By Myanmar Times, Shweproperty.com
Updated at 20 June 2016
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဈေး နှုန်းအနိမ့်တန်းနဲ့ အလတ်တန်းမှာရှိတဲ့ အိမ်ခြံမြေ အကွက်အကွင်းတချို့ဟာ လတ်တလောမှာ အရင်ကခေါ်ခဲ့တဲ့ နှုန်းထားတွေ ထက်အောက်ချပြီး ဈေးခေါ်လာကြကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ အရောင်းအဝယ် သိသိသာသာ ငြိမ်သက်ခဲ့ပြီး ဈေးကွက်အေးနေ တာ နှစ်ကာလ ကြာလာခဲ့တဲ့နောက်၊ ကျပ်သိန်း ရာဂဏန်းနဲ့ ကျပ်သိန်း ၁,၀၀၀ ပတ်ချာ လည် အိမ်ခြံမြေအကွက်အကွင်းတချို့ဟာ အရင် အရောင်းအဝယ် သွက်လက်စဉ်က နှုန်းထားတွေထက် ဈေးချခေါ်လာကြတာ ဖြစ်ပါတယ်။ အရောင်းအဝယ်လည်ပတ်မှု နှေးကွေး နေတဲ့ အိမ်မြေဈေး ကွက်ရဲ့ ရှေ့အလား အလာကို မှန်းဆရခက်ခဲနေပေမဲ့ တချို့ အကျိုးဆောင်တွေကတော့ အစိုးရသစ် တက်လာခဲ့တဲ့ ဒီနှစ်အတွင်းမှာ ဈေးကွက် ပြန်ထူးခြားနိုင်တယ်လို့ သုံးသပ်ကြတာ ရှိပါတယ်။
ဒါပေမဲ့ တချို့ကတော့ အခွန်နှုန်းထား အသစ်ကြောင့် ထင်သလောက် မပေါက်နိုင် ဘူးလို့ ဆိုကြပါတယ်။ ၂၀၁၆ ခုနှစ်မတိုင်မီ ၂၀၁၅ ခုနှစ်မှာ အိမ်မြေအရောင်းအဝယ် လုပ်ရာမှာ ပေးဆောင်ရမယ့် အခွန်နှုန်းထား သတ်မှတ် ချက်က လုပ်သာကိုင်သာ ရှိခဲ့တာတောင်မှ အရောင်းအဝယ်က လှုပ်ခတ်ခဲ့ခြင်း မရှိပါ ဘူး။ ဒါကြောင့် ၂၀၁၆ မှာ အခွန်ကိစ္စဟာ ဈေးကွက်အတွက် အရေးပါတဲ့ အတား အဆီးတစ်ခု ဖြစ်နေတယ်လို့ အကျိုးဆောင် တချို့က သုံးသပ်ပါတယ်။ အခွန်သတ်မှတ်ချက်ကို ယှဉ်ကြည့်ရင် ၂၀၁၅ ခုနှစ်မှာ အိမ်မြေတန်ဖိုး တစ်ကျပ်က နေ ကျပ်သိန်း ၁,၀၀၀ အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ ကနေ ကျပ်သိန်း ၅,၀၀၀ အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,၀၀၀ ကနေ ကျပ်သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၅,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း ဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အခွန်အကောက်ဥပဒေသစ်အရ တစ်ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၁,၀၀၀ အထိကို ၂၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ဖို့ သတ်မှတ် လိုက်တာကြောင့် အရင်က အခွန်စနစ် ဟောင်းဟာ ဝယ်လက်တွေအတွက် ပိုပြီး လုပ်သာကိုင်သာ ရှိခဲ့တာကို တွေ့ကြရမှာပါ။
ဈေးကွက်မှာ အရောင်းအဝယ် ကြာရှည် စွာ ငြိမ်သက်နေတာကို တောင့်မခံနိုင်တော့တဲ့ အဆုံးမှာ ကျပ်သိန်း ၅၀၀ နဲ့ အောက် ဈေး တန်းတွေဟာ ကျပ်သိန်း ၁၀၀ ပတ်ချာလည်၊ ကျပ်သိန်း ၁,၀၀၀ နဲ့ ၁,၅၀၀ ကြား ဈေးတန်း တွေဟာ နေရာအကွက်အကွင်းကို လိုက်ပြီး ကျပ်သိန်း ၂၀၀ ပတ်ချာလည်အထိ ဈေးချ ခေါ်လာကြတာဖြစ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ ဒီနေရာမှာ လူကြိုက်များပြီး အထိုင်ကျပြီး ဖြစ်တဲ့ ကျပ်သိန်း ၃,၅၀၀ ဝန်းကျင် ဈေးခေါ် ကြတဲ့ အကွက်အကွင်းတွေကတော့ အများ စုက ဈေးနှုန်းမာဆဲဖြစ်ပြီး မြို့တွင်းဈေး ကွက်ကတော့ အငှားဈေးကွက်ကသာ ဦးဆောင်နေဆဲ ဖြစ်သည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties