By Myanmar Builders Guide, Shweproperty.com
Updated at 4 March 2019
ရန်ကုန်မြို့ရှိ မင်္ဂလာဈေးအဆောက်အအုံသစ်အား ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထားဆောက်လုပ်လျက်ရှိကြောင်း ဈေးဆောက်လုပ်လျက်ရှိသည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးကုမ္ပဏီထံမှ သိရသည်။
"မင်္ဂလာဈေးက ၁၅ ရာခိုင်နှုန်းလောက်ပြီးစီးနေပါပြီ။ မြေအောက်ပိုင်းဖောင်ဒေးရှင်းတွေ အားလုံးပြီးစီးသလောက်ဖြစ်ဖနပါပြီ။ အခုလက်ရှိမှာ မြေအောက်ထပ်နှစ်လွှာကို မတ်လအတွင်းမှာ စတင်တည်ဆောက်ပါမယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖွင့်နိုင်ဖို့အတွက် လျာ ထားပါတယ်" ဟု ဆန်းမြတ်ထွန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ နေလင်းထွန်းက ပြောပါသည်။
မင်္ဂလာဈေး အဆောက်အအုံသစ်သည် မြေအောက်ထပ်နှစ်ထပ်နှင့် မြေပေါ် ၁၅ ထပ် အပါအဝင် အထပ်ပေါင်း ၁၇ ထပ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ် မိုးရာသီကာလမတိုင်မီ မြေအောက်ထပ်များကို အပြီးတည်ဆောက်သွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဈေးတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီစံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်နိုင်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တင်ဒါအောင်မြင်ပြီးနောက် ၂၀၁၈ ခုနှစ် မေလမှစတင်၍ မြေပြင်အကြိုလုပ်ငန်းများစတင်ခဲ့ကြောင်း သိရသည်။
ယခင်မင်္ဂလာဈေးဟောင်းတွင် ရောင်းချနေသော ဈေးသူ ဈေးသားများအတွက် ဆိုင်ခန်းပေါင်း ၅,၀၀၀ နီးပါး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကားအစီးရေ ၈၀၀ ခန့် ရပ်နားနိုင်သော ကားပါကင်နေရာများလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါ ဈေးသစ်ကြီးတွင် ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ သိုလှောင်ရုံငယ်များ ပါဝင်ကာ ဈေးအတွင်းရှိ ကုန်ပစ္စည်းများအား အလွယ်တကူ သယ်ယူဖြန့်ဖြူးနိုင်ရန် အစီအမံများ ထည့်သွင်းးထားကြောင်း သိရသည်။
မင်္ဂလာဈေးအဆောက်အအုံသစ် တည်ဆောက်ပြီးစီးပါက နိုင်ငံတကာ အဆင့်မီဈေးသစ်ကြီးအဖြစ် လူဦးရေ ၄၀,၀၀၀ နီးပါး အသုံးပြုနိုင်မည် ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties