By သီဟကိုကို, Shweproperty.com
Updated at 2 December 2013
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဝင်ဖြစ်ပါမှ လုပ်ငန်းလိုင်စင်ရမည် ဟုဆိုခြင်းမှာ မဖြစ်သင့်သည့်အတွက် ကန့်ကွက်သွားမည်ဟု အိမ်ခြံမြေ ဝန် ဆောင်မှုလုပ်ငန်းရှင်များမှ ဒီဇင်ဘာ ၁ ရက်က ပြောသည်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ချထားပေးရန် ယခုနှစ် သြဂုတ်လအတွင်း သက်ဆိုင်ရာအစိုးရအဖွဲ့များသို့အသင်းက တင်ပြထားသည်။ သို့သော် လိုင်စင်ချထားပေးချိန်တွင် အသင်းဝင် ဖြစ်ပါမှ လိုင်စင်ရရှိမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ဗဟို အလုပ်အမှုဆောင်များမှ နိုဝင်ဘာလက ထုတ်ဖော်ပြောဆိုလာသည်ကို ကန့်ကွက် သွားမည်ဟု ပြောခြင်းဖြစ်သည်။
အသင်းဝင်ဖြစ်မှ လိုင်စင်ရမည်ဆို သည့်အပေါ် ကန့်ကွက်သွားမည်ဖြစ် သည့်အပြင် အသင်း၏ ဗဟိုအလုပ်အမှု ဆောင်များကို နုတ်ထွက်ပေးရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ ရန် စီစဉ်နေသည်ဟု အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်းရှင်များက ပြောသည်။
စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းခွန်နောင်က ''လိုင်စင် ချထားပေးတဲ့အခါ အသင်းဝင်ဖြစ်မှ အိမ် ခြံမြေလုပ်ငန်းတွေက လိုင်စင်ရမယ်လို့ အသင်းကလူတွေက ပြောတယ်၊ အသင်း မဝင်ရင် လိုင်စင်မရဘူး၊ အလုပ်မလုပ် နဲ့တော့ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်'' ဟု ပြောသည်။
၎င်းကိုယ်တိုင် အသင်းဝင်ဖြစ်နေသော်လည်း နည်းလမ်းမမှန်သည့် လုပ်ဆောင်ချက်များကို အားမပေးလိုသည့် အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။
အသင်းမဝင်ပါကလည်း တရားဝင်အခွန်ဆောင်လုပ်ငန်းများဖြစ်သည့်အ တွက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိခွင့်ရှိသည်ဟု အသင်းဝင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များ က ပြောသည်။
စိုးစံ (လင်း) Services Co Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းက ''သက်ဆိုင်ရာက လိုင်စင်ချထားပေးချင် ရင်တောင် အသင်းကထောက်ခံမှ လိုင်စင်ရမယ်၊ ဒါဆိုရင် အသင်းက ထုတ် လိုက်တဲ့ မန္တလေးကလိုမျိုး လုပ်ငန်းရှင် တွေက အလုပ်လုပ်စားလို့မရတော့ဘူး လား'' ဟု ပြောသည်။
မန္တလေး အိမ်ခြံမြေအကျိုးဆောင် များကလည်း နိုဝင်ဘာ၃ဝ ရက်ထုတ် မန္တလေးသတင်းစာတွင် အဆိုပါလိုင်စင် ကိစ္စနှင့် စပ်လျဉ်း၍ တရားဝင် ကန့်ကွက် ထားသည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် ဦးဇော်မောင်မြင့်က ပြောသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေရောင်းဝယ်ငှါးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ် ငန်း အမျိုးအစားဖြင့်သာ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း အမျိုးအစားလိုင်စင်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနပါဝင်သည့် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများထံ ခွင့်ပြုချက် တောင်းခံထားဆဲဖြစ်သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံ အိမ် ခြံမြေဝန်ဆောင်မှုအသင်းတွင် အသင်း ဝင်ပေါင်း ၂ဝဝဝ ကျော် ရှိသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties