By သိမ့်သိမ့်စိုး, Shweproperty.com
Updated at 26 September 2012
မိတ္ထီလာမြို့သည် အာရှလမ်းမကြီးများ ဆုံတွေ့ရာမြို့ဖြစ်လာမည်ဟုသော သော သတင်းများ ထွက်ပေါ်လာ ပြီးနောက် မြို့ဝန်းကျင်ရှိ မြေဈေး နှုန်းများ ထက်ဝက်ကျော်ထိ မြင့် တက်နေကြောင်း မိတ္ထီလာမြို့ရှိ မြေပွဲစားများက ပြောသည်။
''ဒီရက်ပိုင်းမှာ မြေအဝယ် လာတဲ့သူ တော်တော်များတယ်။ ဈေးတွေကလည်း ထက်ဝက်ကျော်လောက်ကို တက်လာတာ။ အခုဆို တခြားမြို့တွေက ပါ ဆင်း လာပြီးဝယ်တော့ ဈေးကပိုတက် လာတယ်'' ဟု မြေအရောင်းအ ဝယ်ပြုလုပ်နေသော ပွဲစားဦးမျိုး ဇော်ကပြောသည်။
ယင်းမြို့အနီးရှိ မြေဈေးနှုန်း များသည် ယခင်က တစ်ဧကလျှင် ကျပ်သိန်း ၃ဝ-၄ဝ ဝန်းကျင်ခန့် သာရှိသော်လည်း ယခုရက်ပိုင်း တွင် တစ်ဧကလျှင် ကျပ်သိန်းတစ် ရာကျော်ထီ ဈေးနှုန်းမြင့်တက် နေကြောင်း သိရသည်။
ယခုလအတွင်း၌ မိတ္ထီလာ မြို့သို့ ရန်ကုန်၊ မန္တလေးမြို့များအ ပြင် နေပြည်တော်မှလည်း မြေ ယာက ိုရင်း နးှီ မြုှပန် ရံှ န ်လာရောက် ဝယ်ယူနေကြကြောင်း ဒေသခံ မြေအရောင်းအဝယ် ပြုလုပ်သူ များက ပြောသည်။ လက်ရှိ မြေလာရောက် ဝယ် ယူသူအများစုသည် လမ်းမကြီး များ ဘေးတွင် စက်သုံးဆီ ရောင်း ချရန် မြေနေရာ ဝယ်ယူသူနှင့် မြေကွက်ကို အရောင်းအဝယ် ပြု လုပ်ရန် ဝယ်ယူသူများကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်ဧကနဲ့ ၄ဝ ရှိတဲ့ မြေကွက်ကို ၂၃ဝ န ဲ့အရောင်းအဝြယ်ဖစ်သွားတယ်။ အရင်ကဆို ဒီမြေက ၁ဝဝ ဝန်း ကျင်လောက်ပဲ ရှိတယ်'' ဟု မြေပွဲ စားကပြောသည်။
မိတ္ထီလာမြို့သည် ထိုင်း-မြန်မာ-အိန္ဒိယ လမ်းဖောက်မည့် AH1 လမ်းမကြီးနှင့် လာအိုမြန်မာ-ကမ္ဘော ဒီးယား AH2မကြီးများ ဖြတ်သန်းသွားမည်ဖြစ် ပြီး တရုတ်-မြန်မာ AH3 လမ်းမ ကြီးသည် AH1 နှင့် ဆုံစည်းမည် ဖြစ်၍ လမ်းမကြီး သုံးခုလုံးနှင့် ဆက်စပ်နေရာဖြစ်သည့်အတွက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံသူများလာ ရောက်ဝယ်ခြင်းကြောင့် မြေဈေး ကောင်း နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။
အမြန်လမ်းမကြီး လမ်းတစ်လျှောက်အ နီးရှီ မြို့ထွက်လမ်းများဖြစ်သော မိတ္ထီလာမြို့ထွက် ကျောက်ပန်းတောင်း လမ်းဘေးနှင့် မိတ္ထီလာမြို့ထွက် ကျောက်ပန်းတောင်းလမ်းများ၏ လမ်းဘေးဝဲယာ၌ရှိသော လယ် ယာမြေများကို ဝယ်ယူမှုများနေ ကြောင်း မြေပွဲစားဦးဇော်မင်းက ပြောသည်။
"ပြီးခဲ့တဲ့နှစ်တွေက တစ်ဧက သိန်း ၂ဝ ဝန်းကျင်လောက်ရှိတဲ့ မြေက သိန်း ၁၅ဝ လောက်ထိ ဈေးတက်သွားတယ်'' ဟု ဦးဇော် မင်းကပြောသည်။
မိတ္ထီလာဝန်းကျင်သည် အမြန်လမ်းမကြီးများ အပြင် မြို့သစ်တည်ဆောက်မည်ဆိုသော သတင်းများကြောင့် မြေဈေးနှုန်း များ မြင့်တက်နေခြင်းဖြစ်သည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties