By Myanmar Times, Shweproperty.com
Updated at 8 May 2017
ရန်ကုန်မြို့၏ အဓိကမြို့တွင်းခြောက်မြို့နယ်တွင် မပါဝင်သော်လည်း မင်္ဂလာဈေး၊ ရွှေ ပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးနှင့် ယုဇနပလာဇာ လက်ကားဈေးများ တည်ရှိနေခြင်းကြောင့် မြို့လယ်နေရာများကဲ့ သို့ အလွန်စည်ကား၍ လူအများစိတ်ဝင်စားသော မင်္ဂလာတောင် ညွန့်မြို့နယ်နှင့် တာမွေမြို့နယ် အစပ်ရှိ မင်္ဂလာ ဈေးတစ်ဝိုက်နှင့် ယုဇနပလာဇာဝန်းကျင်ရှိ မြေအရောင်းနှင့် အငှားဈေးများမှာ ယခင် ဈေးထက် သိသာစွာတက်လာခဲ့ကြောင်း အိမ် ခြံမြေ အကျိုးဆောင်များက ပြောသည်။
"ဆိုင်ခန်းဖွင့်ချင်သူတွေ မျက်စိကျတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ တာမွေမြို့နယ် က လမ်းမတန်း နေရာတွေက အခုဆို မြေညီ ထပ်၊ ပထမထပ်တိုက်ခန်းတွေနဲ့ ဆိုင်ခန်းတွေ ရဲ့ ငှားရမ်းခဈေးက အရင်ကထက် သိသိသာသာ ဈေးတက်လာတယ်။ မင်္ဂလာဈေး တစ်ဝိုက်နဲ့ ယုဇနပလာဇာနား တစ်ဝိုက်မှာဆို ဆိုင်ခန်းငှားခက ဆိုင်ခန်းကျဉ်းကျဉ်းလေးတစ်ခန်းကို တစ်လ ဆယ်သိန်းကျော် တယ်"ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးထက်ဇော်အေးက ပြောသည်။
"မင်္ဂလာတောင်ညွန့်မြို့နယ်က နေဖို့ထက် စီးပွားရေးလုပ်မယ့်သူတွေ ပိုစိတ်ဝင်စားတဲ့မြို့နယ် တစ်ခုဖြစ်လာတယ်။ တခြားမြို့နယ်တွေနဲ့မတူဘဲ မင်္ဂလာတောင်ညွန့်မြို့နယ်က လမ်းတစ်လျှောက် လုံးနီးပါး မြေညီထပ်တွေ က ဆိုင်ခန်းတွေဖွင့်ထားကြတယ်။ ဆိုင်ခန်း တွေပဲများတော့ လူပိုစည် သွားတယ်။ လက်လီ နဲ့ လက်ကားဈေးကြီးတွေ ရှိနေတာကြောင့် လူစည်ကားနေတာလည်းပါ တယ်"ဟု ၎င်းက ပြောသည်။
"မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လုံးချင်းအိမ်ရာတွေ များများမရှိဘဲ တိုက်ခန်းတွေပဲ များလို့ လူဦးရေ အားဖြင့်ပိုများပြီး ပိုစည်ကား တယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က တခြား မြို့နယ်တွေနဲ့မတူဘဲ မြို့ရဲ့ဧရိယာကလည်း ကျယ်ဝန်းတယ်။ အဲဒီမြို့နယ်ကို လူကြိုက်များ ရတဲ့နောက်တစ်ချက်ကတော့ ညနေခင်းနဲ့ အားလပ်ချိန်တွေမှာ အပန်းဖြေအနားယူစရာ နေရာတွေဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်နဲ့ ကရဝိက် ဥယျာဉ်တို့ ရှိတာကြောင့်ဖြစ်တယ်"ဟု ဦးထက် ဇော်အေးက ပြောသည်။
၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်ကတည်းကပင် ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းများ စတင် ခေတ် စားခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ် သည် ယခုချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ ကို ဆွဲဆောင်နိုင်သော မြို့နယ်တစ်ခုဖြစ်လာ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ ခေတ်မစားသေးတဲ့အချိန်ကတည်းက မင်္ဂလာတောင်ညွန့်မြို့ နယ်မှာ ကန်ထရိုက်တိုက် ဆောက်လုပ်တာတွေက ခေတ်စားနေခဲ့တာ ပါ။ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်တဲ့အပြင် မြို့ထဲနဲ့လည်းနီးပြီး အချက်အချာကျ တဲ့နေရာမှာ ရှိနေလို့ နေထိုင်သူတွေ စိတ်ဝင် စားတဲ့မြို့နယ်တစ်ခု ဖြစ်လာတာပါ"ဟု ထိုမြို့ နယ်ဒေသခံ ဦးအေးလှိုင်မင်းက ပြောသည်။
လမ်းပန်းဆက်သွယ်ရေး အချက်အချာကျ သော နေရာတွင် တည်ရှိသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွား သောကြောင့် ဒေသခံများမှာ အဆိုပါပြဿနာ ကို ဆိုးဝါးစွာ တွေ့ကြုံနေရသည်မှာ စီးပွားရေးလုပ်ကိုင်ရန်အတွက် ကြီးမားသည့် နေ့စဉ် အခက်အခဲတစ်ခု ဖြစ်နေကြောင်း ၎င်းက ပြောသည်။
"မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေရတာ မြို့ထဲဧရိယာနဲ့ နီးပြီး အချက်အချာကျတယ်။ လူစည်ကား တယ်လို့ ထင်မြင်မိလို့ သဘောကျပေမယ့် အခုကားလမ်းအရမ်းကျပ်လွန်းတာကြောင့် စိတ်တောင် ပျက်မိတယ်။ အများပြည်သူစီးလိုင်းကားစီးမယ်ဆိုရင် မင်္ဂလာဈေးမှတ်တိုင်က မီးပွိုင့်ကိုကျော်ဖို့ နာရီ ဝက်လောက်ကြာ တယ်။ ဈေးနားမှာ ကားအဝင်အထွက် အရမ်းရှုပ်ပြီး အငှားယာဉ်တွေရဲ့ စည်းကမ်း မရှိမှုတွေကြောင့်လည်း လမ်းက တစ်နေ့ထက်တစ်နေ့ ပိုကျပ်လာတယ်"ဟု ဒေသခံ ဦးကျော်စိုးက ပြောသည်။
နေ့စဉ်ဖြစ်ပွားလျက်ရှိသော မင်္ဂလာဈေး အနီးနားပတ်ဝန်းကျင်ရှိ ယာဉ်ကြောပိတ်ဆို့ မှုများကို လျှော့ချနိုင်ရန် နှစ်တန်အထိရှိသော ကားအစီးရေ ၃၀၀ ကျော် ရပ်နားနိုင်သည့် ကားရပ်နားသည့် နေရာအဖြစ်အသုံးပြုရန် အထပ်သုံးထပ်ပါဝင်သော မင်္ဂလာမွန်ဈေးသစ်ကို ယခုနှစ် မတ်လကုန်ပိုင်း တွင် တည်ဆောက်နေပြီဖြစ်သည်။ "မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ မဖြစ်အောင် သေချာပြုလုပ်နိုင်ရင် ဒီမြို့နယ်ကအခုထက်ပိုပြီး လက်လီလက်ကားဆိုင်ဖွင့်ချင်သူ တွေကို ဆွဲဆောင်နိုင် မှာပါ။ အခုတောင် မင်္ဂလာတောင်ညွန့်မြို့နယ် နဲ့ တာမွေမြို့နယ်က လမ်း မကြီးတစ်ခုပဲ ခြား ပေမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်ဘက်ခြမ်း က အိမ်ဈေးတွေက တာမွေ ဘက်ခြမ်းထက် ဈေးပိုမြင့်တယ်"ဟု အိမ်ခြံမြေအကျိုးဆောင် ဦးထက်ဇော်အေးက ပြောသည်။
တာမွေမြို့နယ်တွင် ယုဇနပလာဇာဘက်ခြမ်းမှ ဆိုင်ခန်းအငှားဈေးများမှာ ဈေးမြင့်သော်လည်း ကျောက်မြောင်းနားမှစတင်ကာ ဈေးသက်သာကြောင်း ၎င်းက ပြောသည်။ စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်မှ မန်နေဂျာ ဦးရွှေမောင်က "အိမ်တို့ ဆိုင်တို့ ငှားတဲ့အခါ အိမ်ရှင်တွေက ဈေးနှုန်းပြောင်းတတ်ကြတယ်။ တစ်နှစ်ထက် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းလောက် ဈေးတက်တတ် တာက အိမ်ရှင်တွေရဲ့ သဘာဝပဲ။ စည်ကားတဲ့နေရာ၊ ဈေးကွက်ရှိတဲ့နေရာဆို အဲဒီပြဿနာရှိတယ်။ အဲဒီဈေးပတ်ဝန်းကျင်မှာ ဆိုင်တွေပြည့်နေ တာဆိုတော့ ဆိုင်ငှားခတွေက ပိုတက်ဖို့ပဲ ရှိတာပေါ့" ဟု ပြောသည်။
"အိမ်ရှင်တွေက အေဂျင်စီတွေကတစ်ဆင့် ငှားထားတာဆိုရင် ပိုင်ရှင်တွေက ဈေးသိသိသာသာမြှင့် လိုက်ရင် အေဂျင်စီက ကြားခံ လိုက်ညှိပေးတယ်။ နေရာစုံကို ဥပမာတွေပြပြီး ဈေးနှုန်းမှန်အတိုင်း လိုက်ညှိပေးတယ်"ဟု ၎င်းကပြောသည်။ "မင်္ဂတောင်ညွန့်မြို့နယ်မှာ ဆိုင်တွေက ထပ်ဖွင့်တာ မရှိဘူး။ ဒီဆိုင်တွေနဲ့ ဒီလူတွေပဲ လည်ပတ်နေတာ။ အခုချိန်မှာ အဲဒီဝန်းကျင် မှာ အရောင်းရော အငှားရော ပါးတယ်။ မြောက်ဒဂုံမြို့နယ်လို မြို့စွန်မြို့နယ်တွေမှာပဲ အငှားရော၊ အရောင်းရောများ တယ်"ဟု ဦးရွှေမောင်က ပြောသည်။ ယုဇနပလာဇာနှင့် မင်္ဂလာဈေးနားရှိ လမ်းမတန်းများမှ အခန်း ဈေးများမှာ ၆၇၅ စတုရန်းပေခန့်ရှိသော မြေညီထပ်အခန်းတစ်ခန်းကို ရောင်းဈေး သိန်းလေးထောင် ကျော်ရှိပြီး အငှားဈေး ဆယ်သိန်းကျော် ပေါက်ဈေးရှိသည်။ ထိုစတုရန်းပေအကျယ် ဖြင့် ခြောက်လွှာ နှင့် အပေါ်ထပ်အခန်းများ ဖြစ်ပါက ရောင်းဈေး သိန်း ၆၀၀ ကျော်ရှိပြီး အငှားဈေး ကျပ် ၈၀၀,၀၀၀ သိန်းခန့်ရှိသည်။
အတွင်းလမ်းများမှာ လမ်းမတန်းဈေးများ အောက် ထက်ဝက်နီးပါးခန့် ဈေးလျော့နည်း လျက်ရှိသည်။ ကျိုက္ကဆံလမ်းနှင့် ဗညားဒလလမ်းများ တွင် အစိုးရသတ်မှတ်ထားသော တစ်ပေပတ်လည်မြေဈေး မှာ ကျပ် ၂၀၀,၀၀၀ ဖြစ်ပြီး ဒေါ်သိန်းတင်လမ်းပေါ်ရှိ မြေဈေးမှာ တစ်ပေလျှင် ကျပ် ၇၅,၀၀၀ ဖြစ် သည်။
Ref & Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties