By Democracy Today, Shweproperty.com
Updated at 1 September 2017
၂၀၁၇- ၂၀၁၈ဘဏ္ဍာနှစ်အတွင်း မွန်ပြည် နယ် မော်လမြိုင် ချောင်းဆုံနှင့် သထုံ မြို့နယ်များတွင် လေးခန်းတွဲ လေး ထပ် ဝန်ထမ်းအိမ်ရာငါးလုံး တည် ဆောက်နေကြောင်း မွန်ပြည်နယ် မြို့ပြနှင့် အိမ်ရာဦးစီးဌာနညွှန်ကြား ရေးမှူးရုံးမှ သတင်းရရှိသည်။
မော်လမြိုင်မြို့တွင် လေးခန်း တွဲ ၄၈ ခန်းပါ လေးထပ်တိုက်သုံး လုံး၊ ချောင်းဆုံမြို့နယ်တွင် လေး ခန်းတွဲ ၁၆ ခန်းပါလေးထပ်တိုက် တစ်လုံး၊ သထုံမြို့တွင် လေးခန်း တွဲ ၁၆ ခန်းပါ လေးထပ်တိုက်တစ် လုံး၊ စုစုပေါင်းတိုက်ငါးလုံး အခန်း ပေါင်း ၈၀ ကိုတည်ဆောက်ရန် ဆောက်လုပ်ရေးကန်ထရိုက်တာများ အား ခွင့်ပြုချထားပေးပြီးဖြစ်သည်။""မြေနေရာရတဲ့မြို့နယ်တွေ မှာ ဦးစားပေးတည်ဆောက်နေတာ ဖြစ်ပါတယ်။ တချို့ မြို့နယ်တွေမှာ ဆောက်ဖို့မြေနေရာ
အခက်အခဲ ဖြစ်နေလို့ မဆောက်ဖြစ်သေးဘူး။ လာမယ့်နှစ်မှာလည်း အခုလိုပဲတည် ဆောက်သွားဖို့ အစီအစဉ်ရှိပါတယ်။ အခုနှစ်အတွက် တိုက်လေးခန်းတွဲ လေးထပ်တိုက်တစ်လုံးအတွက် ဘတ်ဂျက်သိန်း ၂၆၀၀၀ ဖြစ်ပါ တယ်။
ကန်ထရိုက်ပေးလိုက်တော့ ဒီလောက်မကုန်ဘူးပေါ့။ ဝန်ထမ်း အိမ်ရာဖြစ်တဲ့အတွက် နယ်ကပြောင်း လာတဲ့ ဝန်ထမ်းကို ဦးစားပေးထား ရှိမှာဖြစ်ပါတယ်""ဟု မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မွန်ပြည်နယ် ရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်မိုးက ပြောသည်။
လက်ရှိအခြေအနေတွင် မော် လမြိုင်မြို့၌ အိမ်ရာ ၂၆ လုံး၊ သထုံ မြို့၌ အိမ်ရာ နှစ်လုံး၊ ကျိုက်ထို မြို့၌အိမ်ရာနှစ်လုံးတို့သာရှိသဖြင့် မွန်ပြည်နယ်အတွင်း ပြောင်းရွှေ့ လာသောဝန်ထမ်းများအတွက် အိမ် ရာမလောက်သည့်အပြင် မြို့တွင်း အိမ်ခန်းငှားရမ်းခမှာလည်း ဈေး အလွန်ကြီးမြင့်သဖြင့်ဝန်ထမ်းများ အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
Ref & Photo Credit : Democracy Today
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties