By Myanmar Builders Guide, Shweproperty.com
Updated at 4 February 2019
မန္တလေးခရိုင် မြို့နယ်များအလိုက် အိမ်ခြံမြေအခွန်စည်းကြပ်မှု နှုန်းထား သတ်မှတ်ချက်ကို လက်ရှိဘဏ္ဍာနှစ်တွင် ပျမ်းမျှရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ်မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းဝယ်မှု လုပ်ငန်းအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စည်းကြပ်မှုနှုန်းထားများ (ရာဖြတ်တန်ဖိုး) ကို ယခုဘဏ္ဍာနှစ်တွင် ပျမ်းမျှ ရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားများကို မြေပြင်အနေအထားနှင့် လိုက်လျောညီထွေရှိရန် နှစ်အလိုက်သတ်မှတ်ထုတ်ပြန်ပေးခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉အတွက် ၂၀၁၈ ခုနစ် အောက်တိုဘာလက အများသိရှိစေရန် ကြေညာခဲ့ကာ ယင်းကဲ့သို့ လျှော့ချသတ်မှတ်ခြင်းကြောင့် လာရောက်အခွန်ပေးဆောင်မှု များပြားလာကြောင်း သိရသည်။
“အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားက ၂၀၁၇-၁၈ ထက် ပျမ်းမျှရာခိုင်နှုန်း ၃၀ လောက် လျော့တော့အခွန်ဆောင်သူနှစ်ဆလောက် တိုးလာတယ်။ ဒါကလည်း တိုင်းဝန်ကြီးချုပ်ရဲ့ သဘောတူညီမှုအရပေါ့။ နှုန်းထားတွေ အရမ်းများနေလို့ ကွင်းဆင်းကြည့်ပါ ပြောလို့မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ပေးခဲ့တယ်။ ဒီတော့ လိုလိုလားလားနဲ့လာပြီးတော့ ဆောင်ကြတဲ့အတွက် အရင်နှစ်တွေထက်စာရင် လာရောက်ပေးဆောင်မှုက နှစ်ဆလောက် မြင့်တက်လာတယ်” ဟု မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးက ပြောကြားသည်။
ယင်းကဲ့သို့ လျှော့ချသတ်မှတ်ပေးမှုကြောင့် အရောင်းအဝယ်ဖြစ်သော ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်များမှ လာရောက်အခွန်ဆောင်မှုများပြားကာ ယခုနှစ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်မှလည်း လာရောက်အခွန်ဆောင်မှု များပြားလာကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာရောက်ပြီး အခွန်ဆောင်သည့် အမှုတွဲ ၁၀၀ မှ ၁၅၀ ထိရှိလာပြီး ရောက်ရှိလာသည့် အမှုတွဲများကို တစ်လလျှင် တစ်ကြိမ်အစည်းအဝေးမှ ပြီးပြတ်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာန မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ် အခွန်လျာထားချက်မှာကျပ် ၁၅၇ ဘီလျံရှိပြီး ဇန်နဝါရီလလယ်ခန့်အထိ ၂၃ ဘီလျံ ကောက်ခံရရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties