By myanmar property journal, Shweproperty.com
Updated at 16 July 2013
ယခုနှစ်တွင် မန္တလေးမြို့၌ ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးများဖြစ်သည့် ကျောက်စရစ်ခဲနှင့် သဲဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းချသူများထံမှ သိရသည်။
“နှစ်တိုင်း ဒီအချိန်ဆို ကျောက်စရစ်ခဲရော၊ သဲရောက ဈေးကျနေကျပါ၊ ဒါပေမဲ့ ဒီနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက မှာယူတာ များတာရယ်၊ စီမံကိန်းတွေ ရှိတာရယ်ကြောင့် ဈေးနှုန်းက ကျမသွားဘဲ အတက်ကို ဦးတည်နေပါတယ်”ဟု ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများရောင်းချသူ ကိုဝင်းဌေးက ပြောသည်။
မန္တလေးမြို့တွင် သုံးစွဲနေသော ဖြုန်း (ခေါ် ) ကျောက်စရစ်ခဲ အများစုသည် အုန်းချောရှိ ကျောက်ထုတ်လုပ်ရေးစခန်းများမှ ရရှိခြင်းဖြစ်သော်လည်း မြို့တွင်းသို့ ဝင်ရောက်မှု လျော့နည်းလာသဖြင့် ဈေးနှုန်းများ မြင့်တက်လာခြင်းလည်း ဖြစ်သည်ဟု သိရသည်။
အဓိက တိုက်တာအဆောက်အအုံများ တည်ဆောက်ရာတွင် ကျောက်စရစ်ခဲနှင့် သဲများကို ထည့်သွင်း တည်ဆောက်မှသာလျှင် ပိုမိုခိုင်ခံ့မည်ဖြစ်သောကြောင့် သဲ၊ ကျောက်စရစ်များကို အသုံးပြုမှုများသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြည်ပမှ မှာယူတင်သွင်းသော သံချောင်း၊ ဘိလပ်မြေများ၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိရာ ၎င်းတို့ နည်းတူ ယခုထက် ကျောက်စရစ်ခဲနှင့် သဲဈေးနှုန်းများ မြင့်တက် လာဖွယ်ရှိသည်ဟု အဆိုပါလုပ်ငန်းရှင်များက ပြောကြားသည်။ မန္တလေးမြို့တွင် သဲထော်လာဂျီတစ်စီးလျှင် ကျပ် ၅,၆၀၀ နှုန်း၊ ကျောက်စရစ်ခဲ ကျပ် ၇,၅၀၀ နှုန်းရှိကြောင်း သိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties