယာရပ်ကွက်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်းဆယ်ဂဏန်းဖြင့် အများပြည်သူသို့ရောင်းချနိုင်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC)က တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါကော်မတီမှအကြီးတန်းအရာရှိတစ်ဦးက The Voice Weekly သို့ပြောကြားသည်။ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကျပ်သိန်းတစ်ရာဝန်းကျင်ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါဈေးနှုန်းအောက် လျော့နိုင်သမျှ လျော့နည်းနိုင်စေ ရန် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
''တန်ဖိုးနည်းအိမ်ရာဈေးနှုန်းက ကျပ်သိန်း ၉ဝ အောက်ကို တော်တော်လေးလျော့သွားနိုင်တယ်'' ဟု (MCDC) မှ အကြီးတန်းအရာရှိ တစ်ဦးကပြောဆို သည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို မန္တလေးမြို့တွင်ကျူးကျော်ဟုဆိုကာ ဖယ်ရှားခံရသူများကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတည်ဆောက်နိုင်ရန်အတွက် ဃြီဃ မှကော်မတီဝင်နှစ်ဦး ထိုင်းနိုင်ငံသို့သွားရောက် လေ့လာလျက်ရှိကြောင်း မြို့တော်ဝန်ဦးအောင်မောင်းကပြောကြားသည်။
''တန်ဖိုးနည်းအိမ်ရာအတွက် မြေနေရာ၊ လျှပ်စစ်မီး၊ လမ်း၊ ရေတို့ကို စည်ပင်ကအကုန်အကျခံတည်ဆောက်ပေး သွားမှာပါ။ သင်္ကြန်ပြီးတာနဲ့ အကောင်အထည်ဖော်ဖို့စမယ်'' ဟု ဃြီဃ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
အဆိုပါတန်ဖိုးနည်း တိုက်ခန်းအရေအတွက် ငါးထောင်ကျော်ကို မြရည်နန္ဒာနှင့် အောင်သာယာရပ်ကွက်အတွင်းရှိ လမ်း ၄၄ နှင့် ၄၈ လမ်းကြား ယုဇနလမ်းနှင့် စပါယ်လမ်းကြားအကွက်အမှတ် မမ - ၁၅၊၁၆/၂၆၊ ၂၇၊ ၂၈၊ ၂၉ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာအတွက် ပေ ၂ဝ၊ ပေ ၃ဝ အာစီတိုက်ခန်းများ ဆောက်လုပ်မည်ဆိုပါက အဆိုပါအကျယ်အဝန်း အတွက် တည်ဆောက်ရေးကုန်ကျစရိတ်မှာ အနည်းဆုံးကျပ်သိန်းတစ်ရာခန့်ရှိသည်ဟု မန္တလေးမြို့တော်ရှိဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties