By Myanmar Builders Guide, Shweproperty.com
Updated at 23 January 2019
သန်လျင်မြို့နယ်ရှိStar City ၊ City Loft အိမ်ရာစီမံကိန်းတိုက်ခန်းများကို အနည်းဆုံးကျပ်သိန်း ၄၂၀ ဖြင့် စတင်ရောင်းချနေသည်ဟု FMI ကုမ္ပဏီအုပ်စု လက်အောက်ခံကုမ္ပဏီ Yoma Land က ဇန်နဝါရီ ၁၉ ရက်တွင် ကြေ ညာသည်။
အဆိုပါအိမ်ရာစီမံကိန်းကို လူလတ်တန်းစားများအတွက် ရည်ရွယ်၍ Star City အိမ်ရာဝင်းရှိ မြေ ၂၂ ဧကတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကို ဇန်နဝါရီ ၁၉ ရက်က စတင်ခဲ့သည်။
‘‘အခုလို စတင်ရောင်းချလိုက်တဲ့အတွက် သမားရိုးကျအိမ်ခြံမြေဈေးကွက်ကို လက်လှမ်းမမီနိုင်သူတွေအတွက် ပိုမိုလွယ်ကူစွာဝယ်ယူနိုင်စေဖို့ ရည်ရွယ်ထားပါတယ်’’ ဟု FMI ကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။
အိမ်ရာစီမံကိန်းမှ တိုက်ခန်းများသည် အနည်းဆုံးကျပ်သိန်း ၄၂၀ မှ အမြင့်ဆုံး ကျပ်သိန်း ၁,၆၀၀ အထိဈေးရှိပြီး အိမ်ရာဝယ်ယူသူများကို ပထမအဆင့် ၂၀၂၀ တွင် တိုက်ခန်းများအပ်နံှ မည်ဟု ကုမ္ပဏီကဆိုသည်။
ဝယ်ယူသူများအတွက် အိမ်ရာချေးငွေချေးငှားမည်ဖြစ်ပြီး ကျသင့်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ၂၅ နှစ်အရစ်ကျပေးသွင်းရမည် ဖြစ်သည်။ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြစ်သည်။
အထက်ပါ စီမံကိန်းတွင် ပထမအဆင့်အပိုင်း(က)၌ အခန်း ၂၅၀ နှင့် အပိုင်း(ခ)တွင် အခန်း ၅၀၀ ပါဝင်မည်ဟု ဦးသိမ်းဝေက ပြောကြားသည်။
တိုက်ခန်းများဆောက်လုပ်ခြင်းကို A-1 ဆောက်လုပ်ရေးကုမ္ပဏီက ကန်ထရိုက်ယူဆောက် လုပ်ခြင်းဖြစ်သည်။
အခန်းဝယ်ယူရာတွင် ပထမဆုံးသဘောတူညီမှုအရ အခန်းခ၏ ၁၀ ရာခိုင်နှုန်းကို စတင်ပေးသွင်းရပြီး တစ်နှစ်ကြာလျှင် နောက်ထပ် ၁၀ ရာခိုင်နှုန်းနှင့် အခန်းအပ်ပါက ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းရမည်ဟု တိုက်ခန်းဝယ်ယူသူ ဦးအေးထွန်းကဆိုသည်။
FMI ကုမ္ပဏီသည် Yomaland ကုမ္ပဏီ အမည်ဖြင့် သန်လျင်မြို့နယ်ရှိ မြေ ၁၃၅ ဧက တွင် ကြယ်စင်အိမ်ရာကို လူနေအိမ်အခန်းတစ်သောင်း ဖော်ထုတ်နေသည်။
ထို့အပြင် လှိုင်သာယာ၌ ပန်းလှိုင်အိမ်ရာနှင့် ရန်ကုန် မြို့လယ်မီးရထားရုံး နေရာတွင် The Peninsular Yangon အမည်ဖြင့် တည်ဆောက်နေသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties