By Myanmar Builders Guide, Shweproperty.com
Updated at 17 September 2019
ယခင်မင်္ဂလာဈေးဟောင်းအား ယခု Sun Myat Tun Construction မှတာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။
ထိုမင်္ဂလာဈေးသစ်အား 2018 ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းမင်္ဂလာဈေးတည်နေရာမှာ ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိပါတယ်။
အသစ်တည်ဆောက်လျှက်ရှိသောာမင်္ဂလာဈေးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ပါရှိမှာဖြစ်ပါတယ်။
Basement အပါအဝင်အလွှာပေါင်း ၁၇ လွှာပါရှိမည်ဖြစ်ပြီး Basement နှစ်ထပ်တွင်ကားအစီးရေ ၇၅၀ ကျော်ဆန့်သောကားပါကင်ပါရှိမည်ဖြစ်သည်။
လူစီးဓာတ်လှေကား ၁၈ စင်းပါဝင်မည်ဖြစ်ပြီး Cargo Lift (၃) စီးပါဝင်မည်ဖြစ်သည်။
ထိုမင်္ဂလာဈေးသစ်ကြီးတွင် မြေညီ Upper Floor မှ ၄ လွှာအထိကိုယခင်ဈေးသူဈေးသားများအား (၅) ပေပတ်လည်ဆိုင်ခန်းများ၊ လျှောက်လမ်း ၅ ပေဖြင့် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။
Sun Myat Tun Construction မှ မြေညီထပ် Lower Floor နှင့် ၅ လွှာမှ ၁၃ လွှာအထိကို ၁၀ ပေ ပတ်လည်အခန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီမှရောင်းချပေးမည့်အလွှာများတွင် မြေညီထပ် Lower Floor တွင် ဘဏ်များ၊ စူပါမားကတ်နှင့် အဆင့်မြင့်စားသောက်ဆိုင်များထားရှိမည်ဖြစ်ကြောင်းသိရသည်။
၅ လွှာတွင်ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၆ လွှာတွင်အဝတ်အထည်၊ အထည်အလိပ်အမျိုးမျိုးဆိုင်များ၊ ၇ လွှာတွင်အထည်အလိပ်၊ ဖုန်းအပိုပစ္စည်း၊
အလှကုန်၊ ဖန်စီပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၈ လွှာတွင် ကားကက်ဆက်နှင့် ကားအလှဆင်ပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၉လွှာနှင့် ၁၀ လွှာတွင် ဂိုဒေါင်များ၊
၁၁ လွှာနှင့် ၁၂ လွှာတွင် Mini Office room များနှင့် အပေါ်ဆုံး ၁၃ လွှာတွင် ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များထားရှိမည်ဖြစ်ကြောင်းသိရသည်။
ဆိုင်ခန်းဝယ်ယူသူများအနေဖြင့် ကနဦးပေးသွင်းငွေ ၁၀ သိန်းကိုဦးစွာပေးသွင်းရမည်ဖြစ်ပြီး တစ်ပတ်အတွင်းဆိုင်ခန်းတန်ဖိုး၏ ၃၀% ကိုပေးသွင်းရမည်ဖြစ်သည်။
ကျန် ၇၀ % ကို ၂၆ လအရစ်ကျဖြင့် ကုမ္မဏီသို့အတိုးမဲ့ပေးသွင်းရမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties