By မေဝင်းမွန်, Shweproperty.com
Updated at 9 August 2012
မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီ မင်္ဂလာမန္တလေးမြို့သစ်အမည်ရှိ စီမံကိုန်းကို ဩဂုတ်လ ၁၂ ရက်နေ့တွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင် စီမံကိန်းဖော်ဆောင်မည့် C.A.D ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။ ထိုစီမံကိန်းကို အမေရိက၊ တရုတ်၊ စကာပူ၊ ထိုင်ဝမ် စသည့် နိုင်ငံတကာ ဗိသုကာ ပညာရှင်များ ပါဝင်သည့် SCP နဲ့ မန္တလေး မှ မြန်မာဗိသုကာများပါဝင်သည့် C.A.D အဖွဲ့များ ပူးပေါင်းပုံစံ ထုတ် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် အကျိုးတူ New Star Light ဆောက်လုပ်ရေးနှင့် C.A.D ဆောက်လုပ်ရေးတို့မှ မြန်မာကျပ်ငွေ ၉၁ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဟု သိရသည်။မန္တလေးမြို့ ၇၃ လမ်း၊ သဇင်လမ်း နှင့် ငုရွှေဝါလမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် နိုင်ငံတကာဘောလုံးကွင်းသစ် ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ မြေဧရိယာ ၄၇ ဧကတွင်တည်ဆောက်သွားမည်ဖြစ်သည်။
''မျက်နှာချင်းဆိုင်မှာရှိတဲ့ နိုင်ငံတကာအားကစားကွင်းကြီး ကိုအထောက်အကူပြု အဆောက် အဦတွေဖြစ်တဲ့ ကားပါကင်၊ ဟိုတယ်တွေ၊ စူပါမားကက်တွေအပြင် အိမ်ရာစီမံကိန်းလည်း ပါဝင်ပါတယ်။ လမ်းတွေမပြီး၊ ဘာတွေ မပြီးနဲ့ မြေကွက်ရိုက်ပြီးပေးလိုက်တဲ့ စီမံကိန်းပုံစံမျိုးတွေကနေ ခွဲထွက်ပြီး အခြေခံအဆောက်အအုံတွေဆောက်လို့ပြီးမှ မြေ ကွက်တွေကို ရောင်းပေးသွားမှာ ပါ။ ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့ပုံစံ မျိုးလည်းမဟုတ်ပါဘူး ။ ရေမြောင်းတို့၊ လျှပ်စစ်မီးစနစ်တွေကိုလည်း မြေအောက်စနစ် အသုံးပြုမှာပါ။ လုံခြုံရေးစနစ်၊ မီးအန္တရာယ် ကာ ကွယ်မှုစနစ်၊ မြေခင်းအလှဆင် စတာ တွေအတွက်လည်း စနစ်တ ကျဆောင် ရွက်ထားပါတယ်။ နိုင်ငံ တကာအဆင့်မီတဲ့ မြို့ပြစီမံကိန်း စံနမှုနာဖြစ်အောင် ၊ ဒေသတွင်းစီး ပွားရေးလုပ်ကိုင်မှု အခွင့်အလမ်းတွေတိုးအောင် ရည်ရွယ်တဲ့ စီးပွား ရေးဖွံ့ဖြိုးမှုကို အခြေပြုတဲ့ စီမံ ကိန်းတစ်ခုပါ''ဟု C.A.D ဆောက် လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေကပြောသည်။မင်္ဂလာမန္တလေးစီမံကိန်းတွင် လူနေအိမ်ရာများ၊ကြယ်လေးပွင့် အဆင့်ဟိုတယ်တစ်လုံး၊ ကြယ်သုံးပွင့် အဆင့်ဟိုတယ်တစ်လုံး၊ အမိုးခုံးစင်္ကြံနှင့် လူနေဆိုင်တန်း ( Shopping Arcade ) များ၊ ရှော့ပင်စင်တာ၊ ကွန်ဒိုမီနီယံနှစ်လုံး၊ ကားအစီးရေ ၁၀၀၀၊ မော်တော်ဆိုင်ကယ်စီးရေ ၃၀၀၀ ရပ်နားနိုင်မည့် လေးထပ်ကားပါကင်၊ လမ်းလျှောက်ဈေး (Walking Street) စသည့် များပါဝင်မည်ဖြစ်သည်ဟု ဆို သည်။
လာမည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့်ဆီးဂိမ်းအမီ ကြယ်သုံးပွင့်အဆင့် ဟိုတယ်၊ ရှော့ပင်းစင်တာ၊ ဈေးဆိုင်များ၊ ကားပါကင်တို့ကို အပြီးသတ်တည်ဆောက်မည်ဖြစ်ပြီး လူနေအိမ်ရာ များကိုမူ ၂ နှစ်အတွင်းအပြီးတည် ဆောက်သွားမည်ဟု ဦးဇင်မင်း ဆွေက ပြောကြားသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties