Myanmar National Real Estate Award 2019 အိမ်ခြံမြေဆုပေးပွဲကြီးတွင် Yoma Bank မှ Title Sponsor အဖြစ်ပါဝင်
By MNREA 2019, Shweproperty.com
Updated at 23 August 2019
Myanmar National Real Estate Award 2019 အိမ်ခြံမြေဆုပေးပွဲကြီးတွင် Yoma Bank မှ Title Sponsor အဖြစ်ပါဝင်
By MNREA 2019, Shweproperty.com
Updated at 23 August 2019
မြန်မာနိုုင်ငံ၏နံပါတ်၁အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ShweProperty.com ကကြီးမှုးပြီးကျင်းပမည့် Myanmar National Real Estate Award 2019 အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီးအတွက်Yoma Bank ကTitle Sponsor အဖြစ်ပါဝင်ပံ့ပိုးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်သည်။
Yoma Bank သည်မြန်မာနိုင်ငံ၏အကြီဆုံးပုဂ္ဂလိကဘဏ်များထဲမှတစ်ခုဖြစ်ပြီးဝန်ထမ်းပေါင်း၃၀၀၀ကျော်နှင့်နိုင်ငံတဝှမ်းတွင်ဘဏ်ခွဲပေါင်း၈၀ကျော်ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသည်။Yoma Bank ၏မြန်မာနိုင်ငံအိမ်ရာချေးငွေကဏ္ဍအတွက်ကြိုးစားအားထုတ်မှုများကြောင့်ပြည်တွင်းအိမ်ရာချေးငွေပံ့ပိုးကူညီပေးနေသောဘဏ်များထဲတွင်နာမည်ကောင်းရရှိထားသောဘဏ်အဖြစ်လည်းရပ်တည်လျက်ရှိပါသည်။
ယခုပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီးရိုးမဘဏ်၏Chief Performance Officer Mr. Murrary Macdougall က
“ ကျွန်တော်တို့အနေနဲ့ဒီလိုအိမ်ခြံမြေကဏ္ဍတိုးတက်စေဖို့မြှင့်တင်ပေးတဲ့အစီအစဉ်မှာတရားဝင်Title Sponsor အဖြစ်နဲ့ပါဝင်ဖြစ်တဲ့အတွက်အင်မတန်မှစိတ်လှုပ်ရှားမိပါတယ်။ကျွန်တော်တို့အတွက်တော့နိုင်ငံတဝှမ်းမှာရှိတဲ့အိမ်ခြံမြေDeveloper များရဲ့ဒီလိုမယုံနိုင်ဖွယ်ရာကြိုးစားအားထုတ်မှုကိုပံ့ပိုးကူညီနိုင်တဲ့အခွင့်အရေးရရှိမှုအတွက်ဂုဏ်ယူစိတ်လုပ်ရှားမိပါတယ်။ဒါ့အပြင်ကျွန်တော်တို့ဟာMNREA Team နဲ့လက်တွဲပြီးဒီအထင်ကရဆုပေးပွဲကြီးပိုမိုတိုးတက်ကောင်းမွန်စေဖို့ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” ဟုမှတ်ချက်ပေးပြောကြားသွားသည်။
Myanmar National Real Estate Award သည်မြန်မာနိုင်ငံ၏အကောင်းဆုံးဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၏အောင်မြင်မှုများကိုအသိအမှတ်ပြုပေးနိုင်မည့်ဂုဏ်သိက္ခာအရှိဆုံးအိမ်ခြံမြေဆုတစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံ၏စီးပွားရေးနှင့်အိမ်ခြံမြေကဏ္ဍကိုတိုးတက်အောင်ဆောင်ရွက်နေသောအိမ်ရာစီမံကိန်းမျိုးစုံကိုအကြီးအသေးမခွဲခြားပဲအားလုံးပါဝင်နိုင်အောင်အမျိုးအသားအဆင့်အသိအမှတ်ပြုပေးည့်အစီစဉ်တစ်ခုလည်းဖြစ်ပါသည်။
“အိမ်ခြံမြေလောကတစ်ခုလုံးကနေ ဒီစီအစဉ်အတွက်အပြုသဘောဆောင်တဲ့တုန့်ပြန်မှုအတွက်ကျွန်တော်တို့အင်မတန်မှစိတ်လှုပ်ရှားမိပါတယ်။ဒါ့အပြင်နိုင်ငံအတွက်အကျိုးရှိတဲ့ဒီပွဲကြီးအတွက်Title Sponsor အဖြစ်ပါဝင်ပံ့ပိုးပေးတဲ့Yoma Bank ကိုလည်းကျေးဇူးအထူးတင်ကြောင်းကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ဒီလိုနိုင်ငံရဲ့အကောင်းဆုံးဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုရွေးချယ်အသိအမှတ်ပြုတဲ့အစီစဉ်မှာYoma Bank ရဲ့ပံပိုးကူညီမှုဟာမြန်မာနိုင်ငံရဲ့အိမ်ခြံမြေကဏ္ဍတိုးတက်စေဖို့အတွက်Yoma Bank ၏ကြိုးစားအားထုတ်မှုများကိုပိုမိုပေါ်လွင်စေပါတယ်။” ဟုShwe Property ၏မန်းနေးဂျင်းဒါရိုက်တာMr. Kevin Goos မှအသိအမှတ်ပြုပြောကြားခဲ့သည်။