By Myanmar Property Journal, Shweproperty.com
Updated at 13 August 2013
ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုချက်မ (Central Business District)အဖြစ် အကောင်အထည်ဖော် ရန်အတွက် မင်းဓမ္မပတ်ဝန်းကျင်ရှိ မြေဧရိယာ ၃၆. ၅ ဧကခန့် အသုံးပြုရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ဖွံ့ ဖြိုးရေးနှင့် မြေစီမံခန့်ခွဲမှုဌာန မှ သတင်းရရှိသည်။
“လောလောဆယ်တော့ ဧရိယာ ဘယ်လောက် လုပ်မယ်ဆိုတာ မသိရသေးဘူး၊ မင်းဓမ္မဧရိယာတစ်ဝိုက်မှာ ဝိတိုရိယဆေးရုံကို ဖယ်လိုက်ရင် စည်ပင်ပိုင်မြေ ၃၆. ၅ ဧက ခွဲလောက်ရှိတယ်၊ ကာကွယ်ရေးမြေ နဲ့ အများပြည်သူ နေနေတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်”ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မင်းဓမ္မပန်းကွင်းနှင့် ဆက်စပ်မြေများသည် မရမ်းကုန်းမြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်မြို့သို့ မြောက်ဘက်မှ လာရာလမ်းကြောင်းနှင့် အနီးဆုံးနေရာတွင် တည်ရှိ၍ အချက်အချာကျသည့် နေရာဖြစ်သောကြောင့် ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေး ဗဟိုအချက်အချာနေရာ အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့ကို မြောက်ဘက် ကလာရင် မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ ပဲခူးဘက်က လာလည်း မင်းဓမ္မကို ရောက်တယ်၊ လေဆိပ်နဲ့လည်း နီးတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားကြတယ်၊ အဲဒီလိုနေရာမှာ ဟိုတယ်တွေ၊ Apartmenrt တွေ၊ ရုံးခန်းတွေ တည်ဆောက်သွားမယ်ဆိုရင် ဖွံ့ဖြိုးမှုနဲ့ အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်”ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်၏ လက်ရှိ CBD ခေါ် စီးပွားရေး ဗဟိုအချက်အချာနေရာဖြစ်သည့် မြို့လယ် ခြောက် မြို့နယ်တွင် မြို့ပတ် ဆင်ခြေဖုံးရပ် ကွက်များမှ နေ့စဉ် လာရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေမှာ ရန်ကုန်မြို့ ပြ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး တစ်နေရာတည်းသို့ စုပြုံ ဝင်ရောက်ခြင်းကြောင့် သယ်ယူပို့ ဆောင်ရေး အခက်အခဲ၊ ရုံခန်းနေထိုင်ရာ နေရာအခက်အခဲများ ကြုံတွေ့နေရသည်။
အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် ဒုတိယစီးပွားရေး ဗဟိုအချက်အချာကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties