By Sint Sint, Shweproperty.com
Updated at 5 January 2021
အခုခေတ် မြို့ပြနေထိုင်သူ အများစုဟာ မိုက်ခရိုဝေ့ခ်ကို အသုံးပြုလာကြပါပြီ။ ဒါကြောင့် သတိထားသင့်တဲ့ အချက်တွေကို ပြန်လည် မျှဝေလိုက်ရပါတယ်...... မိုက်ခရိုဝေ့ခ် မီးဖိုအားလုံးလိုလိုဟာ ဓာတ်ရောင်ခြည် စိမ့်ထွက်ခြင်းနဲ့ ရေဒီယိုသတ္တိကြွခြင်းတို့ ဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည် စိမ့်ထွက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံး နည်းကတော့ မီးဖိုတံခါးကို လုံခြုံအောင် ပိတ်ထားခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုဝေ့ခ်ရဲ့ အပူရှိန်ဖြင့် အစားအစာတွေကို ကျက်စေခြင်းကြောင့် မိုက်ခရိုဝေ့ခ်က အစားအစာရဲ့ မျက်နှာပြင်ပေါ် ထိတွေ့တာနဲ့ အတွင်းဘက်ကို 5cm (3 in)အထိ အပူ ဝင်နိုင်ပါတယ်။ အစာအဆိပ်သင့်စေတဲ့ ဘတ်တီးရီးယားတွေကို သေဖို့ အတွက် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် လိုအပ်ပါတယ်။ ဆောင်ရန် အချက်များ – ချက်ပြုတ်စရာများ ထည့်ထားစဉ်အတွင်း မိုက်ခရိုဝေ့ခ် ပေါင်းဖိုအသစ်က ထိခိုက်ပျက်စီးနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ – မိုက်ခရိုဝေ့ခ် မီးဖိုအား လက်တစ်ကမ်း အကွာတွင် ထားပါ။ – အစားစာ ကျက်ဖို့ အတွက် လိုအပ်တဲ့ အပူချိန်ကို သိရှိစေဖို့ သာမိုမီတာကို သုံးပါ။ – မီးဖိုဝင်ပေါက်အား သန့်ရှင်းအောင် ထားပါ။ ရှောင်ရန် အချက်များ – မိုက်ခရိုဝေ့ခ် မီးဖိုတံခါး ကောင်းစွာ မပိတ်နိုင်ဘဲ ချက်ပြုတ်ခြင်း မပြုသင့်ပါ။ – အစားအသောက် ချက်ပြုတ်နေစဉ်အတွင်း တံခါးကို လုံး၀ မဖွင့်ရပါ။ – မီးဖိုအား အလေးချိန် မရှိဘဲ မချက်ပြုတ်ရပါ။ – မိုက်ခရိုဝေ့ခ် မီးဖိုအတွင်း မည်သည့် သတ္တုပစ္စည်းမှ မထားရှိရပါ။ – မိုက်ခရိုဝေ့ခ် မီးဖိုဖြင့် ကြက်ဥ၊ ဘဲဥ မပြုတ်ရပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ ရေခဲသေတ္တာထဲမထည့်သင့်သော အစားအစာ နှင့် အသီးအနှံ (၉) မျိုး Credit : Myfoodmyanmar Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties