By Kumudra, Shweproperty.com
Updated at 14 February 2019
မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အငှားတွေပိုမိုအလုပ်ဖြစ်နေပြီး အရင်နှစ်ကထက်စာရင်အငှားသွက်သလို ဈေးနှုန်းလည်း မြင့်မားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့ဆီက သိရပါ တယ်။
အိမ်ပိုင်ရှင်က အငှားအိမ် ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို သတ်မှတ်စည်းကမ်းချက်များနဲ့အညီလျှောက်ထားပြုလုပ်ဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော် မတီက ကြေညာချက် ထုတ်ပြန်ထားတယ်။ ယင်းလိုင်စင်အတွက် ပေးဆောင်ရမယ့် နှုန်းထားက ငှားရမ်းခရဲ့ ငါး ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဆိုပါ လိုင်စင် ကြေးရှိနေတာ ကြောင့်ယခုနှစ်အတွက် အိမ်ငှားခနှုန်းထား ဟာ ယခင်နှစ်တွေနဲ့ စာရင်ငှားရမ်းခ အနည်းငယ် မြင့်မားစေတာ လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
ယခင်နှစ်က တစ်လငှားရမ်းခ သိန်း ၂၀ ခန့်ကျသင့်တဲ့ မြေဟာယခုနှစ်မှာ တစ်လ ငှားရမ်းခ ကျပ်သိန်း ၃၀ ခန့်အထိ မြင့်တက်လာတာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
မန္တလေးမြို့တွင်း အိမ်ခြံမြေအငှားဈေးကွက်မှာ အိမ်ခြံမြေငှားရမ်းခနှုန်းထားတွေဟာ အချို့နေရာတွေမှာ ငါးနှစ်အတွင်း ရှစ်ဆခန့် မြင့်တက်လာပါတယ်။
အကွက်အကွင်းကောင်းမွန်ပြီး ကားရှိုး ရွမ်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် စသဖြင့် စီးပွားရေးအရ လုပ်ကိုင်လို့ အဆင်ပြေတဲ့ အချက်အချာနေရာတွေရှိ နေရာ ကျယ်ဝန်းတဲ့ အိမ်ခြံမြေငှားရမ်းခနှုန်းထား တွေက အများဆုံးဈေးတက်လာတာပါ။
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အဖြစ် ဖွင့်လှစ်ဖို့ အဆင်ပြေတဲ့ ၂၆ လမ်း မေးတင်မြေကွက်ကျယ်တစ်ခုရဲ့ မြေနေရာ ငှားရမ်းခဟာ ၂၀၁၂ ခုနှစ်က တစ်လငှား ရမ်းခ ကျပ်ရှစ်သိန်းခန့်သာ ပေါက်ဈေး ရှိရာကနေ ယခုနှစ်မှာတော့ ကျပ်သိန်း ၆၀ ခန့်အထိ ဖြစ်လာပါတယ်။
ထို့အတူ ၆၆ လမ်းပေါ်က တစ်လငှား ရမ်းခ ကျပ် ၁၀ သိန်းခန့်ပေါက်ဈေးရှိတဲ့ မြေနေရာဟာသည်နှစ်မှာ ငှားရမ်းခ ကျပ်သိန်း ၈၀ ကျော်အထိ ဈေးတိုးတောင်းနေတယ်လို့ သိရပါတယ်။
အငှားဈေးကွက်မှာ ဈေးကွက်လိုအပ် ချက် မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ခြံမြေဈေးအဆမတန်မြင့်တက်မှုတွေကြောင့် ငါးနှစ်အတွင်း ယခုလောက်အထိ အငှား ဈေးမြင့်တက်လာတယ်လို့ အကျိုးဆောင် အချို့က ပြောပါတယ်။
မန္တလေးအိမ်ခြံမြေဆိုင်ခန်း အငှားဈေးကွက်မှာ ၂၆ လမ်းကနေ ၃၅ လမ်းအထိ ၊ လမ်း ၈၀ နဲ့ ၈၄ လမ်းကြား ဧရိယာကို ဇုန်အေ၊ ၇၈ လမ်းနဲ့ ၇၃ လမ်းကြား ဧရိယာ ကို ဇုန်ဘီ၊ ၇၂ လမ်းကနေ ၆၂ လမ်းအထိ ဧရိယာကို ဇုန်စီနဲ့ မြို့သစ်ဧရိယာတွေကို ဇုန်ဒီ အဖြစ် သတ်မှတ်ပါတယ်။
အဲသည်ထဲမှာဇုန်အေရဲ့ အိမ်ခြံမြေ ဆိုင်ခန်းငှားရမ်းခနှုန်းဟာ အမြင့်ဆုံး ဖြစ်ပြီး မျက်နှာစာပေ အကျယ်အဝန်း အဆောက်အအုံပေါ်မူတည်ကာ တစ်လငှားရမ်းခ ကျပ် ၁၂ သိန်းခန့်ကနေ သိန်း ၂ဝဝ ကျော် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties