By 7daydaily, Shweproperty.com
Updated at 17 February 2017
ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို ရှေးမူမပျက် ပြင်ဆင်၍ ဟိုတယ် အဖြစ် အကောင်အထည်ဖော် ခြင်း အပါအဝင် လူနေအိမ်၊ ရုံးခန်းများ ပါဝင်သောLandmark Development Yoma Central တည်ဆောက်ရေး စီမံကိန်း စတင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
FMI ကုမ္ပဏီက တည် ဆောက်သည့် အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆောက်အအုံ ပန္နက်တင် အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ မြေ ၁၀ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ မည့် အဆိုပါစီမံကိန်း၌ မီးရထားရုံးချုပ်ဟောင်း ကို မူလလက် ရာအတိုင်း ပြန်လည် ပြင်ဆင်ပြီး The Peninsula ဟိုတယ်အဖြစ် အကောင်အထည် ဖော်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။ထို့အပြင် စီမံကိန်းတစ်ခုလုံးတွင် ရုံးခန်းများပါရှိသော တာဝါ နှစ်လုံး၊ ဟိုတယ်တစ်လုံးနှင့် လူနေအိမ်ခန်း (Apartment)များ ပါဝင်မည်ဖြစ်သည်။
စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီ၏ ယခုစီမံကိန်းသည် သန်လျင်မြို့နယ် စတားစီးတီး အိမ်ရာစီမံကိန်းကဲ့ သို့ ပမာဏများ ပြားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်ပြီး ဟိုတယ်နှင့် အဆောက် အအုံများ တည်ဆောက်မှုတွင် FMI အတွက် ပွဲဦးထွက် စီမံကိန်း ဖြစ်သည်။
‘‘အိမ်ရာဖော်ထုတ်ရေး ကဏ္ဍမှာ ရန်ကုန်အတွက် ဒီစီမံ ကိန်းကတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်လာ မယ့် စီမံကိန်း ဖြစ်လာနိုင်ပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦး အောင်နိုင်ဦးက ပြောသည်။
အဆိုပါစီမံကိန်းတွင် မြန်မာ ဘက်မှ FMI က ၁၂ ရာခိုင်နှုန်းနှင့် Yoma Strategic က ၄၈ ရာခိုင် နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင် နှုန်းဖြစ်ပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC)က ၅ ရာခိုင် နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၅ ရာခိုင်နှုန်းဖြင့် ပူး ပေါင်းဆောင်ရွက်ထားသည်။ Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI က ၆ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်း၊ Hongkong and ShanghaiHotels Limited က ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties