By 7daydaily, Shweproperty.com
Updated at 19 August 2015
မင်္ဂလာဒုံမြို့နယ် ပျဉ်းမ ပင်ကျေးရွာအုပ်စုရှိ မြေကွက်လပ် အငြင်းပွားနေမှုနှင့်ပတ်သက်၍ လက်ရှိနေထိုင်သော ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ကန့်ကွက်သူတို့အကြား မြေယာ အငြင်းပွားမှုသည် ပြေလည်မှုမရှိ သေးကြောင်း သတင်းရရှိသည်။
နိုင်ငံတော်က ချပေးထား သည့် ဆေးခန်းမြေနေရာကို ရပ် ကွက်အုပ်ချုပ်ရးမှူး ဦးလေးနွယ် က ကိုယ်ကျိုးအတွက် အပိုင်စီးထားသည်ဟုဆိုကာ ဇူလိုင် ၁၇ ရက်၌ ရပ်ကွက်နေပြည်သူအချို့ က မြန်မာဂျာနယ်လစ်ရုံး ခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြသည်။
၁၉၅၈ တွင် ဇနီးဖြစ်သူ ကျန်းမာရေးဆရာမ ဒေါ်ကျင်အေးအား နေထိုင်စရာ အိမ်မရှိခြင်းကြောင့် မြေယာ ကော်မတီက ဆွေးနွေးဆုံးဖြတ်ကာ လူနေထိုင်ရန်ချပေးခဲ့သည်ဟု သြဂုတ် ၁၅ ရက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလေးနွယ်က ပြန်လည်ရှင်းလင်းခဲ့သည်။
ကျေးလက်ပြည်သူ့ကောင်စီ ၏ ထောက်ခံချက်ဖြင့် အိုးအိမ်ဦး စီးဌာနသို့ မြေခွန် ပေးသွင်းကာ နေထိုင်ခဲ့ပြီး မြေခွန်ကို တစ်နှစ် တစ်ခါပေးဆောင်ခဲ့ရသည်။ ၁၉၈၈ အရေးအခင်း အပြီးတွင် မြေခွန်မပေးဆောင်ရတော့ကြောင်း ဦး လေးနွယ်ကပြောသည်။
‘‘ဒီနေရာက ဆေးခန်းမြေနေ ရာမဟုတ်ပါဘူး။ အရင်က ကု လားသူဌေးတစ်ဦးပိုင်တာ။ သူက ပြောင်းသွားတော့ ဒီမြေနေရာက ကြခတ်တောကြီး အဖြစ် ကျန်ခဲ့ တာ။ အန်ကယ့်ဇနီးက အရပ်ထဲ မှာ ကျန်းမာရေးဆရာမလုပ်တယ်။ သူ့မှာ နေစရာမရှိတာနဲ ့ ပြည်သူ့ ကောင်စီကချပေးခဲ့တာ’’ဟု ၎င်း ကဆိုသည်။
ဦးလေးနွယ်သည် ပြည်ခိုင် ဖြိုးပါတီစည်းရုံးရေးမှူးအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ဇနီး သားဖွားဆရာမသည် အရေးပေါ် ဆေး ကုသပေးရာတွင်အဆင်ပြေ စေရန် မြသီတာကျေးရွာရှိ လျှပ် စစ်ရုံးခြံစည်းရိုးဘေး၌ ဆေးခန်း ဆောက်လုပ်နေထိုင်ခွင့် ပေးခဲ့ ခြင်းဖြစ်ကြောင်း ကန့်ကွက်သူများ ကပြောသည်။
‘‘နိုင်ငံတော်ပိုင်မြေကိုဘယ် ကောင်စီ၊ ဘယ်အိုးအိမ်ကမှ ပေး ပိုင်ခွင့်မရှိပါဘူး။ အခုလည်း သူ တို့အိမ်ဘေးနားမှာ သူ့သားသမီး တွေအတွက် အိမ်ထပ်ဆောက်ပေး ထားသေးတယ်’’ဟု ကန့်ကွက်သူ ဦးအောင်ပိုင်ကပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး လေးနွယ်ကမူ ယခင်ပြည်သူ့ ကောင်စီက မြေနေရာချပေးစဉ် ကတည်းက နေအိမ်ဆောက်လုပ် နေထိုင်ရန်ဟုဆိုကာ ချပေးခဲ့ပြီး ဆေးခန်းမြေနေရာဟု ပြောကြား ခဲ့ခြင်းမရှိကြောင်းပြောသည်။
ထို့အပြင် မိမိရရှိထားသော မြေနေရာ၌ သားသမီးများအတွက် အိမ်ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး အခြားမြေနေရာတွင်ဆောက် လုပ်ခြင်း မဟုတ်ကြောင်း၊ မိမိနေထိုင်သည့် မြေနေရာမှာ အိမ်ဂရန်မရှိသော်လည်း သန်းခေါင်စာရင်းနှင့်အိုး အိမ်ဦးစီးဌာနက ထုတ်ပေးထားသည့် သက်သေအထောက်အထားများရှိကြောင်း ဦးလေးနွယ်က ပြန်လည်ရှင်းပြသည်။
‘‘ဒီရပ်ကွက်မှာ နေထိုင်ကြ တဲ့သူအားလုံး အိမ်ဂရန်မရှိကြပါ ဘူး။ သန်းခေါင်စာရင်းတွေနဲ့ပဲနေ ကြတာပါ’’ဟု ၎င်းကပြောသည်။
အဆိုပါဆေးခန်းမြေနေရာ တွင် နေထိုင်ရန်နှင့် တာဝန်ပြီးဆုံး ပါက ပြောင်းရွှေ့လာသည့် သူနာ ပြု ဆရာမအား လွှဲပြောင်းပေးရန် ပြောကြားခဲ့သော် လည်းယင်း ကျေးရွာသို့ ထပ်မံရောက်လာ သည့် သူနာပြုဆရာမထံဆေးခန်း နေရာလွှဲမပေးခဲ့သဖြင့် သူနာပြု ဆရာမများသည် ဆေးပေးခန်းမရှိဘဲ ပြင်ပ၌ ငှားရမ်းနေထိုင်ကာ ရွာအတွင်းအလှည့်ကျ ဆေးကုသ ပေးခဲ့ရကြောင်း ယင်းဆေးခန်း၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ကျေးလက် ဆရာမတစ်ဦးက ဆိုသည်။
ယင်းမြေနေရာကို ပြန်လည် ရရှိရန် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာရေးသားပေးပို့ကာ တိုင်ကြား ထားပြီး အခြေအနေမထူးခြားပါ က လမ်းပေါ်ထွက်ဆန္ဒပြမည်ဖြစ် ကြောင်း ဦးအောင်ပိုင်က ပြော သည်။
ဦးလေးနွယ်က ‘‘ဆန္ဒပြချင် လည်းပြကြပေါ့။ ဆန္ဒပြတယ်ဆို တာ လွယ်တာမှမဟုတ်တာ။ သူ တို့ဘက်က လွန်ကဲလာရင် ဥပဒေ ကြောင်းအရ ဖြေရှင်းသွားမယ် ဟု’’ ပြန်လည်တုံ့ပြန်သည်။
၎င်းတို့၏ ပြဿနာများ သည် ပုဂ္ဂိုလ်ရေးအရေ တစ်ဖက် နှင့်တစ်ဖက် အမြင်မကြည်လင်မှုကြောင့် တိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ က တိုင်ကြားခဲ့မှုကြောင့် ယင်းမြေ နေရာကို ကျန်းမာရေးဦးစီးဌာနက လာရောက်စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘက်ကလည်း မြေခွန်ပြေစာတို့ နှင့် ဖြေရှင်းခဲ့ကြောင်း မင်္ဂလာဒုံ မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးညွန့်ဟန်ကပြောသည်။
ယင်းဆေးပေးခန်းမြေနေရာ အငြင်းပွားနေမှုနှင့် ပတ်သက်၍ ဆေးခန်းမြေနေရာဟုတ်၊ မဟုတ် ဖြေရှင်းချက်ရရန် မြို့ပြနှင့်အိုး အိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသို့ ဆက် သွယ်မေးမြန်းခဲ့သော်လည်း ဖြေ ကြားမှုမရှိခဲ့ပေ။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties