By 7 Day Daily, Shweproperty.com
Updated at 29 August 2017
မွန်ပြည်နယ် သုံးမြို့ နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအိမ်ရာ ငါးလုံးတည် ဆောက်မည်ဖြစ်ကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။
မော်လမြိုင်မြို့နယ်တွင် လေးခန်းတွဲ လေးထပ်တိုက် သုံး လုံး၊ သထုံမြို့နယ်တွင်လေးခန်း တွဲ လေးထပ်တိုက် တစ်လုံးနှင့် ချောင်းဆုံမြို့နယ်တွင် လေးခန်း တွဲ လေးထပ်တိုက် တစ်လုံးကို ယခု (၂၀၁၇-၁၈) ဘဏ္ဍာနှစ်အ တွင်း အပြီးတည်ဆောက်မည်ဖြစ် သည်။
‘‘မြေနေရာရတဲ့မြို့နယ်တွေ ကို ဦးစားပေး ဆောက်ပေးနေ တယ်။ တချို့မြို့နယ်တွေက မြေ နေရာရှာရခက်တယ်။ ဒါကြောင့် ဝန်ထမ်းအိမ်ရာ ဆောက်ဖို့ကျန် တဲ့ မြို့နယ်တွေလည်း ရှိသေး တယ်။ အခုချိန်ထိ ဝန်ထမ်းတွေ နေထိုင်မယ့် အိမ်တွေ လုံလောက် မှု မရှိသေးဘူး။ ဝန်ထမ်းအိမ်ရာ ငါးလုံးကို ဒီလ (သြဂုတ်) ၁၆ ရက် က စဆောက်နေပြီး ၂၀၁၈ မတ်လကုန်အပြီးဆောက်မယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသင်ဇော်မိုးက ပြောသည်။
ဝန်ထမ်းအိမ်ရာ တစ်လုံး လျှင် နိုင်ငံတော် ဘတ်ဂျက်ငွေ ကျပ်သိန်း ၂,၆၀၀ ရရှိထားပြီး ထိုအိမ်ရာများတွင် နယ်ပြောင်းရွှေ့သည့် ဝန်ထမ်းများကိုသာ ထားရှိသည်။ ဝန်ထမ်းအိမ်ရာတွင် နေထိုင်မည့် ဝန်ထမ်းများသည် အရာ ရှိဖြစ်ပါက တစ်လလျှင် လစာငွေ ၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ပြီး အငယ်တန်းစာရေး ဖြစ်ပါက တစ်လ လျှင် ၃ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း ဦးသင်ဇော်မိုးကဆိုသည်။
ယခင်နှစ်က ဝန်ထမ်းအိမ် ရာများကို မော်လမြိုင်မြို့နယ် တွင် လေးခန်းတွဲ လေးထပ်တိုက် ၂၆ လုံး၊ သထုံမြို့နယ်တွင် လေး ခန်းတွဲ လေးထိပ်တိုက်နှစ်လုံးနှင့် ကျိုက်ထိုမြို့နယ်တွင် လေးခန်း တွဲ လေးထပ်တိုက်နှစ်လုံး တည် ဆောက်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး စာရင်းအရ သိရသည်။
ဝန်ထမ်းအိမ်ရာတွင် နေ ထိုင်မည့် ဝန်ထမ်းများသည် ပြောင်းရွှေ့သွားပါက အခန်းကို ပြန်အပ်ပေးခြင်း၊ ပင်စင်သွားပါ က အခန်းကို ပြန်အပ်ပေးခြင်း၊ ကွယ်လွန်သွားပါက အခန်းပြန် အပ်ပေးခြင်း စသည့် စည်းကမ်း ချက် ၂၆ ချက် ထုတ်ပြန်ထား ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြား ရေးမှူးရုံးမှ သိရသည်။
Ref : 7 Day Daily
Photo Credit : Myanmar Alinn
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties