By Myanmarpyi Thar, Shweproperty.com
Updated at 13 December 2018
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာမှာ တည်ဆောက်ထားတဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ အိမ်ရာမရှိသူတွေ၊ ပင်စင်စားတွေကို ဦးစားပေးပြီး လာမယ့်နှစ်ဆန်းပိုင်း ရောင်းချပေးမယ်လို့ မွန်ပြည်နယ်စည်ပင်က ပြောပါတယ်။
လက်ရှိမှာ အဆောက်အအုံတွေ ဆောက်လုပ်ပြီးစီးထားပေမယ့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ ယာဉ်သွားလမ်းတွေနဲ့ အဆောက်အဦတချို့ အချောသပ်စရာတွေ ကျန်ရှိနေသေးတဲ့အတွက် လာမယ့်နှစ်ဆန်းပိုင်းမှာသာ ရောင်းချနိုင်မယ်လို့ သိရပါတယ်။
မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “အိမ်ရာမရှိတဲ့သူတွေကို ဦးစားပေးရောင်းမယ်။ ပင်စင်စားတွေ၊ ပင်စင်ယူခါနီးလူတွေကို ဦးစားပေးရောင်းချပေးဖို့ရှိတယ်။” လို့ ပြောပါတယ်။
တိုက်ခန်းဈေးနှုန်းတွေမှာ အပေါ်ဆုံးအထပ်ကို သိန်း ၁၈၀ ကစတင်ပြီး ဒုတိယထပ်၊ ပထမထပ်နဲ့ မြေညီထပ်တို့ကို သိန်း ၂၀၀၊ ၂၁၀၊ ၂၃၀ ကျပ်နဲ့ အသီးသီးရောင်းချပေးသွားမယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
ရောင်းချပေးမယ့် အစီအစဉ်အသေးစိတ်ကို နောက်ပိုင်းမှာ တရားဝင်ကြေညာပေးဖို့ရှိပြီး လက်ရှိမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု မရှိသေးဘူးလို့ သိရပါတယ်။
ကြာအင်းတန်ဖိုးသင့်အိမ်ရာမှာ တိုက်ခန်းပေါင်း ၂၅၆ လုံးရှိပြီး ပေ ၆၀၀ ကျော် ကျယ်ဝန်းပါတယ်။ အရင်အစိုးရလက်ထက်ကလည်း မော်လမြိုင်မြို့ သီရိမင်္ဂလာတန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို ကျပ်သိန်း ၁၂၀ မှ စတင် ရောင်းချပေးခဲ့ပါတယ်။
Ref & Photo Credit : Myanmarpyi Thar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties