By 7Day Daily, Shweproperty.com
Updated at 1 April 2018
မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးကြီးကို ဧပြီ ၁ ရက် တွင် ပြန်လည်တည်ဆောက်မည် ဖြစ်ပြီး ၂ နှစ်ခွဲအတွင်း အပြီးတည် ဆောက် မည်ဖြစ် သည်။
လွန်ခဲ့သည့် ၂ နှစ်က မီး လောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးကို ဆန်းမြတ်ထွန်း (SMT) ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ေ ဆာက် မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဌာနများ၊ တိုင်းအစိုးရနှင့် ဈေးတည်ဆောက်မည့်ကုမ္ပဏီတို့ တွေ့ဆုံကာ ဈေးတ ည်ဆောက်ရန် မတ်လ ၃၀ ရက်က သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ဈေးကို ကားပါကင်နှင့် ၁၅ ထပ် အဆင့်မြင့်အဆောက်အအုံ တည်ဆောက်မည်ဖြစ်ပြီး ကျပ် ၆၈ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်း ထား သည်။ ဈေးဒီဇိုင်းတင် ဒါကို Amenity Design Group က ရရှိထားကြောင်း အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) လက် ထောက်ဌာနမှူး ဦးကြည်မြင့်ကပြောသည်။
မတ်လ ၃၁ ရက်တွင် ဈေး နေရာကို ကနဦးမြေစမ်းသပ်ခြင်း များ၊ မြေညှိခြင်းများ ပြုလုပ်မည် ဖြစ်သည်။ ဈေးနေရာချရန်၊ ဆိုင် ခန်းများ ရောင်း ချရန်နှင့် အတည် တကျဖြစ်ရန် သုံးလအတွင်း ဆောင်ရွက်မည်ဖြစ်၍ ၂၀၂၀ နှစ်ကုန်တွင် မင်္ဂလာဈေးသစ်ပြန်လည်အသက်ဝင်လာမည်ဟု ခန့် မှန်းထားသည်။
အဝတ်အထည်နှင့် ဆေးဝါး များ၊ အလှကုန်များ လက်လီလက်ကားရောင်းချနေသော မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၁၀ ၌ ပထမ အကြိမ်၊ ၂၀၁၆ ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့သည်။ ဒုတိယအကြိမ်မီးလောင်ကျွမ်းမှုတွင် တတိယ ထပ်မှ ခေါင်မိုးထပ်အထိ ဆိုင်ခန်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့သည်။ မီးသင့်မင်္ဂလာဈေးကို ၂၀၁၆ အောက်တိုဘာက နှစ်လအတွင်း အပြီြး ဖို ဖျက်ခဲ့သည်။
‘‘မီးလောင်ပြီး ကြာသွားတာ ၂ နှစ်၊ ထပ်ဆောက်ဖို့ ၂ နှစ်ဆို တော့ ငါးနှစ်လောက်ရှိမှာပေါ့။ ဒါပေမဲ့ အဓိကက အမြန်ဆုံးတည်ဆောက်ပြီးစီးဖို့ပဲ လိုလားပါ တယ်။ စဆောက်ပြီဆိုရင် အေး ပါပြီ။ ဈေးကို မှီတည်ပြီး ရပ်တည် နေတဲ့ မိသားစုဝင်တွေ မနည်းပါ ဘူး’’ဟု မင်္ဂလာဈေး အလှကုန် အထပ်မှ ဒေါ်သိင်္ဂီဌေးက ပြော သည်။
မင်္ဂလာဈေး မီးလောင်ပြီး နောက် ဈေးသည်အများစုသည် ဈေးအနောက်ဘက်ရှိ ရွှေပြည့်စုံ ဈေး၊ ရွှေမင်္ဂလာဈေးနှင့် မင်္ဂလာ မွန်ဈေးတို့တွင် ဆိုင်ခန်းများ ငှား ရမ်း ရောင်းချနေသည်။
Ref & Photo Credit : 7Day Daily Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties