By Myanmar Builders Guide, Shweproperty.com
Updated at 13 June 2019
မကွေးမြို့ရှိ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှ နေအိမ်ခန်း ၂၅၀ ကျော်ကို နေအိမ်အခက်အခဲရှိနေသည့် ဝန်ထမ်းများအား သင့်တင့်သော လစာနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုထံမှ သိရသည်။
ငှားရမ်းနေထိုင်ခွင့်
"မကွေးမြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဆောက်လုပ် ထားတဲ့ ချမ်းမြေ့သာယာတန်ဖိုးနည်းအိမ်ရာမှာ တိုက် ၁၆လုံး၊ အခန်း ပေါင်း ၃၀၄ ခန်းပါရှိပြီး အခန်း ၅၃ ခန်းသာ ရောင်းချခဲ့ရပါတယ်။ အခန်း ပေါင်း ၂၅၁ ခန်းကတော့ မရောင်းရဘဲ ကျန်ရှိနေပါတယ်။ ကျန်နေတဲ့ အခန်း တွေကို နေအိမ်အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သင့်တင့်တဲ့ လစာနှုန်းထားတစ်ခုနဲ့ ငှားရမ်းနေထိုင်ခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောဆိုသည်။
မကွေးမြို့ပေါ်တွင် တာဝန်ကျနေသည့် တချို့ဝန်ထမ်းများသည် နေထိုင်စရာဝန်ထမ်းနေအိမ်ခန်းမရကြသည့်အတွက် အပြင်၌ တစ်လကို ကျပ်ငါးသောင်း၊ တစ်သိန်းပေးပြီး နေအိမ်ငှားရမ်းနေထိုင်ရကြောင်း၊ ရသည့် လစာငွေဖြင့် မည်သို့မှမကာမိကြောင်း၊ ယင်းအတွက် နိုင်ငံတော် သမ္မတထံ တင်ပြဆောင်ရွက်နေရကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ရှင်းပြသည်။
ထပ်မံတည်ဆောက်
မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ဂန့်ဂေါ စသည့်ခရိုင်မြို့များအပြင် ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီးမြို့များတွင် နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာအဆောက်အအုံများ ပြည်ထောင်စုအစိုးရခွဲတမ်းချပေး သည့် ကုန်သွယ်လုပ်ငန်းခွန်ထဲမှ ရရှိငွေဖြင့် အိမ်ရာတစ်လုံးလျှင် ငွေ ကျပ်သန်း ၁၀ဝ၀ ခန့်တန်ဖိုးရှိသော ဝန်ထမ်းအိမ်ရာ ၁၀ လုံးကို ဆောက် လုပ်ကာ ဝန်ထမ်းများအား နေအိမ်ခန်းများပေးထားပါကြောင်း၊ ထို့အပြင် မကွေးနှင့် ဂန့်ဂေါမြို့၌ ဝန်ထမ်းအိမ်ရာနှစ်လုံး ထပ်မံဆောက်လုပ်နေ ကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties