By Myanmar Builders Guide, Shweproperty.com
Updated at 27 May 2019
လာမည့်နှစ် ၂၀ အတွင်း လူဦးရေ ၁၀ သန်းကို ထမ်းဆောင်ရဖွယ်ရှိသည့် စီးပွားရေးမြို့တော်သည် Mega City တစ်ခုအဖြစ် ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဧရိယာကို မည်ကဲ့သို့ ချဲ့ထွင်ရမည်ကို ကျွမ်းကျင်သူများက အမျိုးမျိုးတွက်ချက်နေကြသည်။
အလျင်အမြန်ဆုံးကုစားနိုင်ရန် အစိုးရအပါအဝင် မြို့ပြပညာရှင်ကျွမ်းကျင်သူများက နည်းလမ်းအမျိုးမျိုး ရှာဖွေနေကြပြီ ဖြစ်သည်။
နှစ်စဉ်မိုးကာလရေကြီးရေ လျှံမှုများဖြစ်ပေါ်၍ ယာဉ်ကြောကျပ်တည်းမှုများနှင့် နေထိုင်မှု စရိတ်ကြီးမြင့်လာသည့် စီးပွားရေးမြို့တော် ရန်ကုန်သည် ရွှေ့ ပြောင်း အခြေချနိုင်နေထိုင်သူ များပြားလာခြင်းကြောင့် မြို့ဧရိယာကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်များက ထောက်ပြသည်။
လက်ရှိ ၇၉၄ စတုရန်း ကီလိုမီတာ၊ မိုင်အားဖြင့် ၃၀၆ မိုင်ကျော်ကျယ်ဝန်းသည့် ရန်ကုန် သည် ကိုလိုနီခေတ်က လူဦးရေ သုံးသောင်းအတွက်သာ ရည်ရွယ်၍ ဆူးလေစေတီကို ဗဟိုပြုမြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။
ရွှေ့ပြောင်းအခြေချသူများ ပြားလာခြင်းကြောင့် လွတ်လပ်ရေးရပြီးကာလတွင် မြို့ဧရိယာကို အစိုးရလက်ထက်အဆက်ဆက် မြို့သစ်များဖော်၍ တိုးချဲ့လာခဲ့ရာ ယနေ့အထိ အဆိုပါမြို့သစ်များ၌ အခြေခံအဆောက်အအုံကောင်းများ မပြည့်စုံသေးကြောင်း မြို့ပြစီမံ ကိန်းရေးရာ ဆောင်းပါးများ ရေးသားနေသူမြင့်မိုရ်ဆွေက သုံးသပ်သည်။
‘‘ ထပ်တိုးချဲ့မယ့် မြို့သစ်တွေက စီမံခန့်ခွဲမှု မကောင်းရင် အခုလက်ရှိ ရွှေပြည်သာ တို့၊ လှိုင်သာယာ တို့လို အခြေအနေမျိုးတွေ ဖြစ်ကုန်လိမ့်မယ်။ မြို့ကိုမြို့တွေ မဝိုင်းဘဲ မြို့ကို ရွာတွေ ဝိုင်းသလို ဖြစ်သွားလိမ့်မယ်’’ဟု လက်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ မြင့်မိုရ်ဆွေက စိုးရိမ် တကြီး ထောက်ပြသည်။
ရန်ကုန်မြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး အချို့ကမူ ရန်ကုန်ကို ဘေးသို့ တိုးချဲ့ခြင်း ထက် မြို့တွင်းပိုင်း၌ တိုးချဲ့၍ရသည့် အခြေအနေများ ရှိနေသေး ပြီး အလျင်စလိုမတိုးချဲ့သင့် ကြောင်း အကြံပြုသည်။
‘‘ မြို့သစ်ထပ်ချဲ့ရင် တစ်နေရာနဲ့ တစ်နေရာအလှမ်းဝေးနေလိမ့်မယ်။ အပေါ်ကို ဒေါင်လိုက်တက်လို့ရတဲ့ အနေအထားတွေ အများကြီးရှိသေးတယ်။ လူနေ Apartment တွေ ဆောက်လို့ရတာတွေလည်းရှိတယ်။ အလောတကြီးတော့ မလိုသေးဘူး’’ဟု အောင်သစ္စာမင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထူးမြတ်လင်းက ပြောသည်။
နေပြည်တော် သို့ ပြောင်းရွှေ့သွားသော ဝန်ကြီးဌာနများက အသုံးမပြုဘဲ ပလပ်ထားသည့် လုပ်ငန်းသုံးမြေများ၊ ဂိုဒေါင် များ၊ စက်ရုံ များ၊ စစ်တပ်ဧရိယာပိုင်မြေ အချို့မှာ မြို့တွင်းပိုင်း၌များစွာ ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။
မြို့ပြစီမံကိန်းပညာရှင်အများစုက စနစ်တကျဘေးသို့ ဖြန့်ထွက်ပြီး တိုးချဲ့ခြင်းသာ ပိုမိုကောင်းမွန်သည်ဟု ပြောဆိုကြကာ စီးပွားရေးလုပ်ငန်းရှင်အချို့ နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကမူရှိပြီးသား မြို့ကိုသာ အပေါ်သို့ ဒေါင်လိုက်တိုးချဲ့သင့် သည်ဟု ယူဆနေကြသည်။
ယင်းစီမံကိန်းတွင် ရန်ကုန်ကို တိုးချဲ့ရန် ဦးစားပေးအဆင့် ခုနစ်ဆင့်အထိ သတ်မှတ်ထားသည်။ ယင်းအထဲတွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံ ကိန်း၊ ရန်ကုန်တောင်ပိုင်းမြို့သစ် စီမံကိန်းဟု အပိုင်းနှစ်ပိုင်း ခွဲခြားကာ စီမံကိန်းများထဲတွင် ထန်းတပင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ သန်လျင်အစရှိသည့်မြို့များပါဝင်လာပြီး ဧရိယာကို အသီးသီးချဲ့ထွင်ကြမည်ဖြစ်သည်။
အဆိုပါမြို့သစ်များအားလုံး ရှိ စုစုပေါင်း မြေဧက တစ်သိန်းကျော်ကို ချဲ့ထွင်ရန် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် ဖော်ပြထားသည်။
ရန်ကုန်သည် အနာဂတ်တွင် မီဂါစီးတီးမြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိတော့မည်ဖြစ်သော ကြောင့် လူဦးရေတိုးပွားနှုန်းပေါ် မူတည်၍ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး မှု စီမံကိန်းကိုသုံးနှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
သို့သော်မဟာဗျူဟာများ အရ ဆက်တိုက်အကောင်အထည်ဖော်မည်ဆိုပါက အစိုးရတွင် ဘဏ္ဍာရေးအခက်အခဲအချို့ရှိနိုင် ကြောင်း ဦးတိုးအောင်က ဆိုသည်။
‘‘မြို့သစ်တွေ ချဲ့တဲ့အခါ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး ၁၉၉၀ ထဲက လန ၃၉ ရပြီးသားမြေတွေ အများကြီး မြို့စွန်မှာရှိတယ်။ စီမံကိန်းတစ်ခုချင်းစီမှာ ပရောဂျက် တွေ များလွန်းလို့ တကယ်လုပ်နိုင် ဖို့ပဲ လိုမယ်။ လိုအပ်ရင် နိုင်ငံတကာ အကူအညီတွေလည်း အများကြီး ယူသင့်ရင် ယူရမှာပေါ့’’ ဟု ဦးတိုးအောင်က ဆိုသည်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းသည် ကာလလတ်၊ ကာလရှည်စီမံကိန်းများဟူ၍ ခွဲခြား00သတ်မှတ်ထားကာ ၂၀၄၀ ပြည့်နှစ်အထိ ရေရှည်ဆွဲထားသည့် စီမံကိန်းဖြစ်ခြင်းကြောင့် တက်လာသော အစိုးရအဆင့်ဆင့်က ဆက်လက်အကောင်အထည်ဖော်သွားရမည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties