By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 13 July 2018
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများစွာကို တည်ဆောက်လျှက်ရှိပါတယ်။ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ မြို့ပြတွင် နေထိုင်မှု ကျပ်တည်းသည့်ပြသာနာကို ဖြေရှင်းနိုင်ရန်အတွက် အိမ်ရာစီမံကိန်း(၄)ခုကို အကောင်အထည်ဖော် တည်ဆောက်နေတဲ့ စီမံကိန်းတွေကတော့
(၁) New Mandalay Resort City
New Mandalay Resort City ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းမှာ (၉၈၉၃)ဧကခန့် ရှိပြီး မန္တလေး-မူဆယ်ကားလမ်း AH-1 မိုင်တိုင်အမှတ်(၂၁)မိုင်တွင်တည်ရှိပါသည်။
Resort City အတွင်းမှာ လူနေထိုင်ရန် အိမ်ရာများ၊ ဝန်းထမ်းအိမ်ရာများ၊ အများသ့ုးဝန်ဆောင်မှုပါသည့် အိမ်ရာစီမံကိန်းများ Software နှင့် IT ကုမ္မဏီများ၊ ICT Main complex၊ Factory Complex၊ Yadanar Pon Convention Centre၊ Education Tourism Health Service Zone၊ စီးပွားရေးဇုန်များ၊ အားကစားကွင်းနှင့် စားသောက်ဆိုင်များ၊ Golf Course၊ Green Zone စသည့် ဝန်ဆောင်မှုအမျိုးမျိုးပါဝင်မှာဖြစ်ပြီး ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုမှာ တည်ရှိတာကြောင့် တိုးတက်လာမည့် မြို့ပြအသစ်တစ်ခုပါ။
(၂) KMIC ( Korea Myanmar Industrial Complex)
ဒီစီမံကိန်းကတော့ ကိုရီးယားအစိုးရနဲ့ မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါသည်။ ကိုရီယားအစိုးရလက်အောက်ခံ Korea Land And Houses Coorparation (LH)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးဦးစီးဌာနတို့ အကျိုးတူပူပေါင်းဆောင်ရွက်နေတဲ့ အိမ်ရာပရောဂျက်တစ်ခု ဖြစ်ပါသည်။
ဒီစီမံကိန်းကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၅)မိုင်(၆)ဖာလုံ၏အနောက်ဖက် ညောင်နှစ်ပင်ရွာအနီးမှာ တည်ရှိပါတယ်။ ကိုရီးယားဘက်မှ (၆၀)ရာခိုင်နှုန်း မြန်မာနိုင်ငံဘက်မှ (၄၀)ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပါသည်။
မြေအသုံးချမှုတွင် အသေးစား၊အလတ်စား စက်မှုလုပ်ငန်းများ၊ One Stop Sevices အလုပ်သမားသင်တန်းကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများ၊ ရေဆိုးရေသန့်စက်၊ စီမံခန့်ခွဲရေးရုံး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များပါဝင်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်း (၅၀၀၀၀) မှ (၁၀၀၀၀၀)အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
အဆိုပါစီမံကိန်းကို (၂၀၁၈)ခုနှစ်တွင် စတင်ပြီး (၂၀၂၃)ခုနှစ်တွင် အပြီးသတ်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း(၁၁၀)ကုန်ကျမှာ ဖြစ်ပါသည်။
(၃) Eco Green City
Eco Green City စီမံကိန်းကိုတော့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် (၁၀)မိုင်ခန့်အကွာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၃)မိုင်(၁)ဖာလံ နှင့် (၅)မိုင်(၂)ဖာလုံမှာ အကောင်အထည်ဖော်လျက်ရှိပါတယ်။
ဧရိယာ (၁၄၅၃)ဧက ကျယ်ဝန်းတဲ့ ဒီ Eco Green City ကိုတော့ JICA မှ ရေးဆွဲသည့် Yangon Vision 2040 တွင် ပါဝင်သည့် အနာဂတ်မြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
ဝင်ငွေနည်း ပြည်သူများအတွက် အငှားအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာများ၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာကျသည့် Logistic Hub၊ အပန်းဖြေနိုင်မယ့် Recreation Area၊ Hotel Zone၊ Golf Club၊ Shopping Mall၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံ၊ဆေးပေးခန်းများ၊ ပထမဦးဆုံး ရုပ်သံရိုက်ကူးရေးစတူဒီယို နှင့် မြို့ပြတစ်ခု ဖြစ်လာမှာပါ။
ရင်းနှီးမြှပ်နှံမှု ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ (၂)ဘီလီယံခန့် ကုန်ကျမည်ဟု ခန်မှန်းထားပါသည်။ လူဦးရေ (၃၀၀၀၀)မှ (၄၀၀၀၀)ခန့်နေထိုင်နိုင်ပြီး အလုပ်အကိုင် (၁၅၀၀၀)ခန့်ဖန်တီးနိုင်မှာပါ။ တည်ဆောက်ရေးကာလကိုတော့ (၁၀)နှစ် သတ်မှတ်ထားပါတယ်။
(၄) Smart District Project
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ရှိပြီး အရှေ့ဘက်တွင် ဧရာဝဏ်လမ်း၊ အနောက်ဘက်တွင် ပဲခူးမြစ်လမ်း၊ တောင်ဘက်တွင် ဆိပ်ကမ်းသာလမ်းနှင့် မြောက်ဖက်တွင် ရွှေလီလမ်းတို့ရှိသည်။ ဒီအိမ်ရာစီမံကိန်းရဲ့ အမှိုက်စွန့်ပစ်စနစ်၊ မြို့ပြစီမံခန့်ခွဲရေးစနစ်အားလုံးကို နိုင်င့တကာစံနှုန်းနှင့် ဒီဇိုင်းရေးဆွဲမှာ ဖြစ်ပါသည်။
Shopping Center၊ ယာဉ်ရပ်နားစခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်နေရာများကိုပါ ထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး မြို့ထဲနဲ့လည်း နီးတဲ့နေရာမှာ တည်ဆောက်မှာ ဖြစ်တာကြောင့် မြို့အသစ်တစ်ခု ဖြစ်လာမှာပါ။
မြန်မာငွေ ကျပ်(၂၅၀)ဘီလီယံခန့် အဆိုပါစီမံကိန်းတွင် ရင်းနှီးမြှပ်နှံသွားမည်ဖြစ်ပြီး လူနေအိမ်ခန်းပေါင်း (၁၃၀၀၀)ခန့်ကို တည်ဆောက်ပေးသွားမှာပါ။
Written By : Hsu Myat May Zaw(ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties