By ဖြိုး, Shweproperty.com
Updated at 7 January 2014
မန္တလေးစည်ပင်သာယာရေးကော်မတီနှင့် မန်းမြန်မာကုမ္ပဏီတို့ အကျိုးတူဆောင် လုပ်သည့် မန္တလေးမြို့၏ ပထမဆုံးအ ထပ်မြင့် ကွန်ဒိုမီနီယံ မန်းမြန်မာကွန်ဒို၏ ခြောက်ထပ်မှ၂၅ထပ်အထိ လူနေတိုက်ခန်း များကို ဇန်နဝါရီ၁၆ရက်တွင် ဖွင့်လှစ်မည် ဟု မန္တလေးမြို့စည်ပင်သာယာရေး ကော်မ တီအဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးမျိုးအောင်ကပြောသည်။
အဆိုပါ မန်းမြန်မာကွန်ဒိုမှာ မန္တလေးမြို့ ၈၄လမ်း၊ ၂၇နှင့်၂၈လမ်းကြားတွင် ဆယ်နှစ်တာကာလအချိန်ယူတည်ဆောက် ခဲ့သည့် ၂၅ထပ်ကွန်ဒိုမီနီယံ အဆောက် အအုံဖြစ်သည်။ မြေညီထပ်မှ ခြောက်လွှာ အထိ ဆိုင်ခန်းများနှင့် ကားပါကင်အတွက် တည်ဆောက်ထားကာ မန်းမြန်မာပလာဇာ အဖြစ် ၂ဝဝ၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။
ခြောက်ထပ်မှ ၂၅ထပ်အထိ လူနေတိုက်ခန်း များကိုမူ ဇန်နဝါရီ၁၆ရက်တွင် ဖွင့်လှစ်မည် ဖြစ်သည်။
မန်းမြန်မာ ၂၅ထပ် ကွန်ဒိုမီနီယံကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန်းမြန်မာဆောက်လုပ်ရေးတို့ အ ကျိုးတူတည်ဆောက်ခြင်းဖြစ်သည်။ မန္တလေး မြို့စည်ပင်သာယာရေး ကော်မတီသည် လူနေ တိုက်ခန်း၄၃ခန်း ရရှိမည်ဖြစ်သည်ဟုလည်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနစုမှူး ဒေါ်လဲ့လဲ့ခိုင်က ပြောသည်။
အဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့် လူနေထိုင်ရန် သင့်လျော်သည့်အနေအထားများ ကို မန္တလေးမြို့စည်ပင်မှ စစ်ဆေးတွက် ချက်ပြီးမှ ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် ၈ဒသမ ၅ ရစ်ချ်တာ စကေးအထိ ငလျင်ဒဏ်ခံနိုင်သည်။
ကွန်ဒိုတစ်ခုလျှင် အခန်းအရေအတွက် ၇၂ခန်းပါဝင်ပြီး ကွန်ဒိုနှစ်ခုအတွက် စုစု ပေါင်း ၁၄၄ ခန်း ပါဝင်ဖွဲ့စည်းထားပြီး အ ခန်းတစ်ခန်းလျှင် စတုရန်းပေ ၁ယ၉၈ဝ ခန့် အကျယ်အဝန်းရှိသည်။ ဖွင့်ပွဲနေ့တွင် လူ နေတိုက်ခန်း၂ဝကိုလည်း မန်းမြန်မာဆောက် လုပ်ရေးက ရောင်းချပေးသွားမည်ဖြစ်သည်။
၂ဝဝ၃ ခုနှစ် စက်တင်ဘာတွင် ဌာနတွင်း အတည်ပြုစာချုပ်ချုပ်ဆိုခဲ့ကာ ၂ဝဝ၄ ခုနှစ်၊ ဇန်နဝါရီ၁ရက်တွင် တည်ဆောက်ရေး လုပ် ငန်းများ စတင်ခဲ့သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties