By Myanmar Builders Guide, Shweproperty.com
Updated at 22 November 2019
#Unicode
မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ တာဝန်ကျရာဒေသတွင် အိမ်နှင့် တိုက်ခန်းများ ငှားရမ်းနေထိုင်ရသည့် အခက် အခဲများ အဆင်ပြေစေရေးအတွက် ၂၀၁၉ ခုနှစ်အထိ ဝန်ထမ်းအိမ်ရာအလုံး ၆၀ တည် ဆောက်ကာ ဝန်ထမ်းအိမ်ရာအခန်း ပေါင်း ၁၀၄၉ ခန်းအား အငှားချထားပေးကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသူရိန်ထံမှ သိရသည်။
"နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ ဝန်ထမ်းများ မိမိတို့ တာဝန်ကျရာ ဒေသများမှာ ဌာနမှ ဝန်ထမ်းအိမ်ရာ ဝန်ထမ်းလိုင်းခန်း မရ ရှိသဖြင့် အပြင်မှာ နေအိမ်၊ အိမ်ခန်းငှားရမ်းနေ ထိုင်ကြရပြီး အခက်အခဲဖြစ်နေတဲ့ ဝန်ထမ်းတွေ အတွက် ယခုလို ဝန်ထမ်းအိမ်ရာတွေဆောက် လုပ်ပေးနေတာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသ ကြီးအတွင်း ၁၉၅၆-၁၉၅၇ ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၉ ခုနှစ်အထိ ဝန်ထမ်းအိမ်ရာ အလုံး ၆၀၊ အခန်းပေါင်း ၁၀၄၉ ခန်း တည်ဆောက် ပေးခဲ့တယ်" ဟု ညွှန်ကြားရေးမှူး ဦးသူရိန်က ပြောကြားခဲ့သည်။
ဝန်ထမ်းအိမ်ရာများကို မကွေးမြို့တွင် ၅၃ လုံး အခန်းပေါင်း ၇၂၂ ခန်း၊ ရေနံချောင်း မြို့တွင် ဝန်ထမ်းအိမ်ရာတစ်လုံး အခန်း ၄၆ ခန်း၊ ချောက်မြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၆ ခန်း၊ တောင်တွင်းကြီးမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၆ ခန်း၊ မင်းဘူးမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၇ ခန်း၊သရက်မြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၇ ခန်း၊ ပခုက္ကူမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ပေါင်း ၄၇ ခန်း၊ ဂန့်ဂေါမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၈ ခန်းတည်ဆောက်ပေးခဲ့ကြောင်း ၎င်း က ရှင်းလင်းပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောက်လုပ်နေသည့် မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာနှစ်လုံးသည် အခန်းပေါင်း ၄၈ ခန်းပါဝင်ကာ အခန်းတစ်ခန်းလျှင် ၆၅၈ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။
ဝန်ထမ်းအိမ်ရာတိုက်ခန်းများကို နိုင်ငံ ဝန်ထမ်းများ သက်သာချောင်ချိစွာ နေထိုင်နိုင် ရေးအတွက် တည်ဆောက်ပေးထားပြီး အဆိုပါ အဆောက်အအုံများတွင် ဝန်ထမ်းများကို ငှားရမ်းနေထိုင်စေကာ အရာထမ်းဖြစ်ပါက လစာ၏ ငါးရာခိုင်နှုန်း၊ အမှုထမ်းဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းတို့ဖြင့် လစဉ်အခန်းခ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
#Zawgyi
မေကြးတိုင္းေဒသႀကီးအတြင္းရွိ ႏိုင္ငံ့ ဝန္ထမ္းမ်ား တာဝန္က်ရာေဒသတြင္ အိမ္ႏွင့္ တိုက္ခန္းမ်ား ငွားရမ္းေနထိုင္ရသည့္ အခက္ အခဲမ်ား အဆင္ေျပေစေရးအတြက္ ၂၀၁၉ ခုႏွစ္အထိ ဝန္ထမ္းအိမ္ရာအလုံး ၆၀ တည္ ေဆာက္ကာ ဝန္ထမ္းအိမ္ရာအခန္း ေပါင္း ၁၀၄၉ ခန္းအား အငွားခ်ထားေပးေၾကာင္း မေကြးတိုင္းေဒသႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳး ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးသူရိန္္ထံမွ သိရသည္။
"ႏိုင္ငံတာဝန္ထမ္းေဆာင္ေနတဲ့ ႏိုင္ငံ ဝန္ထမ္းမ်ား မိမိတို႔ တာဝန္က်ရာ ေဒသမ်ားမွာ ဌာနမွ ဝန္ထမ္းအိမ္ရာ ဝန္ထမ္းလိုင္းခန္း မရ ရွိသျဖင့္ အျပင္မွာ ေနအိမ္၊ အိမ္ခန္းငွားရမ္းေန ထိုင္ၾကရၿပီး အခက္အခဲျဖစ္ေနတဲ့ ဝန္ထမ္းေတြ အတြက္ ယခုလို ဝန္ထမ္းအိမ္ရာေတြေဆာက္ လုပ္ေပးေနတာ ျဖစ္ပါတယ္။
မေကြးတိုင္းေဒသ ႀကီးအတြင္း ၁၉၅၆-၁၉၅၇ ဘ႑ာႏွစ္မွစတင္ၿပီး ၂၀၁၉ ခုႏွစ္အထိ ဝန္ထမ္းအိမ္ရာ အလုံး ၆၀၊ အခန္းေပါင္း ၁၀၄၉ ခန္း တည္ေဆာက္ ေပးခဲ့တယ္" ဟု ၫႊန္ၾကားေရးမႉး ဦးသူရိန္က ေျပာၾကားခဲ့သည္။
ဝန္ထမ္းအိမ္ရာမ်ားကို မေကြးၿမိဳ႕တြင္ ၅၃ လုံး အခန္းေပါင္း ၇၂၂ ခန္း၊ ေရနံေခ်ာင္း ၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာတစ္လုံး အခန္း ၄၆ ခန္း၊ ေခ်ာက္ၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ၄၆ ခန္း၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ၄၆ ခန္း၊ မင္းဘူးၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ၄၇ ခန္း၊သရက္ၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ၄၇ ခန္း၊ ပခုကၠဴၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ေပါင္း ၄၇ ခန္း၊ ဂန္႔ေဂါၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ တစ္လုံး အခန္း ၄၈ ခန္းတည္ေဆာက္ေပးခဲ့ေၾကာင္း ၎ က ရွင္းလင္းေျပာၾကားသည္။
၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ စတင္ေဆာက္လုပ္ေနသည့္ မေကြးၿမိဳ႕ႏွင့္ ဂန္႔ေဂါၿမိဳ႕တို႔တြင္ ေဆာက္လုပ္ဆဲ ဝန္ထမ္းအိမ္ရာႏွစ္လုံးသည္ အခန္းေပါင္း ၄၈ ခန္းပါဝင္ကာ အခန္းတစ္ခန္းလွ်င္ ၆၅၈ စတုရန္းေပ က်ယ္ဝန္းေၾကာင္း သိရသည္။
ဝန္ထမ္းအိမ္ရာတိုက္ခန္းမ်ားကို ႏိုင္ငံ ဝန္ထမ္းမ်ား သက္သာေခ်ာင္ခ်ိစြာ ေနထိုင္ႏိုင္ ေရးအတြက္ တည္ေဆာက္ေပးထားၿပီး အဆိုပါ အေဆာက္အအုံမ်ားတြင္ ဝန္ထမ္းမ်ားကို ငွားရမ္းေနထိုင္ေစကာ အရာထမ္းျဖစ္ပါက လစာ၏ ငါးရာခိုင္ႏႈန္း၊ အမႈထမ္းျဖစ္ပါက လစာ၏ သုံးရာခိုင္ႏႈန္းတို႔ျဖင့္ လစဥ္အခန္းခ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties