By emg, Shweproperty.com
Updated at 18 May 2014
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍမှ အခွန်ငွေစုစုပေါင်း တစ်နှစ်လျှင် ကျပ်ဘီလျံ ၁ဝဝ သာ ရရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “အိမ်ခြံမြေကရတာက တံဆိပ်ခေါင်းခွန်ရယ်၊ ဝင်ငွေခွန်ရယ်ပေါ့။ အဲဒါနှစ်ခု ပေါင်းလိုက်ရင်တော့ တစ်နှစ်ကို ဘီလျံ ၁ဝဝ လောက်တော့ ရှိတယ်”ဟု မေ ၁၇ ရက်က မြန်မာ့အာမခံလုပ်ငန်းရုံးတွင် ပြောကြားခဲ့သည်။
အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုနှုန်းထားမှာ နည်းနေသေးသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုကို ပိုမိုစိစစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
“အခုဘာလုပ်နေရသလဲဆိုရင် ဈေးနှုန်းအတိအကျလည်း မသိဘူး။ မြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ ခြံအရောင်းအဝယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ရပ်ကွက်စာချုပ်အလိုက် လုပ်နေကြတာများတယ်။ ဒါပေမဲ့ အခုလည်း ဘာလုပ်နေလဲဆိုရင် ရဲတပ်ဖွဲ့အပါအဝင် ရပ်ကျေး၊ ထွေအုပ်၊ မြို့နယ်အခွန်ရုံးတွေရယ်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပေါင်းပြီး စိစစ်ဖို့လုပ်နေပါပြီ” ဟု ဦးမျိုးထွဋ်က ဆက်လက်ပြောကြားခဲ့သည်။
ယင်းအပြင် အခွန်နှုန်းဥပဒေများကို တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေ အခွန်ကောက်ခံမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိစစ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “ရပ်ကွက်ထဲမှာပဲ အိမ်ငှားငှား၊ ရောင်းပဲ ရောင်းရောင်း နောက်ဆိုရင် ရပ်ကျေးကလူတွေ သိဖို့လုပ်နေတယ်။ အဲဒီအတွက်လည်း တိုင်းနဲ့ပြည်နယ် အစိုးရကိုလည်း ရရှိတဲ့ ဝင်ငွေခွန်ကို အချိုးကျပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။
Ref : emg
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties