By Myanmar Builders Guide, Shweproperty.com
Updated at 25 June 2019
မကွေးတိုင်းဒေသကြီး နတ်မောက်လမ်းမကြီးနှင့် ပေ ၇ဝဝ ခန့် ကွာဝေးပြီး ဖန်ခါးမြေ ဂေါက်ကလပ် အရှေ့ဘက်ရှိ ဧရာဝတီအဆင့်မြင့် အိမ်ရာတိုက်ခန်းများကို ရစ်ချ်တာစကေး ၇ အဆင့် ငလျင်ဒဏ်ခံနိုင်သည်အထိ တည်ဆောက် ထားပြီး တိုက်ခန်းပေါင်း ၁၁ဝ ရှိသည့် အနက် တစ်ဝက်ကျော်ကို ရောင်းချပြီးဖြစ်ကာ ကျန်တိုက်ခန်း ၅၂ ခန်းကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အိမ်ရာတိုက်ခန်းကို စဝယ်မယ်ဆိုရင် ဘဏ်နဲ့ချိတ်ဆက်ပြီး ၃ဝ ရာခိုင်နှုန်း စသွင်းရပါမယ်။ ၃ဝ ရာခိုင်နှုန်းကိုမှ ခြောက်ရစ်ခွဲပြီး ပေးနိုင်ပါတယ်။ ကျန်ငွေကို ငါးနှစ်ခွဲပြီး ဆပ်ရမှာပါ။ ဝယ်ချင်ပေမယ့် မတတ်နိုင်တဲ့ အခြေအနေတွေ ရှိနေရင်လည်း ညှိနှိုင်းရောင်းချ ပေးသွားပါမယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အကောင်းဆုံးသုံးထားပြီး ရစ်ချ်တာစကေး ၇ အဆင့် ငလျင်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားပါတယ်'' ဟု ဧရာဝတီအဆင့်မြင့် အိမ်ရာတာဝန်ရှိသူ ဦးဟန်မောင်က ပြောသည်။
စတုရန်းပေ ၈၇၆ ရှိ တိုက်ခန်းများတွင် Master Bed Room တစ်ခန်း၊ ရိုးရိုးအိပ်ခန်း တစ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းတို့ ပါဝင်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ငွေကျပ် ၃၂၅ သိန်း၊ အရစ်ကျစနစ်ဖြင့် ငွေကျပ် သိန်း ၃၅ဝ ကျသင့်မည် ဖြစ်ကြောင်း၊ စတုရန်းပေ ၁၂၂ဝ ရှိ တိုက်ခန်းများတွင် Master Bed Room တစ်ခန်း၊ ရိုးရိုးအိပ်ခန်း နှစ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းနှင့် ဘုရားခန်းများ ပါဝင်မည်ဖြစ်ကာ လက်ငင်းစနစ်ဖြင့် ငွေကျပ် ၄၂၅ သိန်း၊ အရစ်ကျစနစ်ဖြင့် ငွေကျပ် သိန်း ၄၅ဝ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties