By The Modern, Shweproperty.com
Updated at 19 June 2015
မင်္ဂလာဈေးဆိုင်ခန်း တစ်လငှားရမ်းခကကျပ် (၃၅) သိန်း ဝန်းကျင်ရှိပြီး အထည်နဲ့ပိတ်လိပ်ဆိုင်တွေ အဓိကငှားရမ်းကြတယ်လို့ သိရပါတယ်။
“မင်္ဂလာဈေးမှာက အထည်ဆိုင်တွေ၊ ပိတ်စဆိုင်တွေ အဓိကရောင်းတာဆိုတော့ မြေညီထပ်နဲ့ ဝင်ပေါက် အားလုံးမှာအဲဒီဆိုင်တွေများတယ်၊ ဆိုင်ခန်းအကျယ် အားလုံးလိုလိုကလဲ သူတို့ပဲငှားကြတာ” လို့ မင်္ဂလာဈေးအတွင်း အကျၤ ီဆိုင် ဖွင့်လှစ်ထားတဲ့ မရွှေစင်ကပြောပါတယ်။
မင်္ဂလာဈေးဆိုင်ခန်း ဈေးနှုန်းတွေက မျက်နှာစာဘက်အခြမ်း နာရီစင်ဘက်မှာကျပ် (၃၅)သိန်းလောက် အထိဈေးတွေ ဖြစ်ပေါ်နေပြီး ရွှေပြည့်စုံဈေးဘက် အခြမ်းတွေကတော့ ကျပ်သိန်း (၂၀) လောက်အထိ ဈေးနှုန်းရှိပါတယ်။ အိမ်သာဘက်အခြမ်း ဆိုင်ခန်းခတွေကတော့ (၁)လ (၁၀)သိန်း ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဆိုင်ခန်းခဈေးနှုန်းတွေက အထပ်ပေါ်မူတည်ပြီး အခန်းကျဉ်း ဆိုင်ခန်းတွေကကျပ် (၂၅၀,၀၀၀) ဝန်းကျင်ရှိပြီး မြေညီထပ် အခန်းကျယ်တွေကတော့ ကျပ် (၃၅) သိန်းလောက်အထိ ရှိတယ်လို့ သိရပါတယ်။
မင်္ဂလာဈေးဆိုင်ခန်းတွေက အများအားဖြင့် အခန်းကျဉ်းထက်နှစ်ခန်းတွဲတွေ၊ တချို့လေးခန်းတွဲဆိုင်ခန်း တွေမှာ ဖွင့်လှစ်တာများ တယ်ပါတယ်။ မင်္ဂလာဈေးဆိုင်ခန်း ပုံစံတွေက လေးခန်းတွဲပုံစံများပြီး ဘေးချင်းကပ်နဲ့ ကျောကပ်ဆိုင်တွေက ိုတစ်ဆိုင်ထဲပေါင်းဖွင့်ကြတာများတယ်လို့ သိရပါတယ်။ မင်္ဂလာဈေးရဲ့ ဆိုင်ခန်းဖွင့်လှစ်မှု တွေကတော့ မြေညီထပ်မှာ အဝတ်အထည် နဲ့ အထည်လိပ်ဆိုင်ခန်းတွေ၊ ပထမထပ်မှာတော့ ကလေးအကျၤ ီ၊ အတွင်းခံအကျၤ ီ၊ ကျောင်းစိမ်းနဲ့ ရယ်ဒီမိတ် မြန်မာအကျၤ ီဆိုင်ခန်းများ၊ ဒုတိယထပ်မှာတော့ ပလတ်စတစ်၊ ထီး၊ မိုးကာနဲ့ စတီးပစ္စည်းအရောင်းဆိုင်တွေ၊ တတိယထပ်မှာတော့ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ ဆေး၊ မိုးကာနဲ့ အရုပ်ဆိုင်စတာတွေက ိုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties