By Sint Sint, Shweproperty.com
Updated at 2 September 2020
ဆောက်လုပ်ရေးဝန် ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနငါးခုသည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုတော့ဘဲ စည်းကမ်းကြီးကြပ် သည့်ဌာနများအဖြစ် အောက်တို ဘာ ၁ ရက်တွင် စတင်ပြောင်းလဲ တော့မည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။
အစိုးရ၏ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ သည့် ထိုဌာနငါးခုသည် တည် ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်မည်မဟုတ်တော့၍ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် လုပ်ငန်းသစ်များကို တင်ဒါခေါ်ယူ ဆောင်ရွက်မည်ဟု ထုတ်ပြန်ထား သည်။ ထိုဌာနငါးခုမှာ အဆောက် အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနကို အထက်ပါဌာနငါးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနအားလုံးကို ပြောင်းလဲ ခြင်းဖြစ်ပြီး အထက်ပါဌာနများ သည် လာမည့်ဘဏ္ဍာနှစ်၂၀၂၀- ၂၁ အောက်တိုဘာ ၁ ရက်က စတင်ပြီး စည်းကမ်းကြီးကြပ်သူ (Regulatory Body) အဖြစ် ပြောင်းမည်ဖြစ်သည်။
‘‘ပုဂ္ဂလိက ဆောက်လုပ်ရေး ကဏ္ဍက လူတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုပြီးရလာမယ်။ နောက်တစ်ခုက စည်းမျဉ်း၊ စည်း ကမ်းထိန်းတဲ့သူနဲ့ ကိုယ်တိုင်လုပ် တဲ့သူက တစ်ယောက်တည်းဖြစ် နေတော့ အကျိုးစီးပွား ပါဝင်ပတ် သက်မှု (COI) အရလည်းမ ကောင်းတော့ နိုင်ငံတော်ပြုပြင် ပြောင်းလဲတာပါ’’ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အ သင်းချုပ် အတွင်းရေးမှူး ဦးမျိုး မြင့်က ပြောသည်။
ထို့သို့ ပြောင်းလဲခြင်းကြောင့် အစိုးရ၏ တည်ဆောက်ရေးဘတ် ဂျက်များသည် ပုဂ္ဂလိကသို့ ရောက်ရှိလာမည်ဟု ၎င်းကဆို သည်။ ဆောက်လုပ်ရေးကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရ ဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ် ရေးလုပ်ငန်းများဟူ၍ နှစ်မျိုးရှိ သည်။ နိုင်ငံတော်အစိုးရဘတ်ဂျက် ဖြင့် ဆောင်ရွက်သည့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် အစိုးရ ၏ ပြည်တွင်းသုံးငွေဖြင့် ဆောက် ရွက်သည့်လုပ်ငန်းနှင့် နိုင်ငံတ ကာချေးငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းဟူ၍ ရှိသည်။
ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ တည်ဆောက်ရေး လုပ်ငန်းများ သည် နှစ်စဉ် ကျပ်ဘီလီယံ ၅,ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာ ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ် ငန်းမှာ နှစ်စဉ် ကျပ်ဘီလီယံ ၂,ဝဝဝ ကျော်ရှိသည်။
သို့သော် အရေးပေါ်တည် ဆောက်ရေးနှင့် ကျေးလက်လမ်း ခင်းရေး လုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများက လိုအပ်နေဦး မည်ဟု ဦးမျိုးမြင့်ကဆိုသည်။
Credit : 7day News
Photo Credit : Nohara
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties