By Myanmar Builders Guide, Shweproperty.com
Updated at 8 February 2019
မန္တလေး ပုသိမ်ကြီး မြို့နယ်တွင်းရှိ မန္တလေး - ပြင်ဦးလွင်သွား ကားလမ်းဘေးဝန်းကျင်က မြေနေရာ အချို့ အခုရက်ပိုင်းအတွင်း သိန်းရာချီဈေး တက်နေတယ်လို့ ဒေသခံအကျိုးဆောင် အချို့က ပြောကြားထားပါတယ်။
အထူးသဖြင့် မန္တလေး - ပြင်ဦးလွင် သွား ကားလမ်းဘေး အောင်ပင်လယ်၊ သမ္မတောကျေးရွာပတ်ဝန်းကျင်တစ်လျှောက်က မြေနေရာတွေ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။
မန္တလေး - ပြင်ဦးလွင်သွား ကားလမ်းဘက်မှာဆိုရင် သမ္မ တော ကျေးရွာဘက်မှာ သည်ရက်ပိုင်း အရောင်းအဝယ်အချို့ဖြစ်နေပြီး လက်ရှိ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ဈေးတန်းတွေ ကို ကြည့်ခြင်းအားဖြင့် ယခုလိုဈေးတက် လာတာသိတာလို့ အကျိုးဆောင်အချို့ က ပြောကြားထားပါတယ်။
အဆိုပါကားလမ်းဘေး မြေနေရာတွေဟာ ရေတံခွန်တောင်ခြေ၊ ရေတံခွန်တောင် ဂေါက်ကွင်းနား ဧရိယာဧက ၅ဝဝ မှာ တည်ဆောက်မယ့် ရေတံခွန်တောင်အိမ်ရာစီမံကိန်းနဲ့ မလှမ်းမကမ်းမှာရှိပါတယ်။
ဒါ့အပြင် မကြာခင်မှာ ယခုထက်ပိုမိုဖွံ့ဖြိုးလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ယခုလို ဈေးတက်လာတာဖြစ်တယ်လို့ နယ်ခံအကျိုးဆောင်အချို့က ခန့်မှန်း ပြောဆိုထားပါတယ်။
အရောင်းအဝယ်ဈေးကွက်မှာ တစ်ဧက ကျပ်သိန်း ၁,ဝဝဝ မှ ၄,ဝဝဝ ကြား တန်ဖိုးရှိ လယ်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ အကျိုးဆောင်အချို့က ထပ်မံပြောဆိုထားပါတယ်။
မြို့ရဲ့အနီးပတ်ဝန်းကျင်ရှိ လူနေ အကွက်အကွင်းတွေနဲ့ နီးစပ်တဲ့ဒေသတွေက လယ်မြေအချို့ အရောင်းအဝယ် ဖြစ်တာဖြစ်ပြီး လယ်ယာမြေဝယ်လက်အများစုဟာ ပေါင်းစည်းလယ်ယာပြု လုပ်ဖို့၊ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားဖို့နဲ့ အကွက်ရိုက်ပြန်ရောင်းဖို့ ဝယ်တာများတယ်လို့ နယ်ခံ အကျိုးဆောင်အချို့ဆီက စုံစမ်းသိရှိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties